နိုင်ငံရေးပါတီတွေရဲ့ ထုတ်ပြန်ကြေညာချက်တွေ ရွေးကောက်ပွဲကော်မရှင်ထံ တင်ပြရမည်

 

နိုင်ငံရေး ပါတီတွေရဲ့ သဘောထား ထုတ်ပြန်ချက်၊ ကြေညာချက်မိတ္တူတွေကို ပြည်ထောင်စု ရွေးကောက် ပွဲကော်မရှင်ထံ ပေးပို့ဖို့ ညွှန်ကြားထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးလှသိန်းက ပြောပါတယ်။ ထုတ်ပြန်ကြေညာချက်တွေမှာ အခြားအဖွဲ့အစည်းတွေကို အထောက်အထားမဲ့ ပြောဆိုတာတွေရှိရင် အရေးယူသွားမှာဖြစ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။

Read more

မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လှည့်ကင်းဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရဟုဆို

 

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် လှည့်ကင်းဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို အမည်မသိ လူအချို့က  သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ပြော သည်။ နိုဝင်ဘာ ၅ ရက်ညနေက လုံခြုံရေးတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် နယ်စပ်ဘက်မှ ပစ်ခတ် ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Read more

ကမ်းခြေများတွင် တယ်လီနောမှ 4G/LTE ဝန်ဆောင်မှုပေး

 

 

မြန်မာနိုင်ငံတွင်း ထင်ရှားတဲ့ကမ်းခြေတွေမှာ တယ်လီနေကနေ 4G/LTE ၀န်ဆောင်မှုကို တိုးချဲ့ပေးအပ်နေပြီ လို့သိရပါတယ်။ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငွေဆောင်နှင့်ချောင်းသာ ကမ်းခြေ၊ ရခိုင်ပြည်နယ်ရှိ ငပလီ ကမ်းခြေတွေမှာ ယခု သီတင်းပတ်မှစတင်ကာ တယ်လီနောရဲ့ 4G/LTE ဝန်ဆောင်မှုတွေ ရရှိနေတာာ ဖြစ်တယ်လို့ သိရပါတယ်။

Read more

မောင်တောဒေသကွင်းဆင်းကူညီရန် စေတနာ့ဝန်ထမ်း လူငယ်၄၀ဦးကို ယခုလအတွင်းစေလွှတ်မည်

 

မောင်တောဒေသကျေးရွာများသို့ ကွင်းဆင်း၍ လုပ်အားပေးရန် စေတနာ့ဝန်ထမ်းလူငယ် ၄၀ ဦးပါဝင်သည့် အဖွဲ့ကို ယခုလအတွင်း ရခိုင်ပြည်နယ်သို့ ပထမဆုံးစေလွှတ်မည်ဟု လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေး မှူးချုပ်ဦးအောင်ကျော်မိုးကပြောသည်။ မောင်တောဒေသသို့ စေတ နာ့ဝန်ထမ်းလူငယ်များ စေလွှတ်ရန် လူငယ်ပထမအဖွဲ့ကိုရန်ကုန် မြို့၌ နိုဝင်ဘာ ၆ ရက်၊ ၇ ရက် တွင် သင်တန်းပို့ချကာ နိုဝင်ဘာ ၉ ရက်တွင် ရခိုင်ပြည်နယ်စစ်တွေသို့ သွားရောက်မည်ဖြစ်သည်။ ထိုမှတစ်ဆင့် နိုဝင်ဘာ ၁၃ ရက်မှ ၂၁ ရက်အထိ မောင်တောဒေသရှိ ကျေးရွာများသို့ ကွင်းဆင်း၍ အကူအညီပေးရေးလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ် သည်။

Read more

NCA လက်မှတ်ထိုး ရှစ်ဖွဲ့ခေါင်းဆောင်များ အစည်းအဝေး ချင်းမိုင်မြို့၌ နှစ်ရက်ကြာ ပြုလုပ်မည်

 

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်ရှစ်ဖွဲ့ ထိပ်သီးခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေး ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ နိုဝင်ဘာ ၁၄ ရက်ကစ၍ နှစ်ရက်ကြာ ပြုလုပ်မည်ဟု PPST အဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

Read more

ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ဇနီး ဒေါ်စိုးဝတ်ရည်နှင့်အဖွဲ့ဝင်များ ဇွဲကပင်တောင်ဆရာတော်ဘုရားကြီးနှင့် တောင်ကလေးဆရာတော်ဘုရားအား သွားရောက်ဖူးမျှော်ကြည်ညို

ဘားအံ နိုဝင်ဘာ ၅

Read more

မြောက်ကိုရီးယားတွင် နျူကလီယားအလုပ်ရုံမြေအောက်ဥမင် ပြိုကျမှု သေဆုံးသူ ၂၀၀ အထိရှိနိုင်

မြောက်ကိုရီးယားမှာ နျူကလီးယားလုပ်ငန်းခွင်တစ်ခုအတွင်း မြေအောက်ဥမင်လှိုဏ်ခေါင်း ပြိုကျတဲ့အတွက် လူပေါင်း ၂၀၀ ကျော်လောက် သေဆုံးနိုင်တယ်လို့ သိရပါတယ်။

ဂျပန်သတင်းတစ်ရပ်အဆိုအရ ပြိုကျသွားတဲ့ ဥမင်ဟာ ပြန်လည်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ လုပ်နေတဲ့ ဥမင်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက နျူကလီယား လုပ်ငန်းခွင်အတွင်း ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ဆိုးဟာ အောက်တိုဘာ ၁၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

Read more

စစ်မဲ့ဇုန်သို့ ထရမ့်သွားရောက်မည် မဟုတ်ကြောင်း အိမ်ဖြူတော်ထုတ်ပြန်

ဝါရှင်တန်၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဒေါ်နယ်ထရမ့်သည် ၎င်း၏ လာမည့် အာရှခရီးစဉ်အတွင်း အချိန်ကျပ်တည်းမှုကြောင့် မြောက်ကိုရီးယားနိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံအကြား ပိုင်းခြားထားသော စစ်မဲ့ဇုန် (DMZ) သို့ သွားရောက် လည်ပတ်မည်မဟုတ်ကြောင်း အိမ်ဖြူတော်က အောက်တိုဘာ ၃၁ ရက်တွင် ပြောကြားခဲ့သည်။

Read more

ဆီးရီးယားညီလာခံကျင်းပဖို့ အစီအစဉ်များချမှတ်ရန် ရုရှား၊တူရကီနှင့် အီရန်တို့သဘောတူ

အက်စ်တာနာ၊ ကာဇတ်စတန်၊ နိုဝင်ဘာ ၁

ရုရှား၊ တူရကီနှင့် အီရန်တို့သည် ကာဇတ်စတန်၌ကျင်းပခဲ့သော ထိပ်သီးစည်းဝေးပွဲ၌ ငြိမ်းချမ်းရေးကြိုးပမ်းချက်များကို အားပေးသည့်အနေဖြင့် ဆီးရီးယားအစိုးရနှင့် ၄င်း၏ အတိုက်အခံများကြားတွင် ညီလာခံတစ်ရပ်ကျင်းပ နိုင်အောင် လုပ်ဆောင်ပေးရန် အင်္ဂါနေ့က ကတိပြုခဲ့ကြသည်။

Read more

လုံခြုံရေးထူထဲစွာချထားသည့်ကြားက ကာဘူးလ်မြို့ သံတမန်ရပ်ကွက်တစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုဖြစ်ပြီး ငါးဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်ရှိ လုံခြုံရေးထူထဲစွာ ချထားသည့် သံတမန်ရပ်ကွက်တစ်ခု၌ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်က အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခု   ဖြစ်ပွားသွားခဲ့ရာ အနည်းဆုံး လူငါးဦး သေဆုံးပြီး ဒါဇင်နဲ့ ချီ ဒဏ်ရာရရှိသွားတယ်လို့ တာဝန်ရှိသူများက ပြောသည်။

ယခု တိုက်ခိုက်မှုဖြစ်စဉ်ကို ကြည့်ခြင်းအားဖြင့် အရေးကြီးသည့်နေရာများကို လုံခြုံရေးတင်းကျပ်ဆောင်ရွက် ထားသော်ငြားလည်း တိုက်ခိုက်မှုများကို တားဆီးကာကွယ်နိုင်သေးခြင်း မရှိသေးသည်ကို ပြသနေလျက်ရှိ ကြောင်းလည်း သိရသည်။

Read more