WTA နှစ်ကုန်ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် ဟာလက် နံပါတ်(၁) နေရာရပ်တည်

ကမ္ဘာ့အဆင့် နံပါတ်(၁)တွင် ရပ်တည်ခဲ့သည့် ရိုမေးနီးယားနိုင်ငံသူ ဟာလက် (Photo: youtube)

၂၀၁၇ ရာသီ WTA Tour အမျိုးသမီးတင်းနစ်ပြိုင်ပွဲများ ပြီးဆုံးသွားပြီဖြစ်ပြီး နှစ်ကုန်ကမ္ဘာ့အဆင့်သတ်မှတ်ချက်ကို အောက်တိုဘာ ၃၀ ရက်က ထုတ်ပြန်ရာ ရိုမေးနီးယားနိုင်ငံသူ ဟာလက် နံပါတ် (၁) နေရာတွင် ရပ်တည် နိုင်ခဲ့ကြောင်း သိရသည်။

Read more

ချန်ပီယံလိဂ်တွင် တပွဲတည်း စံချိန်နှစ်ခု ပိုင်ဆိုင်ခဲ့သည့် ဘင်ဖီကာဂိုးသမား

အသက် ၁၈ နှစ်အရွယ် ဘင်ဖီကာဂိုးသမား ဆဗီလာဟာ ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာ အသက်အငယ်ဆုံး ပယ်နယ်တီကာကွယ်နိုင်သူနဲ့ ချန်ပီယံလိဂ် အသက်အငယ်ဆုံး ကိုယ့်ဂိုးကိုယ် သွင်းယူသူဆိုတဲ့ စံချိန်နှစ်ခုကို တပွဲတည်းမှာ ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ မန်ယူအသင်းရရှိတဲ့ ပယ်နယ်တီကို တိုက်စစ်မှူး မာရှယ် ကန်သွင်းယူရာမှာ ဘင်ဖီကာဂိုးသမား ဆဗီလာ ပုတ်ထုတ် ကာကွယ်နိုင်ခဲ့ပါတယ်။

Read more

စပါးနှင့် ကစားမည့် ပွဲမတိုင်မီ ရီးရဲလ်ကစားသမားများ ဒဏ်ရာပြဿနာရင်ဆိုင်နေရ

ကြာသပတေးနေ့ နံနက် အစောပိုင်း စပါး၏ ယာယီအိမ် ကွင်းဝင်ဘလေသို့ သွားရောက် ရင်ဆိုင်ရမည့် ချန်ပီယံလိဂ်ပွဲ မတိုင်မီ ရီးရဲလ်ကစားသမား ခြောက်ဦးအထိ ဒဏ်ရာပြဿနာ များကြောင့် ပါဝင်နိုင်ခြေမရှိဖြစ် နေသည်။

ရီးရဲလ်နည်းပြ ဇီဒန်းအနေ ဖြင့် ကောလာနားဗာ့စ်၊ အစ္စကို၊ ရာဖေးလ်ဗာရိန်း၊ ဂါရတ်ဘေးလ် တို့ကို ထည့်သုံးနိုင်မည်မဟုတ် ဘဲ ကာဗာဂျယ်နှင့် ကိုဗာစစ်တို့ လည်း ပါဝင်နိုင်မည်မဟုတ်ပေ။

Read more

ပြိုက်ဘက်ကို နှစ်ချီအတွင်း အလဲထိုးမယ်ဆိုတဲ့ အောင်လအန်ဆန်

လာမယ့် နိုဝင်ဘာ ၃ ရက်နေ့သုဝဏ္ဏမိုးလုံလေလုံကွင်းမှာ ပြုလုပ်မယ့် Hero’s Dream ပြိုင်ပွဲမှာ ပြိုင်ဘက် ကစားသမား အလိန်းဂါလာနီကို ပွဲချိန် နှစ်ချီအတွင်းမှာ အလဲထိုးအနိုင်ယူသွားမယ်လို့ MMA မစ်ဒယ်ဝိတ်တန်း ချန်ပီယံ အောင်လအန်ဆန်က ကြုံးဝါးလိုက်ပါတယ်။

Read more

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်းဆွေးနွေး

မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးမြင့်လှိုင်၊ ခရိုင်ကော်မတီဝင် ဦးကျော်ကျော်၊ မဘိမ်းမြို့နယ် ပါတီ အတွင်းရေးမှူး ဦးတင်ဝယ်၊ မြို့နယ်ပါတီကော်မတီဝင် ဦးခင်မောင်ရွှေနှင့် မြို့နယ်လူငယ်ရေးရာတာဝန်ခံ ဦးစိုင်းမောင်မောင်ကျော်တို့သည် မဘိမ်းမြို့နယ် မလှိုင်ကုန်းကျေးရွာရှိ လူငယ်များနှင့် ယမန်နေ့နံနက် ၉း၀၀ နာရီအချိန်တွင် တွေ့ဆုံ၍ စည်းရုံးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအကြောင်း ဆွေးနွေးခဲ့ပါသည်။

credit >>> zaw lwin

Read more

ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်ပုံမှန်အစည်းအဝေး ၁၀/၂၀၁၇ ကျင်းပ

ငဖဲ အောက်တိုဘာ ၃၁

ငဖဲမြို့နယ်​ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ လပတ်​ပုံမှန်​အစည်းအ​ဝေး ၁၀/၂၀၁၇ ကို နံနက်​ ၁၀းဝဝ နာရီအချိန်​တွင်​ စတင်​ကျင်းပရာ အစီအစဉ်​အတိုင်း ခရိုင်​​ကော်​မတီဝင်​ဥက္ကဌ၊ အတွင်း​ရေးမှူး၊ ဘဏ္ဍာ​ရေးမှူး တို့က ​ရှေ့ဆက်​လုပ်​ရမည့်​ ပါတီလုပ်​ငန်းစဉ်​များ၊ မှာကြားချက်​များ၊ ပါတီအ​ပေါ် ပြန်​လည်​သုံးသပ်​ချက်​နှင့်​ ဘဏ္ဍာ​ရေးကိစ္စများအား အသီးသီး ​ဆွေး​နွေးကြပါသည်​။ထို့​နောက်​ မြို့နယ်​​ကော်​မတီဝင်​များ၊ စည်းမှူးများမှ အပြန်​အလှန်​ ​ဆွေး​နွေးကြပြီး အစည်းအ​ဝေးကို ​နေ့လည်​ ၁၂း၃၀နာရီတွင်​ ရုပ်​သိမ်းခဲ့ပါသည်​။

Read more

သံတွဲခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ စုပေါင်းဘုံကထိန်ပွဲသို့ ပဒေသာပင်တစ်ပင် ပါဝင်လှူဒါန်း

(၁.၁၁.၂၀၁၇) ရက်နေ့ နံနက် (၇း၀၀) နာရီအချိန် သံတွဲမြို့နယ် ဝန်ထမ်းပေါင်းစုံ စုပေါင်းဘုံကထိန်ပွဲသို့ သံတွဲ ခရိုင် / မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ တန်ဖိုး (၂၀၀၀၀၀ိ/-) တန် ပဒေသာပင်တစ်ပင် ပါဝင်လှူဒါန်းခြင်း၊ ကထိန် လှည့်လည်ပွဲတွင် မြို့နယ်ဥက္ကဌ ဦးစန်းနိုင်နှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ပါတီဝင်လူငယ်များ လိုက်ပါပြီး ရခိုင်စည်တော် တီးခတ်၍ လုပ်အားဒါန ပေးလှူခဲ့ကြပါသည်။

Read more

တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ စုပေါင်းဆွမ်းဆန်စိမ်းလောင်းလှူပွဲ ပါဝင်လောင်းလှူ

(၁-၁၁-၂၀၁၇)ရက်နေ့၊ နံနက် (၀၇း၀၀) အချိန်တွင် တာချီလိတ်ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ တာချီလိတ်ရွှေတိဂုံ စေတီတော်မြတ်ကြီး ရွှေထီးတော်တင်လှူခြင်း၊ နှစ်ပတ်လည် အထိမ်းအမှတ် နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သည့် ပင့်သံဃာတော်အပါး (၃၅၀) တို့အား စုပေါင်းဆွမ်းဆန်စိမ်း လောင်းလှူခြင်းနှင့် ဗုဒ္စပူဇနိယဘုရားအနေကဇာ တင်လှူပွဲတွင် တာချီလိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဘိုစံ၊ မြို့နယ်ဥက္ကဌ ဦးစိုင်းရွှေထွန်းနှင့် ခရိုင်/မြို့နယ်ကော်မတီဝင်များမှ ဘတ်(၃၅၀၀) တန်ဘိုးရှိ ဆန်၊ ချိုချဉ်၊ ကော်ဖီမစ်များ ပါဝင်လှူဒါန်း ကုသိုလ်ပြုခဲ့ကြပါသည်။

Read more

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိုနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ အောက်တိုဘာ (၃၁) ရက်နေ့ နံနက် (၁၀း၀၀) နာရီချိန်တွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ကော်မတီများ အစည်းအဝေးပြုလုပ်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးတွင် ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးမှ ရှေ့ဆက်ဆောင်ရွက်ရမည့် ကိစ္စရပ် များနှင့် လုပ်ငန်းစဉ်များအား ချပြဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ကော်မတီ ဒေါက်တာတိုးတိုးအောင် (လူငယ်ရေး ရာတာဝန်ခံ) မှ လူငယ်ကဏ္ဍဆောင်ရွက်ရမည့် ကိစ္စရပ်များအား ဆွေးနွေးခဲ့သည်။

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ (ဆဋ္ဌမအကြိမ်) စုပေါင်း ဘုံကထိန် ရေစက်ချအလှူတော်မင်္ဂလာ

ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြတ်မင်္ဂလာကျောင်း ဆရာတော်ဦးသြဘာသ အရှင်သူမြတ်အား ကထိန်လှုဒါန်း ငွေသား၂၀၉၀၇၀၀ ကျပ်တိတိနှင့် ပစ္စည်းတန်ဖိုး ၁၃၁၉၆၅၀ ကျပ်တန်ဖိုး စုစုပေါင်းတန်ဖိုးငွေ (၃၄၁၀၃၅၀ ကျပ်တိတိအား ၂၀၁၇ ခုနှစ် အောက်တိုဘာလ၂၉ ရက်နေ့ တနင်္ဂနွေနေ့ နံနက် ၅း၀၀ နာရီတိတိအချိန်တွင် မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်ပါတီကော်မတီများ စုပေါင်း၍ ဘုရား အမှူးပြုသော သံဃာတော်အရှင်သူမြတ်များအား အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချလှူဒါန်းမှု အစုစုပြုခဲ့ကြပါသည်။

Read more