မဘိမ်းပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့အား ၀တ်စုံပေးအပ်ပွဲ အခမ်းအနားကျင်းပ

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) မဘိမ်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စေတနာရှင်လူငယ်အဖွဲ့ဝတ်စုံပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာလ( ၉)ရက်နေ့က မြိ့နယ်ပါတီရုံးတွင်ကျင်းပပြုလုပ်ရာ  မိုးမိတ်ခရိုင် ပါတီအတွင်းရေးမှူးဦးမြင့်လှိုင် ၊ မြို့နယ်ပါတီဥက္ကဌဦးဇော်လွင် ၊မြို့နယ်ပါတီကော်မတီဝင်များ စေတနာရှင်လူငယ်(၂၆)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

USDP Shan – North


Read more

သီ​ပေါတွင်​ ပြည်​ခိုင်​ဖြိုးပါတီမှ ပ​ဒေသာပင်​ နှင့်​ အချိုရည်​များ လှူဒါန်း.

 

သီ​ပေါမြို့နယ်​လုံးဆိုင်​ရာ ၁၂၂ ကြိမ်​​မြောက်​ သံဃဒါန ဆွမ်း​တော်​ကြီး ​လောင်းလှူပွဲတွင်​ သီ​ပေါမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီဝင်​မိသားစုများက (၆၀၆၀၆၀ိ)ကျပ်​ တန်​ဘိုးရှိ ပ​ဒေသာပင်​နှင့်​ ပွဲ​တော်​လာ ဧည့်​ပရိတ်​သတ်​များအား ပြည်​ခိုင်​ဖြိုးပါတီရုံး​ရှေ့တွင်​ အဟာရဒါနအချိုရည်​များ တိုက်​​ကျွေး ခဲ့ရာသို့ ပါတီဝင်​များ တက်​တက်​ကြွကြွ ပါဝင်​​ဆောင်​ရွက်​ခဲ့ကြပါသည်​ ။

crd;


Read more

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၂/၂၀၁၇ အခမဲ့အခြေခံစက်ချုပ် သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

မဘိမ်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး ကျင်းပသည့်၂/၂၀၁၇ အခမဲ့အခြေခံစက်ချုပ်သင်တန်းဖွင့်ပွဲ အခမ်းအနား ကို အောက်တိုဘာလ ၉ ရက်နေ့က မြို့နယ်ပါတီရုံး တွင် ကျင်းပရာ အခမ်းအနားသို့ မိုးမိတ်ခရိုင်ပါတီအတွင်းရေးမှူးနှင့် ခရိုင်ကော်မတီ ဝင်များ၊ မြို့နယ်ပါတီဥက္ကဌ ဦးဇော်လွင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ စည်းမှူးများ၊ သင်တန်းဆရာမ     ဒေါ်သင်းသင်းလဲ့နှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

Read more

၂ဝ၁၆-၂ဝ၁၇ခုနှစ် စာအောင်သံဃာတော်များကို ဆုချီးမြှင့်ပွဲနှင့် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကျင်းပ

 

ရန်ကုန်တိုင်းဒေသကြီးမင်္ဂလာ တောင်ညွန့်မြို့နယ် ကန်/တောင် ရပ်ကွက် ထီးတန်းဓမ္မာရုံကြီးတွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှဦးဆောင် ၍ ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ၂ဝ၁၆-၂ဝ၁၇ ခုနှစ် စာအောင် သံဃာတော်များအား ဆုချီးမြှင့်ပွဲ နှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် နိုင်ငံ တော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာ တော် ဘဒ္ဒန္တဦးဥက္ကံသထံမှ ငါးပါး သီလခံယူဆောက်တည်ကြသည်။ ၄င်းနောက် မင်္ဂလာတောင်ညွန့်မြို့ နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးဝင်း လှိုင်မှ သာသနာရေးဆိုင်ရာများကို လျှောက်ထားသည်။

Read more

တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ထုလှုပ်ရှားမှုအဖြစ် သန့်ရှင်းရေး ဆောင်ရွက်

 

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီသည် လူငယ်ထု လှုပ်ရှားဆောင်ရွက်မှုအဖြစ် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် တော်လတီဒေသ တော်လတီကျောင်းကြီးကျောင်းဝင်းအတွင်း ဘုရား၊ စေတီ၊ တန်ဆောင်းနတ်လမ်းများအား သန့်ရှင်းရေးများပြုလုပ်ကာ ကုသိုလ်ယူဆောင်ရွက်ကြကြောင်း သိရသည်။

အဆိုပါ လူငယ်ထုလှုပ်ရှားဆောင်ရွက်မှုအား တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်ရေးရာတာဝန်ခံ ကိုဟင်နရီသိန်းနှင့် လူငယ်၊ အမျိုးသမီးအဖွဲ့တို့ကဦးဆောင်ပါဝင်ပြီး ယမန်နေ့ မွန်းလွဲ ၂ နာရီမှ စတင်ကာ မွန်းလွဲ ၃ နာရီခွဲအထိ ကုသိုလ်ယူဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

Read more

လှည်းကူးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လူငယ်များနေ့ဂုဏ်ပြု သန့်ရှင်းရေးလုပ်အားပေး

 

ရန်ကုန်တိုင်းဒေသကြီးလှည်းကူးမြို့နယ်ပြည်ခိုင် ဖြိုးလူငယ်အဖွဲ့သည် ယမန်နေ့နံနက် ၇ နာရီမှ ၁ဝ နာရီအထိ ကမ္ဘာ့လူငယ်များနေ့ကို ဂုဏ်ပြုသည့် လူငယ်လှုပ်ရှားမှုအနေဖြင့် ကျွန်းကုန်းမြသိန်းတန် ဘုရားတွင် မြို့နယ်ပါတီအတွင်းရေးမှူးဦးကျော်စိုးဝင်း ဦးဆောင်၍လူငယ်အင်အား၅ဝဖြင့် ဘုရားပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်အားပေးဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

တင်အောင်(လှည်းကူး)


Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့် ပဲခူးအမျိုးသားတန်းမြင့်ကျောင်းမြတ်ဆရာပူဇော်ပွဲတက်ရောက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ဦးဆောင်ကော်မတီဝင် သူရဦးအေးမြင့်သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ပဲခူးမြို့ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း (အမျိုးသားတန်းမြင့်ကျောင်း) ဝိုင်အမ်ဘီအေခန်းမဆောင်၌ ကျင်းပသော ၁၉၆၁-၁၉၆၂၊ ၁၉၆၂-၁၉၆၃၊ ၁၉၆၃-၁၉၆၄၊ ၁၉၆၄-၁၉၆၅ တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူ ဟောင်းများ၏  နဝမအကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲနှင့် ပြန်လည်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် အားပေးချီးမြှောက်ပူဇော်ပြီး ငယ်စဉ်တောင်ကျေးကျောင်းသားဘဝတုန်းက အမှတ်တရ            အောက်မေ့ဖွယ် စကားများကို ပြောကြားခဲ့သည်။

Read more

ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်တဲ့ ရုံးပတေသီးရဲ့ အကျိုးကျေးဇူးများ

ကင်ဆာ
ရုံးပတေသီးမှာ ကင်ဆာ ရောဂါကို တိုက်ဖျက်နိုင်စွမ်းရှိပါတယ်။ သူ့မှာ Lection (ပရိုတင်းအမျိုးအစား တစ်ခု ဖြစ်ပြီး ဆဲလ်နံရံတွေကို အားကောင်းစေ) ဓာတ်ပါဝင်ပြီး ကင်ဆာဆဲလ်တွေ အထူးသဖြင့် ရင်သားမှာရှိတဲ့ ကင်ဆာဆဲလ်တွေကို သေစေနိုင်ပါတယ်။ရင်သားမှာ ရှိတဲ့ ကင်ဆာဆဲလ်တွေက သက်တမ်းနုသေးတယ်ဆိုရင် ၇၂ ရာခိုင်နှုန်းလောက် သေစေနိုင်ပါတယ်။

Read more

အဆီလောင်ကျွမ်းစေနိုင်တဲ့ ငှက်ပျောသီးဖျော်နည်း

ငှက်ပျောသီး စားခြင်းဟာ ကိုယ်အလေးချိန် ထိန်းနေစဉ်မှာတောင် စားလို့ ရနေတာဟာ ကံကောင်းတယ်လို့ ဆိုရပါမယ်။

ငှက်ပျောသီးဟာ ဗိုက်ပြည့်လွယ်ပြီး အာဟာရလည်း ဖြစ်စေတာ မို့ အစားရှောင်နေတဲ့ ကာလတွေမှာ စားလို့ရတဲ့ အသီးအနှံထဲ ပါဝင်ပါတယ်။ သူ့မှာပါတဲ့ အမျှင်ဓာတ်နဲ့ ပိုတက်စီယမ်ဟာ အကျိုးပြုစေပြီး မကောင်းတဲ့ အဆီတွေကို လောင်ကျွမ်း စေနိုင်ပါတယ်။

Read more

တစ်စက္ကန့်လျှင်တစ်ကျပ်နှုန်းဖြင့် နိုင်ငံတာကာသို့ ဖုန်းခေါ်နိုင်မည့် အစီအစဉ် Ooredoo ပြုလုပ်

 

တစ်စက္ကန့်ကို တစ်ကျပ်နူန်းနဲ့ နိုင်ငံတာကာကို ဖုန်းခေါ်နိုင်မယ့် အစီအစဉ်တစ်ခုကို Ooredoo က ပြုလုပ် လိုက်ပါတယ်။ အဲဒီအစီအစဉ်ကို “ပျော်ရွှင်စရာတနင်္ဂနွေ” လို့ နာမည်ပေးထားပြီး တနဂ်နွေနေ့တိုင်း ခေါ်ဆိုနိုင်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အိန္ဒိယ၊ စင်ကာပူ၊ ကနေဒါ၊ သြစတြေးလျ၊ ဗြိတိသျှ နိုင်ငံနဲ့ အမေရိကန်ပြည်ထောင်စုအစရှိတဲ့ နိုင်ငံတွေကို တိုက်ရိုက်ဖုန်းခေါ်ဆိုခြင်းအတွက် အသုံးပြုနိုင်မယ်လို့ Ooredoo Myanmar ကသတင်း ထုတ်ပြန်ပါတယ်။

Read more