စင်ကာပူနိုင်ငံရဲ့ သေဒဏ်အမိန့်ပြင်ဆင်မှု ဝေဖန်ခံရ

စင်ကာပူနိုင်ငံက သေဒဏ်မိန့်ချမှတ်တဲ့စနစ်ကို ပြင်လိုက်တယ်ဆိုပေမဲ့ ခြောက်ပစ်ကင်း သဲလည်းစင်မဟုတ်ဘဲ အသေးစားမူးယစ်ဆေးဝါးမှု ကျူးလွန်သူတချို့ကို သက်ညှာခွင့်မပေးဘဲ ကြိုးတိုက်တွေကို ပို့နေတယ်လို့ AI- နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဒီနေ့ ပြောကြားလိုက်ပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေက နှစ်ပေါင်းများစွာ ဝေဖန်လာပြီးတဲ့နောက် မူးယစ်ဆေးမှောင်ခိုမှုတချို့နဲ့ လူသတ်မှု တွေကို သေဒဏ်မပေးမနေရ သတ်မှတ်ထားတဲ့ စံကို စင်ကာပူနိုင်ငံက ၂၀၁၃ မှာ လျှော့ပေါ့ပြင်ဆင် လိုက်ပါတယ်။ ဒီအတွက် တချို့အမှုတွေမှာ တရားသူကြီးတွေက သေဒဏ်အစား တသက်တကျွန်းကျခံမိန့် ချမှတ်နိုင်ခွင့် ရှိသွားပါတယ်။

Read more

ကိုရီးယားကျွန်းဆွယ်မှာ ကန် ပူးတွဲစစ်ရေးလေ့ကျင့်

မြောက်ကိုရီးယားအပေါ် စစ်ရေးအရ အရေးယူကောင်းယူဖို့ စဉ်းစားထားကြောင်း အမေရိကန်သမ္မတ Donald Trump က ပြောနေချိန်မှာပဲ၊ အင်အားပြတဲ့အနေနဲ့ အမေရိကန်က ကိုရီးယားကျွန်းဆွယ်မှာ မနေ့တုန်းက ပူးတွဲစစ်ရေးလေ့ကျင့်ခဲ့ပါတယ်။

ကန် နှင့် ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်

Read more

သမ္မတဦးထင်ကျော်ထံ မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြ နိုင်ငံသံအမတ်ကြီး ခန့်အပ်လွှာပေးအပ်

မြန်မာနှင့် ဗာတီကန်မြို့ ပြနိုင်ငံကြား သံတမန် အဆက်အသွယ်စတင်ပြီး အောက်တိုဘာ ၁၁ ရက်က မြန်မာနိုင်ငံဆိုင်ရာ ဗာတီကန်မြို့ပြနိုင်ငံ သံအမတ် ကြီးအဖြစ် ခန့်အပ်ခံရသည့် မစ္စတာပေါလ်ချန်အင်နမ်က သမ္မတဦးထင်ကျော်ထံ သံအမတ် ခန့်အပ်လွှာကို ပေးအပ်ခဲ့သည်။

မြန်မာနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် မလာရောက်မီ ၄၅ ရက်အလိုတွင် ဗာတီကန်မြို့ပြနိုင်ငံ သံအမတ်ကြီးအဖြစ်ခန့်အပ်လွှာပေးအပ်ခြင်းဖြစ်ပြီး ပုပ်ရဟန်းမင်းကြီးသည် နိုဝင်ဘာ ၂၅ ရက်၌ မြန်မာနိုင်ငံသို့ ပထမဆုံးအဖြစ်လာရောက်လည်ပတ်ရန်  စီစဉ်နေသည်။

Read more

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး ပုဂံမြို့ဟောင်းတွင် သတင်းအချက်အလက်နှင့် သင်တန်းစင်တာ ဖွင့်လှစ်

ခရီးသွားလုပ်ငန်းဖွံ့ဖြိုး ရေးအတွက် သတင်းအချက်အ လက်များ မျှဝေနိုင်ရန်နှင့် လူ့ စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးအတွက်   သင်တန်းများ ပို့ချနိုင်ရန် သတင်းအချက်အလက်နှင့် သင်တန်းစင်တာ (BITC) ကို အောက်တိုဘာ ပထမပတ်က စတင်ကာ ပုဂံမြို့ဟောင်းတွင် ဖွင့် လှစ်ထားကြောင်း ဟိုတယ်နှင့်ခရီး သွားလာ ရေး ညွှန်ကြားမှု ဦးစီးဌာ န အထက်မြန်မာပြည်ရုံးခွဲ တာဝန် ခံ ဦးအောင်အေးဟန်က ပြော သည်။

Read more

အကြမ်းဖက်တိုက်ခိုက်ခံရသူများကို ကူညီရန် ရခိုင်မြောက်ပိုင်းသို့ UNA ယနေ့သွားမည်

အကြမ်းဖက်တိုက် ခိုက်ခံရသော တိုင်းရင်းသားမျိုးနွယ်စုများကို အားပေးကူညီရန် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကိုယ်စားလှယ်များက ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြို့နယ် အချို့သို့ အောက်တိုဘာ ၁၂ ရက် (ယနေ့) သွားရောက်မည် ဖြစ်သည်။ တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ခုဖြင့် ဖွဲ့စည်းထားသည့် UNA၏ သုံးရက်ခန့်ကြာမည့် အဆိုပါ ခရီးစဉ်သည် အကြမ်းဖက်တိုက် ခိုက်ခံရမှုကြောင့် အခက်အခဲရှိသများထံ သွားရောက်အားပေးသည့် ပထမဆုံးခရီးစဉ် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူများက ဆိုသည်။

Read more

NCA စာချုပ်သုံးသပ်မှု ပူးတွဲကြေညာချက်ကို ပထမဆုံးအကြိမ် ထုတ်ပြန်မည်

 

NCA အရ ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရာတွင် ကြုံတွေ့ခဲ့ရသော အားသာချက်၊ အားနည်းချက် သုံးသပ်မှုများကို အစိုးရနှင့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များက ပထမအကြိမ် ပူးတွဲကြေညာချက် ထုတ်ပြန်မည်ဖြစ်ကြောင်း နှစ်ဖက်ပြော ရေးဆိုခွင့်ရှိသူများက ပြောသည်။

အစိုးရနှင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ်(NCA)လက်မှတ်ထိုး ထားသည့် တိုင်းရင်းသားလက် နက်ကိုင်ရှစ်ဖွဲ့၏ ငြိမ်းချမ်းရေး ဆိုင်ရာ ပူးတွဲကြေညာချက်ကို အောက်တိုဘာ ၁၅ ရက်တွင် ကျ ရောက်သည့် NCA (၂) နှစ်ပြည့် နှစ်ပတ်လည်နေ့၌ ထုတ်ပြန်မည် ဖြစ်သည်။

Read more

ကြက်သွန်ဖြူ မီးကင်ပြီးစားသုံးပေးခြင်းရဲ့ အကျိုးကျေးဇူးများ

ကြက်သွန်ဖြူဟာ ကျန်းမာရေးနဲ့ညီညွှတ်တဲ့အစားအစာတစ်ခုပါ။ ကြက်သွန်ဖြူမှာပါဝင်တဲ့ သဘာဝ ဂုဏ်သတ္တိ တွေဟာ ရောဂါများစွာကို ကုသပေးနိုင်ပြီး ဆေးဝါးအဖြစ်လည်း ကမ္ဘာပေါ် မှာ ကျယ်ကျယပြန့်ပြန့်အသုံးပြု နေကြပါတယ်။

ကိုလက်စထရောပမာဧကို လျှော့ချပေးပါတယ်။ မီးဖုတ်ထားတဲ့ (သို့) မီးကင်ထားတဲ့ ကြက်သွန်ဖြူ ၆ မွှာကို နေ့စဉ်စားသုံးပေးတာဟာ ကျန်းမာရေးကို များစွာအထောက်အကူ ပြုနေပါတယ်။

Read more

ပန်းသီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူး

ပန်းသီးဖျော်ရည်၏ ကျန်းမာရေး အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၁။ နှလုံးနှင့် ဆက်စပ်ရောဂါ လျော့ချပေးခြင်း။

၂။ အူလမ်းကြောင်း ရှင်းလင်းပေးခြင်းနှင့် အစာခြေဖျက်အား ကောင်းမွန်စေခြင်း။

၃။ အဆီပိုများ ဖယ်ရှားပေးခြင်း။ (ဝိတ်ကျလိုသူများ သောက်သုံးသင့်ခြင်း)

၎။ ကောင်းမွန်သော အာဟာရဓာတ် အရင်းအမြစ်တစ်ခု ဖြစ်ခြင်း။

Read more

5G စမ်းသပ်ရန်အတွက် အိန္ဒိယဆက်သွယ်ရေး ကုမ္ပဏီများနှင့် ZTE ပူးပေါင်း

ZTE ဟာ 5G နည်းပညာကို အိန္ဒိယမှာ လက်တွေ့စမ်းသပ်ရန်အတွက် စတင်လုပ်ဆောင်ခဲ့တယ်လို့ Economic Times က ဖော်ပြခဲ့ပါတယ်။

အဲ့ဒီအတွက် တရုတ်ဆက်သွယ်ရေး ပစ္စည်းများနှင့် စမတ်ဖုန်းထုတ်လုပ်သူ ZTE က အိန္ဒိယရဲ့ ထိပ်တန်းဆက်သွယ်ရေးကုမ္ပဏီတွေဖြစ်တဲ့ Bharti Airtel, Vodafone India, Reliance Jio တို့နဲ့ လက်တွဲလုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

Read more

၂၀၁၈ စမတ်ဖုန်း ၇၀ ရာခိုင်နှုန်းကျော်တွင် fingerprint sensor များ ပါဝင်လာမည်

လာမယ့်နှစ်မှာ တင်ပို့ရောင်းချမယ့် စမတ်ဖုန်းအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော်မှာ fingerprint sensor တွေ ပါဝင်လာမယ်လို့ Counterpoint Research က ထုတ်ပြန်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ တင်ပို့ရောင်းချမယ့် စမတ်ဖုန်းအလုံးရေ ၁ ဘီလီယံကျော်ရှိမယ်လို့ သိရပါတယ်။

Read more