ပြည်ထောင်စုနယ်မြေ လူငယ်တာဝန်ခံများနှင့် တွေ့ဆုံဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၁၆

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပြည်ထောင်စုနယ်မြေ နေပြည်တော်ခရိုင်ရှိ မြို့နယ်ရှစ်မြို့နယ် လူငယ်တာဝန်ခံများနှင့် ပြည်ထောင်စုနယ်မြေပါတီ အတွင်းရေးမှူး ဦးဌေးဝင်း၊ ပါတီဌာနချုပ် လူငယ်ရေးရာဌာနဌာနမှူး ဦးတင့်ဇော်၊ နေပြည်တော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးအောင်နိုင်ဦးနှင့် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးပွဲကို ယခုလ ၁၃ ရက် နံနက် ၁ဝ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌကြီး ရပ်စောက်မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် မြို့နယ်ကော်မတီဝင်များ ရပ်မိရပ်ဖများ ဒေသခံပြည်သူများနှင့် ဆွေ့ဆုံပွဲအခမ်းအနားကို ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ပြည်ခိုင်ဖြိုးရုံး အစည်းအဝေးခန်းမတွင် ယနေ့ အောက်တိုဘာ ၁၇ ရက်နေ့ နံနက် ၁၁ နာရီအချိန်တွင် ကျင်းပပါသည်။

Read more

တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အန္တိမဈာပနပွဲတွင် ပါဝင်ဖူးမျှော်ခြင်းဖြင့် စတုဒီသာ ကုသိုလ်ပြုခဲ့

(၁၅-၁၀-၂၀၁၇)ရက်နေ့၊ နံနက်(၇း၃၀) တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ ဘဏ္ဍာရေးမှူး ဦးဝေယံဦး၊ ခရိုင်ကော်မတီဝင် ဦးစိုင်းလုံထီ၊ ဒေါ်နန်းဝိုးလှိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းရွှေထွန်း၊ မြို့နယ်ကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးစိုးကျော်အောင်၊

Read more

အိုမီဂါ-၆ က အမျိုးအစား-၂ ဆီးချိုရောဂါကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်

ကျန်းမာရေးနှင့်ညီသော အဆီဓာတ်တစ်မျိုးဖြစ်သည့် အိုမီဂါ- ၆ အက်စစ်များ ကြွယ်ဝစွာပါဝင်သော အစားအစာများ စားခြင်းဖြင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်သည့် အန္တရာယ်ကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

လေ့လာမှုပေါင်း ၂၀ မှ အရွယ်ရောက်ပြီးသူ ၄၀,၀၀၀ ခန့်ကို လေ့လာရာတွင် သွေးထဲရှိ အိုမီဂါ-၆ အက်စစ် မြင့်မားစွာပါဝင်သူများသည် ယင်းအက်စစ်ဓာတ်နည်းသူများထက် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်ပွားနိုင်ခြေ ပိုနည်းပါးကြောင်း လေ့လာတွေ့ရှိခဲ့သည်။

Read more

Taylor Swift ၏ ပရိသတ်များအတွက် Social Network အသစ် The Swift Life

Social Media တစ်ခုတည်းတွင် သင်နှင့်အတွေးတူ၊ အကြိုက်တူသူများ စုဝေးနေပြီး မျှဝေနိုင်မည့်နေရာတစ်ခုကို Taylor Swift ၏ပရိသတ်များအဖို့ စတင်စိတ်ကူးယဉ်နိုင်ပြီဖြစ်သည်။ Taylor Swift သည် သူမ၏ Social Media ကို စတင်ထုတ်လွှင့်ခဲ့ပြီဖြစ်ကာ The Swift Life ဟု အမည်ပေးထားကြောင်း သိရပြီး Glu နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

Read more

၂၄ နာရီကြာ ဂိမ်းကစားပြီးနောက် မျက်စိတစ်ဖက်ကွယ်သွားတဲ့ တရုတ်အမျိုးသမီး

အသက် ၂၁ နှစ်အရွယ်ရှိတဲ့ တရုတ်အမျိုးသမီးတစ်ဦးဟာ စမတ်ဖုန်းနဲ့မိုဘိုင်းဂိမ်းတွေကို ၂၄ နာရီတိုင်တိုင် မျက်စိနဲ့မခွာတမ်း ကစားပြီးတဲ့အခါမှာ အမြင်အာရုံတစ်စိတ်တစ်ပိုင်း ပျက်စီးသွားခဲ့ပါတယ်။

ဝူရှောင်ကျင်းဆိုတဲ့အမျိုးသမီးဟာ Honour of Kings အွန်လိုင်းဂိမ်းကို ကစားနေချိန်မှာ ညာဘက်မျက်လုံးရဲ့ အမြင်အာရုံ ပျောက်ဆုံးခဲ့ရပါတယ်။

Read more

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီ ကြိုးဝိုင်းထဲ ပြန်လာတော့မည်

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း တိုင်ဆန်ဖျူရီဟာ လာမယ့် ၂၀၁၈ ခုနှစ်အတွင်းမှာ ကြိုးဝိုင်းအတွင်းကို ပြန်လာတော့မယ်လို့ သိရပါတယ်။

တိုင်ဆန်ဖျူရီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်အတွင်းက ဝလာဒီမာ ကလစ်ရှ်ကို နဲ့ ထိုးသတ်ခဲ့ပြီးတဲ့ ပြိုင်ပွဲပြီးဆုံးချိန် ကတည်းက အနားယူနေခဲ့တာဖြစ်ပြီးတော့ လာမယ့်နှစ်မှာ ပြန်လည် ထိုးသတ်တော့မှာ ဖြစ်ပါတယ်။

Read more

ဘောလုံးကာကွယ်ရင်း အသက်ပေးခဲ့ရတဲ့ အင်ဒိုနီးရှား ဂိုးသမား

အင်ဒိုနီးရှားမှ နာမည်ကျော်ကလပ်အသင်းတစ်သင်းဖြစ်သည့် ပါဆယ်လာအသင်း ၏ ဂိုးသမား ချိုင်ရယ်ဟူဒါ (၃၈နှစ်)သည် ဆီမန် ပန်ဒေါင်းနှင့်ကစားခဲ့သော ပြည်တွင်းလိဂ်ပွဲတွင် ၎င်း၏ အသင်းဖော်နှင့် ထိခိုက်မိရာမှ ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံ၌ သေဆုံးခဲ့ကြောင်းသိရ သည်။

အဆိုပါပွဲတွင် ပထမပိုင်း(၄၄)မိနစ်၌ ဆီမန်ပန်ဒေါင်းအသင်း တိုက်စစ်ဆင်လာစဉ် ချိုင်ရယ်ဟူဒါမှာ ဂိုးမပေးရအောင် တားဆီးရာမှ အသင်းဖော်နောက်ခံလူ ရာမွန်ရိုဒရီဂွက်ဇ်နှင့် ထိခိုက်မိခဲ့ပြီး ဦးခေါင်းနှင့် လည်ပင်း၌ ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

Read more

ဖက်ဒဲရာနှင့် ရှာရာပိုဗာ ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် အသီးသီးဗိုလ်စွဲ

ဝင်ဘယ်ဒန်ချန်ပီယံ ရော်ဂျာဖက်ဒဲရာက ကမ္ဘာ့နံပါတ် (၁) ရာဖေးလ်နာဒယ်ကို ရှန်ဟိုင်းမာစတာပြိုင်ပွဲတွင် အနိုင်ရပြီး၂၀၁၇ အတွင်း ခြောက်ကြိမ်မြောက်ဖလားဆွတ်ခူးသွားသည်။

၂၀၁၇ အတွင်း လေးပွဲသာ ရှုံးနိမ့်ထားသော ဆွစ်ဇာလန်ဂန္ထ၀င် ဖက်ဒဲရာသည် နာဒယ်ကို ၆-၄၊ ၆-၃ ဖြင့် ၇၂ မိနစ်အတွင်း အနိုင်ရခဲ့ပြီး ၎င်း၏ ပါရမီစွမ်းရည် ပြသခဲ့သည်။ ယင်းမှာ နာဒယ်ကို ငါးကြိမ်ဆက် အနိုင်ရရှိခြင်း ဖြစ်သည်။

Read more