ရန်ကုန်မြို့တွင် ကျင်းပမည့် MMA ပြိုင်ပွဲ တွဲဆိုင်းများ ထွက်ပေါ်

ရန်ကုန်မြို့၌ ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲကို တွဲဆိုင်း ၁၀ ဆိုင်းဖြင့် ကျင်းပမည် ဖြစ်ပြီး ပြည်တွင်းကစားသမားချင်း ယှဉ်ပြိုင်မည့်ပွဲစဉ်နှစ်ပွဲပါဝင်မည်ဖြစ်သည်။

Read more

ကစားသမားဘဝ ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ် (၁) တင်းနစ်မယ်ဖြစ်လာတဲ့ ဆီမွန်နာ ဟာလက်ပ်

ဆီမွန်နာ ဟာလက်ပ်ဟာ တရုတ်အိုပင်း တင်းနစ်ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီးနောက် သူမဟာ အမျိုးသမီး ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ (WTA)က ထုတ်ပြန်တဲ့ (အမျိုးသမီး) ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာကို ပထမဆုံးအကြိမ်အဖြစ် ရယူသွားခဲ့ပါတယ်။

Read more

ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေဆဲ နဒါးလ်၊ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက် လာတဲ့ ဂေါ်ဖင်

ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP)က ထုတ်ပြန်လိုက်တဲ့ ယခုတပတ်အတွက် အမျိုးသား တစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် စပိန်တင်းနစ်သမား ရာဖေးလ်နဒါးလ်က ကမ္ဘာ့နံပါတ် (၁) နေရာမှာ ဆက်လက်ရပ်တည်နေပြီး ဘယ်လ်ဂျီယံမှ ဒေးဗစ် ဂေါ်ဖင်မှာ ထိပ်ဆုံး (၁၀)ဦး စာရင်းထဲ ဝင်ရောက်လာခဲ့ပါတယ်။

Read more

၁၀ နှစ်ကြာ လေ့လာခဲ့ပြီးနောက် အားကစားဆိုင်ရာဘွဲ့ရ ဘောလုံးကစားသမားတစ်ဦးဖြစ် လီဝန်ဒေါစကီး ရပ်တည်

ဘိုင်ယန်မြူးနစ်အသင်း၏ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဖြစ်သူ လီဝန်ဒေါစကီးသည် ပိုလန်နိုင်ငံ၊ ၀ါဆောမြို့ရှိ ပညာရေးတက္ကသိုလ်တွင် အားကစားနှင့်ပတ်သက်၍ သင်ကြားမှုများ ပြုလုပ်ခဲ့ပြီးနောက် ၁၀နှစ်ကြာ လေ့လာမှုများအပြီး အားကစားဆိုင်ရာ ဘွဲ့ရဘောလုံးက စားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

လီဝန်ဒေါစကီးသည် ဘွဲ့ရရှိရေးအတွက် စာတမ်းတင်သွင်းခဲ့ရာတွင် ၎င်း၏ ကစားသမားဘ၀၏ ဖြစ်ရပ်များအား ရေးသားကာ စာတမ်းတင်သွင်းခဲ့ခြင်းဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းနှင့် ပတ်သက် သည့် သင်ခန်းစာများ၊ နည်းပြနှင့် သက်ဆိုင်သည့် သင်ခန်းစာများ၊ စီမံခန့်ခွဲမှုပိုင်းများနှင့်ပတ်သက်၍ အားကစားရေးဆိုင်ရာ ဘွဲ့အဖြစ် ရရှိခဲ့ ခြင်းလည်းဖြစ်သည်။

Read more

ကယ်လီဖိုးနီးယား မြောက်ပိုင်း မီးလောင်မှုများအတွင်း သေဆုံးသူ ၁၇ ဦးထိ ရှိလာ

ကယ်လီဖိုးနီးယား မြောက်ပိုင်းရှိ ဝိုင်ထုတ်လုပ်ရာ ဒေသတွင် ဖြစ်ပေါ်နေသော မီးလောင်မှုများအတွင်း သေဆုံးသူ အရေအတွက်မှာ ၁၇ ဦးထိ မြင့်တက်လာကြောင်း သိရသည်။

အမေရိကန်၏ အကျော်ကြားဆုံး ဝိုင်အရက် ထုတ်လုပ်ရာ ဒေသများတွင် ယခုသီတင်းပတ် အစောပိုင်း ကတည်းက စတင်၍ မီးလောင်ခဲ့ခြင်း ဖြစ်သည်။ ဆန်တာရိုဆာ၊ ဆိုနိုမာ ခရိုင်များတွင် အရေးပေါ် ရွှေ့ပြောင်း မှုများ ဆောင်ရွက်ပေးနေရပြီး ဆိုနိုမာ၊ နာပါနှင့် မန်ဒိုစီနို ခရိုင်များတွင် ဆိုးဆိုးရွားရွား မီးလောင် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း ဒေသခံ ကယ်ဆယ်ရေး အဖွဲ့များက ဆိုသည်။

Read more

ကက်တလန်သမ္မတ၏ ဆွေးနွေးပွဲ တောင်းဆိုခြင်းကို စပိန်ပယ်ချ

မက်ဒရစ်၊ အောက်တိုဘာ ၁၁

ကာတာလိုနီးယား ပြည်သူတို့၏ အောက်တိုဘာ ၁ ရက်က စပိန်မှ လွတ်လပ်ရေးခွဲထွက်သည့်  ပြည်လုံးကျွတ် ဆန္ဒခံယူပွဲကို ဥပဒေနှင့် အညီပြုခြင်းအား စပိန်အစိုးရအနေဖြင့် လက်ခံမည် မဟုတ်သကဲ့သို့ လွတ်လပ်ရေး ခွဲထွက်မှု အများစုမဲပေးသော အရှေ့မြောက်ပိုင်းဒေသ ကက်တလန် လွှတ်တော်၏ မည်သည့်အဆိုကိုမျှ နားလည်လက်ခံပေးမည် မဟုတ်ကြောင်း စပိန်ဒုတိယဝန်ကြီးချုပ်က အောက်တိုဘာ ၁၀ ရက်တွင် ထပ်လောင်း ပြောဆိုသည်။

Read more

၂၀၁၈ နိုဝင်ဘာမှာ ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းဝန်ကြီးချုပ် ပြော

လာမယ့် ၂၀၁၈ နိုဝင်ဘာလကျရင် နိုင်ငံမှာ ရွေးကောက်ပွဲ ကျင်းပပေးသွားမယ်ဆိုပြီး လက်ရှိထိုင်းအစိုးရ ခေါင်းဆောင် ပရာယွတ် ချန်အိုချာက အောက်တိုဘာ ၁၀ ရက်မှာ ပြောဆိုသွားပါတယ်။ ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ၂၀၁၄ မေလတုန်းကပဲ စစ်တပ်က အာဏာသိမ်းပြီးတော့ နိုင်ငံကို တာဝန်ယူထားခဲ့တာ ဖြစ်ပါတယ်။

Read more

ဥရောပကောင်စီညီလာခံမှာ မြန်မာ့အရေး ဆွေးနွေးဖို့ တိုက်တွန်းချက် ပယ်ချခံရ

ဥရောပကောင်စီ ပါလီမန်ညီလာခံ PACE မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အရေးပေါ်ဆွေးနွေးပွဲတစ်ခု ကျင်းပဖို့ တူရကီတို့ အဆိုပြုခဲ့ပေမယ့် ယမန်နေ့က ပယ်ချခံလိုက်ရတယ်လို့ သိရပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ ဆွေးနွေးဖို့ တူရကီကိုယ်စားလှယ်အဖွဲ့က တင်ပြလာတဲ့ ယင်းအဆိုပြုချက်ကိုတော့ ညီလာခံဗျူရိုက ပယ်ချ ခဲ့တာဖြစ်ကြောင်း စထရာဘော့ဂ်မြို့မှာ ပြုလုပ်တဲ့ ညီလာခံဖွင့်ပွဲအခမ်းအနားမှာ PACE ရဲ့ ခေတ္တဥက္ကဌ Roger Gale က ပြောပါတယ်။

Read more

လျှို့ဝှက်သတင်းတွေကို မြောက်ကိုရီးယား ထွင်းဖောက် ရယူခဲ့

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးဗျူဟာတွေကို ဖော်ပြနေတဲ့ စာရွက်စာတမ်းတွေကို ကွန်ပြူတာ စနစ်ကို ထွင်းဖောက်ပြီး မြောက်ကိုရီးယားဘက်က ခိုးယူခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

ကင်မ်ဂျုံအွန်းကို လုပ်ကြံမယ့် အစီအစဉ်လည်း ပေါက်ကြား

ကိုရီးယားကျွန်းဆွယ်မှာစစ်ပွဲပေါ်ပေါက်လာရင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ ဗျူဟာတွေကို မြောက်ကိုရီးယား ဟက်ကာတွေက ဆိုင်ဘာ တိုက်ခိုက်မှုပြုလုပ်ပြီး ရယူခဲ့တယ်လို့ ဆိုပါတယ်။

Read more

NCA ၂ နှစ်ပြည့်တွင် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် KNU ဥက္ကဋ္ဌတို့ မိန့်ခွန်း ပြောမည်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘာတူ စာချုပ်(NCA) ၂ နှစ်ပြည့်အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်၌ ကျင်းပမည် ဖြစ်ရာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့ မိန့်ခွန်းပြော မည်ဖြစ်သည်။

Read more