ယီမင်နယ်စပ်အနီး ရဟတ်ယာဉ်ပျက်ကျပြီး ဆော်ဒီမင်းသား သေဆုံး

နိုဝင်ဘာ ၆

ယီမင်နိုင်ငံ နယ်စပ်အနီး ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး ဆော်ဒီမင်းသားတစ်ပါးဖြစ်တဲ့ မန်ဆိုအာ ဘင် မော်ကရင် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်သံက ကြေညာပါတယ်။

အာဆာပြည်နယ်ရဲ့ လက်ထောက်အုပ်ချုပ်ရေးမှူးဖြစ်သလို ယခင် အိမ်ရှေ့စံမင်သားတစ်ပါးရဲ့ သားတစ်ဦး လည်း ဖြစ်တဲ့ မင်းသား မန်ဆိုအာဟာ အလုပ်ကိစ္စတစ်ခုလုပ်ဆောင်ဖို့ တစ်ခြားအရာရှိတွေလိုက်ပါပြီး ရဟတ်ယာဉ်နဲ့ ထွက်ခွာသွားခဲ့ရင်း ယီမင်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ နိုင်ငံတောင်ပိုင်းမှာ ပျက်ကျသေဆုံး သွားခဲ့တာဖြစ်တယ်လို့ နိုင်ငံပိုင်ရုပ်သံ အယ်လ် အက်ဘာရီယာက ကြေညာပါတယ်။

Read more

WLC-3 ပြိုင်ပွဲတွင် တူးတူးက ဘာဒါတိုကို အမှတ်ဖြင့် အနိုင်ယူပြီး ရွှေခါးပတ်ချန်ပီယံ ဆွတ်ခူး

တူးတူးနှင့် သြစတြေးလျလက်ဝှေ့သမား ဘာဒါတို ယှဉ်ပြိုင်ထိုးသတ်နေစဉ် (ဓာတ်ပုံ − WLC)

ကမ္ဘာ့ချန်ပီယံရှစ် မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ (WLC-3) မစ်ဒယ်ဝိတ်တန်း ချန်ပီယံလုပွဲ တွင် မြန်မာ့ လက်ဝှေ့ကျော် တူးတူးက သြစတြေးလျနိုင်ငံသား ဘာဒါတိုကို အမှတ်ဖြင့် အနိုင်ရကာ ရွှေခါးပတ်ချန်ပီယံ ရယူခဲ့ သည်။

Read more

ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံးအာရှကစားသမားဖြစ်လာတဲ့ ဆွန်ဟောင်မင်

စပါးတိုက်စစ်ကစားသမားဆွန်ဟာင်မင်ဟာ ပဲလေ့စ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအတွက်တစ်လုံးတည်းသော အနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဂိုးသွင်းအများဆုံး အာရှကစား သမားအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ဒီဂိုးဟာ စပါးအတွက် ဆွန်ဟောင်မင်ရဲ့ လိဂ်ဂိုး (၂၀) မြောက်ဂိုးဖြစ်ပြီး ယခင်က (၁၉)ဂိုးနဲ့စံချိန်တင်ခဲ့တဲ့ မန်ယူ ကွင်းလယ် ကစားသမားဟောင်း ပတ်ဂျီဆန်ရဲ့စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဆွန်ဟောင်မင်က “ အလွန်ပဲ အရေးပါတဲ့ နိုင်ပွဲဖြစ်ခဲ့ပါတယ်။ စံချိန်ချိုးနိုင်ခဲ့တဲ့အတွက်လည်း အလွန်ပျော်ရွှင်မိပါတယ်။ ကျွန်တော့် မိသားစုကလည်း ဒီမှာရှိနေခဲ့ပါတယ်။ ကျွန်တော့်အတွက် အထူးစပါရှယ်နေ့တစ်နေ့ပါပဲ” လို့ ပြောကြားခဲ့ပါတယ်။

Read more

ဒိုင်လူကြီးပါ လူစားလဲရတဲ့ ဖြစ်အင်

စနေနေ့က ကစားခဲ့တဲ့ စတုတ်နဲ့ လက်စတာအသင်းတို့ရဲ့ ပွဲစဉ်မှာ အနည်းငယ်ထူးခြားမှု တစ်ရပ်ဖြစ်ခဲ့ပါတယ်။ ဒါကတော့ ဒိုင်ဖြစ်သူကို လက်ထောက်ဒိုင်နဲ့ လူစားလဲမှု ပြုလုပ်ခဲ့ ရခြင်းပါ။  ဘောလုံးပွဲတစ်ပွဲမှာ အစဉ်အလာ အားဖြင့် ဒိုင်ကို လူစားလဲတာမျိုး ဖြစ်လေ့ဖြစ်ထ မရှိပေမယ့် ပထမပိုင်းပြီးခါနီး ဒိုင်ဖြစ်သူ ဘော်ဘီမက်ဒလေ ခြေသလုံးဒဏ်ရာရခဲ့တာကြောင့် အကူဒိုင်(စတုတ္ထဒိုင်)အဖြစ် ဆောင်ရွက်နေတဲ့ ဂျွန်မော့စ်နဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။

Read more

လုပ်ပွဲလို့ ပြောနေတဲ့သူတွေ ကျွန်တော်နဲ့ ထိုးလို့ရတယ် (အောင်လအန်ဆန်)

နိုဝင်ဘာလ ၃ ရက်နေ့က ယှဉ်ပြိုင်ထိုးသတ်ခဲ့တဲ့ အလိန်းအန်ဂါလာနီနဲ့ပွဲမှာ လုပ်ပွဲလို့ ပြောတဲ့သူတွေအနေနဲ့ ၎င်းနဲ့ စိန်ခေါ်ထိုးသတ်နိုင်တယ်လို့ အောင်လအန်ဆန်က ထုတ်ဖော်ပြောလိုက်ပြီဖြစ်ပါတယ်။

‘‘တကယ်သာ လုပ်ပွဲဆိုရင် ဒီပွဲကို ကျွန်တော်မထိုးပါဘူး။ ကျွန်တော့်မှာ စားစရာ၊ နေစရာ အိမ်ရှိရင် ပြည့်စုံပြီ။ ပိုက်ဆံအများကြီး ချမ်းသာချင်တဲ့စိတ် ကျွန်တော့်မှာမရှိဘူး။ ကျွန်တော်ရတဲ့ ပိုက်ဆံတွေကို မရှိဆင်းရဲတဲ့လူ၊ ဒုက္ခရောက်နေတဲ့သူတွေကို ကူညီမယ်။ ဒီပွဲကို လုပ်ပွဲဆိုပြီးပြောတဲ့သူ ကျွန်တော်နဲ့ထိုးလို့ရပါတယ်။ အားပေးတဲ့ ကျွန်တော့်ရဲ့ ပရိသတ်တွေအားလုံးကိုလည်း အများကြီးကျေးဇူးတင်ပါတယ်’’ ဟု အောင်လအန်ဆန်က ပြောကြား လိုက်တာ ဖြစ်ပါတယ်။

Read more

ပုဗ္ဗသီရီမြို့ ဆင်ဖြူရှင်ရပ်ကွက်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်

နေပြည်တော် နိုဝင်ဘာ ၎

နေပြည်တော် ပြည်ထောင်စုနယ်မြေပုဗ္ဗသီရီမြို့နယ် တပ်ပုဗ္ဗမြို့ရှိ ဆင်ဖြူရှင်ရပ်ကွက် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဆိုင်း ဘုတ်တင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီကပြုလုပ်ခဲ့ရာ ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးကျော်ညွန့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ ပါတီဝင်များနှင့် ရပ်မိရပ်ဖများစုံလင်စွာ တက်ရောက်ခဲ့သည်။

Read more

ဗိုက်ပူ ခါးတုတ် မဖြစ်စေဖို့ ရှောင်ရမည့် အစားအစာ (၇ ) မျိုး

ဗိုက်ပူခါးတုတ်တာမျိုး ဘယ်သူမှ မဖြစ်ချင်ကြပါဘူး။ ကိုယ်လက်လေးလံပြီး မအီမသာဖြစ်လို့ ကျန်းမာရေးအရ ဘယ်သူမှလည်း မဝချင်ကြပါဘူး။ အဲဒီလိုမဝချင်ဘူးဆိုရင်တော့ ကျန်းမာရေးနဲ့ ညီညွတ် အတ်တဲ့အစားအစာတွေ စားပေးဖို့လိုပါတယ်။ သင့်ကို ဗိုက်ပူခါးတုန်စေတဲ့ အစားအစာတွေကို မျှဝေပေးချင်ပါတယ်။

၁။ နို့နဲ့ နို့ထွက်ပစ္စည်း       

Read more

ဆောင်းဟေကိုရဲ့ ဘ၀လက်တွဲဖော်ဖြစ်ရလို့ ပျော်နေတဲ့ ဆောင်းဂျွန်ကီ ( အနုပညာ )

 

အောက်တိုဘာ ၃၁ ရက် က ဇနီးမောင်နှံအဖြစ် ပရိသတ်များရှေ့မှောက် သစ္စာပြုခဲ့ကြသော ဆောင်းဂျွန်ကီ နှင့် ဆောင်းဟေကိုတို့၏ မင်္ဂလာပွဲကို အနုပညာရှင် အများအပြားတက်ရောက်ခဲ့ပြီး ၎င်းတို့၏ ပရိသတ် များက လည်း ဝမ်းမြောက်အား ပေးခဲ့သည်။

Read more

ပြောင်းဖူး၏ အကျိုး အာနိသင်များ

 

 

ပြောင်းဖူးမှာ အာဟာရဓာတ်များစွာ ပါဝင်တာကြောင့် ကျန်းမာရေး အကျိုးကျေးဇူးများစွာ ရရှိနိုင်ပါတယ်။ ပြောင်းဖူးမှာ ဗီတာမင် B1 ပါဝင်တာကြောင့် ကာဗို ဟိုက်ဒရိတ်တည်ဆောက်ဖြိုခွဲမှုမှာ အသုံးပြုနိုင်သလို ဗီတာမင် B5 ပါဝင်မှုကြောင့် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာတွေမှာ ကူညီနိုင်ပါတယ်။ ဖောလိတ် ပါဝင်တာ ကြောင့် ဆဲလ်သစ်တွေ ဖြစ်ပေါ်စေသလို ဗီတာမင်စီပါဝင်မှုကြောင့် ရောဂါတွေကို တွန်းလှန်ပေးနိုင်ပါတယ်။

Read more