ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုး အများဆုံးသွင်းယူနိုင်သည့် ပီတာခရော့ခ်ျ ၂၀၁၈ ဂင်းနစ်မှတ်တမ်းစာအုပ်၌ ထည့်သွင်းခံရ

စတုတ်စီးတီးအသင်းမှ အင်္ဂလန်တိုက်စစ်မှူးဟောင်း ပီတာခရော့ခ်ျသည် ပရီးမီးယားလိဂ်တွင် ခေါင်းတိုက်ဂိုး အများဆုံး သွင်းယူနိုင်သည့် ကစားသမားအဖြစ် ၂၀၁၈ ဂင်းနစ်မှတ်တမ်း စာအုပ်၌ ထည့်သွင်းဖော်ပြခံ ခဲ့ရကြောင်း သိရှိရသည်။

ပီတာခရော့ခ်ျ(၃၆ နှစ်)သည် ပြီးခဲ့သည့်မေလက ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် (၅၁)ဂိုးမြောက် ခေါင်းတိုက်ဂိုး သွင်းယူခဲ့ပြီးနောက် ကမ္ဘာ့စံချိန်တစ်ရပ်အဖြစ် သတ်မှတ်ခံခဲ့ ရခြင်းဖြစ်သည်။

Read more

တူရကီဗီဇာများကို ရပ်ဆိုင်းရန် အမေရိကန်တို့၏ဆုံးဖြတ်ခြင်းသည် သူ့ကိုဝမ်းနည်းမိစေကြောင်း အာဒိုဂန်ပြောကြား

သံတမန်ဆက်ဆံရေး၌ အငြင်းအခုန်များ ဖြစ်ပွားခဲ့ပြီးနောက်တွင် အမေရိကန်သံရုံးက တူရကီရှိ၎င်းတို့၏ပုံမှန် ဗီဇာဌာနကို ရပ်တန့်ရန်ဆုံးဖြတ်ခဲ့ခြင်းသည် သူ့ကိုဝမ်းနည်းမိစေကြောင်း တူရကီသမ္မတ ရီဆပ်တေယစ်အာဒို ဂန်က တနင်္လာနေ့၌ ပြောကြားခဲ့သည်။

“ဒီဆုံးဖြတ်ချက်ဟာ အလွန်ကိုဝမ်းနည်းမိစေပါတယ်” ဟု အာဒိုဂန်က အမေရိကန်သံရုံး၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုနှင့်အတူ ကိဗ်မြို့၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

Read more

ကယ်လီဖိုးနီးယားတောမီးကြောင့် လူ၁၀ဦးသေဆုံးပြီး ၂သောင်းကျော် ဘေးလွတ်ရာသို့ပြောင်းရွှေ့

ဆန်ဖရန်စ္စကို၊ အမေရိကန်ပြည်ထောင်စု၊ အောက်တိုဘာ ၁၀

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းရှိ ကောင်တီရှစ်ခု၌ တနင်္လာနေ့က တောမီးလောင် ကျွမ်းမှုကြောင့် လူပေါင်း ၂သောင်းကျော်ခန့်ကို ဘေးလွတ်ရာသို့ အရေးပေါ်ပြောင်းရွှေ့ခဲ့ရပြီး ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

ကယ်လီဖိုးနီးယား သစ်တောနှင့်တောမီးကာကွယ်ရေးဌာနက သေဆုံးသူများထဲမှ ၂ဦးမှာ နာပါကောင်တီမှဖြစ်ပြီး ကျန် ၈ဦးမှာ မန်ဒိုစီနိုကောင်တီမှ ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ သည်။

Read more

၂၀၁၇ စီးပွားရေး နိုဘယ်ဆု အမေရိကန်ပညာရှင် ရစ်ချတ်ဒ်သဲလာ ရရှိ

စီးပွားရေးပညာနဲ့ စိတ်ပညာရပ်အကြားက ဟာကွက်ကို ပေါင်းကူးချိတ်ဆက်ပေးဖို့ ကြိုးပမ်းလုပ်ဆောင် ခဲ့မှုကြောင့် အမေရိကန် စီးပွားရေးပညာရှင် ရစ်ချတ်ဒ် သဲလာကို ယခုနှစ်အတွက် စီးပွားရေးဆိုင်ရာ နိုဘယ်လ်ဆုကို ချီးမြှင့်လိုက်ကြောင်း နိုဘယ်လ်ဆုချီးမြှင့်ရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

Read more

ရုရှားကို တုံ့ပြန်ခြင်းအဖြစ် ပင်လယ်နက်တွင် နေတိုးတပ်ဖွဲ့သစ် စတင်ဖွဲ့စည်း

၂၀၁၄ က ခရိုင်းမီး ယားဒေသကို ကရင်မလင်အစိုးရ က ၎င်းတို့ပိုင်နက်ထဲ သွတ်သွင်းပြီးနောက် ပင်လယ်နက် တွင် ကြီးထွားလာသော ရုရှားအင်အား ကန့်သတ်ရန်နှင့် နေတိုးအဖွဲ့၏ အရှေ့ဘက်ခြမ်း တစ်လျှောက် ရုရှားကို တုံ့ပြန်ရေး နောက်ဆုံး ဆောင်ရွက်မှုအဖြစ် နေတိုးအဖွဲ့ က ရိုမေးနီးယားနိုင်ငံတွင် တပ်ပေါင်းစု တပ်ဖွဲ့သစ် ဖွဲ့စည်းပေးခဲ့သည်။

Read more

သေဒဏ်ကျမြန်မာနှစ်ဦးအမှု တရားလိုလျှောက်လဲချက် အောက်တိုဘာ ၂၂ နောက်ဆုံးတင်ရမယ်

တရားလို ထိုင်းရဲတပ်ဖွဲ့က အယူခံလျှောက်လဲချက် တင်ရမှာပါ။ သေဒဏ်ကျခံနေရတဲ့ မြန်မာလုပ်သား နှစ်ဦးအတွက် မြန်မာဘက်က တင်သွင်းထားတဲ့အယူခံကို ချေဖျက်တဲ့ အယူခံလျှောက်လဲချက်ကို တရား လိုဖြစ်တဲ့ ထိုင်းရဲတပ်ဖွဲ့က အောက်တိုဘာ ၂၂ ရက်မှာ နောက်ဆုံးထား တင်သွင်းဖို့ ထိုင်းနိုင်ငံ အယူခံတရားရုံးက သတ်မှတ်လိုက်ပါတယ်။

Read more

ARSA ထပ်မံတိုက်ခိုက်နိုင်တဲ့အပေါ် သတိရှိရှိ ပြင်ဆင်ထားတယ်လို့ ကာကွယ်ရေးဝန်ကြီး ပြော

နေပြည်တော်(အောက်တိုဘာ ၉ရက်၊ ၂၀၁၇ခုနှစ်)။ ။ မြန်မာအစိုးရက အကြမ်းဖက်အဖွဲ့အဖြစ် ကြေငြာထားတဲ့ အာရ်ကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ်(ARSA)လို့ နာမည်ခံယူထားတဲ့ အာဆာအဖွဲ့နဲ့ စေ့စပ်၊ ညှိနှိုင်းဖို့ မရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းက ပြောဆိုလိုက်ပါတယ်။

Read more

NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကျင်းပ

တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့မှ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကို အောက်တိုဘာ ၉ ရက် က စတင်၍ ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ကျင်းပနေသည်။

Read more

မြန်မာ့နိုင်ငံရေး ဦးဆောင်မှုတွင် မျိုးဆက်သစ်များပါဝင်မှု မြှင့်တင်ရေး အလေးပေးဆောင်ရွက်မည်ဟု Generation Wave ထုတ်ပြန်

 

မြန်မာ့နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် မျိုးဆက်သစ်များ၏ ပါဝင်မှုမြှင့်တင်နိုင်ရေး အလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Ge-neration Wave) ၏ ၁၀ နှစ်ပြည့် နိုင်ငံရေး ကြေညာစာတမ်းတွင် ဖော်ပြထားသည်။

Read more

စေတုတ္တရာမြို့နယ် ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနား ကျင်းပ

 

စေတုတ္တရာမြို့နယ် ဖအိုင်းကျေးရွာတွင် ကျင်းပပြုလုပ်သော ၅ ဒိုင်နယ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲနှင့် ဘောလုံးပြိုင်ပွဲဆုချီးမြှင့်ခြင်း အခမ်းအနား သို့ မင်းဘူးခရိုင်ပါတီကော်မတီဝင်များ ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ ဝင်များနှင့်အတူ ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ တက်ရောက်လှူဒါန်း အားပေးချီးမြှင့်ခဲ့ကြပါသည်။

Read more