ဗင္နီဇြဲလားႏိုင္ငံတြင္ ပမာဏ ၇.၂ ႏွင့္ ၇.၅ ရွိ အဖ်က္စြမ္းအားျပင္း ငလ်င္ႏွစ္ခု မိနစ္ပိုင္းအတြင္း ဆက္တိုက္လႈပ္ခတ္၊ ၿမိဳ႕ေတာ္ရွိ အေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးၿပီး လူအေသအေပ်ာက္ အမ်ားအျပား ရွိႏိုင္ဟု USGS ထုတ္ျပန္

ဗင္နီဇြဲလားႏိုင္ငံတြင္ ပမာဏ ၇.၂ ႏွင့္ ၇.၅ ရွိ အဖ်က္စြမ္းအားျပင္း ငလ်င္ႏွစ္ခု မိနစ္ပိုင္းအတြင္း ဆက္တိုက္လႈပ္ခတ္၊ ၿမိဳ႕ေတာ္ရွိ အေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးၿပီး လူအေသအေပ်ာက္ အမ်ားအျပား ရွိႏိုင္ဟု USGS ထုတ္ျပန္
==============================
ဇြန္ ၂၅
ဗင္နီဇြဲလားႏိုင္ငံ အေနာက္ပိုင္းကို ဗဟိုျပဳ၍ အဖ်က္စြမ္းအား အလြန္ျပင္းထန္သည့္ ေျမငလ်င္ႀကီးႏွစ္ခု မိနစ္ပိုင္းအတြင္း တစ္ခုၿပီးတစ္ခု ဆက္တိုက္ လႈပ္ခတ္သြားခဲ့ရာ ၿမိဳ႕ေတာ္ ကာရာကပ္စ္ (Caracas) အပါအဝင္ ေဒသအမ်ားအျပားရွိ အေဆာက္အအုံမ်ား ၿပိဳက်ပ်က္စီးခဲ့ၿပီး လူအေသအေပ်ာက္ႏွင့္ ထိခိုက္ဒဏ္ရာရရွိသူ အေျမာက္အျမား ရွိႏိုင္ေၾကာင္း သိရသည္။
အေမရိကန္ ဘူမိေဗဒေလ့လာေရးအဖြဲ႕ (USGS)၏ ထုတ္ျပန္ခ်က္အရ ဗုဒၶဟူးေန႔ ဂ်ီအမ္တီ (GMT) စံေတာ္ခ်ိန္ ၂၂:၀၄ နာရီတြင္ ၿမိဳ႕ေတာ္ ကာရာကပ္စ္၏ အေနာက္ဘက္ ၂၈၄ ကီလိုမီတာခန႔္အကြာ ဆန္ဖိလစ္ပီ (San Felipe) ၿမိဳ႕အနီးကို ဗဟိုျပဳ၍ ပမာဏ (Magnitude) ၇.၂ ရွိေသာ ျပင္းထန္ငလ်င္ႀကီးတစ္ခု အရင္လႈပ္ခတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ခ်က္ခ်င္းဆိုသလိုပင္ ၿမိဳ႕ေတာ္၏ အေနာက္ဘက္ ၂၉၃ ကီလိုမီတာခန႔္အကြာ ယုမာရီ (Yumare) ၿမိဳ႕အနီးကို ဗဟိုျပဳ၍ ျပင္းအား ပမာဏ ၇.၅ ရွိသည့္ ဒုတိယေျမာက္ ငလ်င္ႀကီးတစ္ခု ထပ္မံလႈပ္ခတ္ခဲ့ျခင္း ျဖစ္သည္။
ယခုကဲ့သို႔ ျပင္းအားအဆင့္ ၇ ေက်ာ္ရွိေသာ ငလ်င္ႀကီးႏွစ္ခု ဆက္တိုက္ (Back-to-back) လႈပ္ခတ္သြားခဲ့ျခင္းေၾကာင့္ ပတ္ ဝန္းက်င္ေဒသမ်ားတြင္ ႀကီးမားက်ယ္ျပန႔္ ေသာ ပ်က္စီးဆုံးရႈံးမႈမ်ားႏွင့္အတူ လူအေသအေပ်ာက္ ျမင့္မားစြာ ျဖစ္ေပၚရန္ “ေသ ခ်ာသေလာက္ရွိေနေၾကာင္း” အေမရိကန္ သိပၸံေအဂ်င္စီက သတိေပးခ်က္ ထုတ္ျပန္ထားသည္။
ငလ်င္လႈပ္ခတ္မႈေၾကာင့္ ၿမိဳ႕ေတာ္ ကာရာကပ္စ္ရွိ ဆိုင္မြန္ဘိုလီဗာ အျပည္ျပည္ဆိုင္ရာေလဆိပ္ (Simón Bolívar International Airport)တြင္ အေဆာက္အအုံအပ်က္အစီးမ်ားႏွင့္ အုတ္က်ိဳးအတုံးအခဲမ်ား အေပၚမွ ျပဳတ္က်လာသျဖင့္ ခရီးသြားျပည္သူမ်ား ထိတ္လန႔္တၾကား ေဘးလြတ္ရာသို႔ အလု အယက္ ထြက္ေျပးတိမ္းေရွာင္ခဲ့ၾကရေၾကာင္း ဘာရီနက္စ္ (Barinas) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဝီလ္မာ အာဇူအာေဂ်း တင္ျပသည့္ ႐ုပ္သံမွတ္တမ္းမ်ားအရ သိရသည္။
“ေလွကားေတြ ျပဳတ္ထြက္ကုန္ၿပီး နံရံတစ္ခုလုံး အက္ကြဲသြားတယ္၊ မ်က္ႏွာၾကက္ကေန ပစၥည္းေတြ ျပဳတ္က်လာတယ္။ တကယ့္ကို ေၾကာက္စရာေကာင္းတဲ့ ငလ်င္ဆိုးႀကီးပါ” ဟု ကာရာကပ္စ္ၿမိဳ႕ရွိ အသက္ ၅၄ ႏွစ္အ႐ြယ္ ဘဏ္ဝန္ထမ္းတစ္ဦးက ေအအက္ဖ္ပီ (AFP) သတင္းဌာနသို႔ ထိတ္လန႔္တၾကား ေျပာၾကားခဲ့သည္။
လက္ရွိတြင္ ဗင္နီဇြဲလား အေရးေပၚကယ္ဆယ္ေရးအဖြဲ႕မ်ားႏွင့္ က်န္းမာေရးတပ္ဖြဲ႕ဝင္မ်ားသည္ ေရေဘး၊ ေလေဘးထက္ဆိုး႐ြားသည့္ ယခုငလ်င္ေၾကာင့္ အေဆာက္အအုံအပ်က္အစီးမ်ားေအာက္တြင္ ပိတ္မိေနသူမ်ားကို ကယ္ ဆယ္ႏိုင္ရန္ႏွင့္ ထိ ခိုက္ပ်က္စီးမႈ အေျခအေနမ်ားကို အတည္ျပဳႏိုင္ရန္ အေရးေပၚ လုပ္ေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။
ဗင်နီဇွဲလားနိုင်ငံတွင် ပမာဏ ၇.၂ နှင့် ၇.၅ ရှိ အဖျက်စွမ်းအားပြင်း ငလျင်နှစ်ခု မိနစ်ပိုင်းအတွင်း ဆက်တိုက်လှုပ်ခတ်၊ မြို့တော်ရှိ အဆောက်အအုံများ ပြိုကျပျက်စီးပြီး လူအသေအပျောက် အများအပြား ရှိနိုင်ဟု USGS ထုတ်ပြန်
==============================
ဇွန် ၂၅
ဗင်နီဇွဲလားနိုင်ငံ အနောက်ပိုင်းကို ဗဟိုပြု၍ အဖျက်စွမ်းအား အလွန်ပြင်းထန်သည့် မြေငလျင်ကြီးနှစ်ခု မိနစ်ပိုင်းအတွင်း တစ်ခုပြီးတစ်ခု ဆက်တိုက် လှုပ်ခတ်သွားခဲ့ရာ မြို့တော် ကာရာကပ်စ် (Caracas) အပါအဝင် ဒေသအများအပြားရှိ အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူအသေအပျောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူ အမြောက်အမြား ရှိနိုင်ကြောင်း သိရသည်။
အမေရိကန် ဘူမိဗေဒလေ့လာရေးအဖွဲ့ (USGS)၏ ထုတ်ပြန်ချက်အရ ဗုဒ္ဓဟူးနေ့ ဂျီအမ်တီ (GMT) စံတော်ချိန် ၂၂:၀၄ နာရီတွင် မြို့တော် ကာရာကပ်စ်၏ အနောက်ဘက် ၂၈၄ ကီလိုမီတာခန့်အကွာ ဆန်ဖိလစ်ပီ (San Felipe) မြို့အနီးကို ဗဟိုပြု၍ ပမာဏ (Magnitude) ၇.၂ ရှိသော ပြင်းထန်ငလျင်ကြီးတစ်ခု အရင်လှုပ်ခတ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် မြို့တော်၏ အနောက်ဘက် ၂၉၃ ကီလိုမီတာခန့်အကွာ ယုမာရီ (Yumare) မြို့အနီးကို ဗဟိုပြု၍ ပြင်းအား ပမာဏ ၇.၅ ရှိသည့် ဒုတိယမြောက် ငလျင်ကြီးတစ်ခု ထပ်မံလှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ပြင်းအားအဆင့် ၇ ကျော်ရှိသော ငလျင်ကြီးနှစ်ခု ဆက်တိုက် (Back-to-back) လှုပ်ခတ်သွားခဲ့ခြင်းကြောင့် ပတ် ဝန်းကျင်ဒေသများတွင် ကြီးမားကျယ်ပြန့် သော ပျက်စီးဆုံးရှုံးမှုများနှင့်အတူ လူအသေအပျောက် မြင့်မားစွာ ဖြစ်ပေါ်ရန် “သေ ချာသလောက်ရှိနေကြောင်း” အမေရိကန် သိပ္ပံအေဂျင်စီက သတိပေးချက် ထုတ်ပြန်ထားသည်။
ငလျင်လှုပ်ခတ်မှုကြောင့် မြို့တော် ကာရာကပ်စ်ရှိ ဆိုင်မွန်ဘိုလီဗာ အပြည်ပြည်ဆိုင်ရာလေဆိပ် (Simón Bolívar International Airport)တွင် အဆောက်အအုံအပျက်အစီးများနှင့် အုတ်ကျိုးအတုံးအခဲများ အပေါ်မှ ပြုတ်ကျလာသဖြင့် ခရီးသွားပြည်သူများ ထိတ်လန့်တကြား ဘေးလွတ်ရာသို့ အလု အယက် ထွက်ပြေးတိမ်းရှောင်ခဲ့ကြရကြောင်း ဘာရီနက်စ် (Barinas) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဝီလ်မာ အာဇူအာဂျေး တင်ပြသည့် ရုပ်သံမှတ်တမ်းများအရ သိရသည်။
“လှေကားတွေ ပြုတ်ထွက်ကုန်ပြီး နံရံတစ်ခုလုံး အက်ကွဲသွားတယ်၊ မျက်နှာကြက်ကနေ ပစ္စည်းတွေ ပြုတ်ကျလာတယ်။ တကယ့်ကို ကြောက်စရာကောင်းတဲ့ ငလျင်ဆိုးကြီးပါ” ဟု ကာရာကပ်စ်မြို့ရှိ အသက် ၅၄ နှစ်အရွယ် ဘဏ်ဝန်ထမ်းတစ်ဦးက အေအက်ဖ်ပီ (AFP) သတင်းဌာနသို့ ထိတ်လန့်တကြား ပြောကြားခဲ့သည်။
လက်ရှိတွင် ဗင်နီဇွဲလား အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့များနှင့် ကျန်းမာရေးတပ်ဖွဲ့ဝင်များသည် ရေဘေး၊ လေဘေးထက်ဆိုးရွားသည့် ယခုငလျင်ကြောင့် အဆောက်အအုံအပျက်အစီးများအောက်တွင် ပိတ်မိနေသူများကို ကယ် ဆယ်နိုင်ရန်နှင့် ထိ ခိုက်ပျက်စီးမှု အခြေအနေများကို အတည်ပြုနိုင်ရန် အရေးပေါ် လုပ်ဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။




