မော်လ်တာအစိုးရကို ဝေဖန်နေသည့် နာမည်ကျော် Bloggerတစ်ဦး ကားဗုံးခွဲ လုပ်ကြံခံရ
မော်လ်တာ အစိုးရကို အတိုက်အခံပြု ဝေဖန်နေသည့် နာမည်ကျော် Blogger တစ်ဦးမှာ ကားဗုံးပေါက်ကွဲမှုအတွင်း သေဆုံးသွားကြောင်း သိရသည်။


အသက် ၅၃ နှစ်ရှိ ဒက်ဖ်နီ ကာရူအာနာ ဂါလီဇီယာသည် မော်လ်တာ အစိုးရ အဖွဲ့အတွင်း အဂတိ လိုက်စားမှုများနှင့် ပတ်သက်၍ ထိထိရောက်ရောက် ဖော်ထုတ် ရေးသားမှုများကြောင့် လူသိများသူ တစ်ဦး ဖြစ်သည်။ အောက်တိုဘာ ၁၆ ရက်ကမူ သူမသည် ဘစ်ဒ်နီဂျာရှိ သူမ၏ နေအိမ်မှ ကားဖြင့် အထွက်တွင် ပေါက်ကွဲမှု ဖြစ်ပွားပြီး သေဆုံးသွားခဲ့သည်။
Read more





