ပုဗ္ဗသီရိပြည်ခိုင်ဖြိုးမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင် ကျောင်းသားများအား ဂုဏ်ပြု

နေပြည်တော် နိုဝင်ဘာ ၈

ပြည်ထောင်စုနယ်မြေ နေပြည်တော် ဥတ္တရခရိုင် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ပုဗ္ဗသီရိ ပြည်ခိုင်ဖြိုးပါတီရုံး အစည်း အဝေးခန်းမတွင် ကျင်းပခဲ့သည်။

Read more

NCA လက်မှတ်ထိုးနိုင်ရေး ကြိုးစားပေးရန် အစိုးရနှင့် တပ်မတော်က UNFC ကို တိုက်တွန်း

နှစ်ဖက်ညှိနှိုင်းနေသည့် ကိစ္စရပ်များကို ကျေလည်အောင် ရှင်းပြပေးမည်ဖြစ်ပြီး NCA လက် မှတ်ရေးထိုးနိုင်ရေး ကြိုးစားပေးရန် အစိုးရနှင့် တပ်မတော်ကိုယ်စားလှယ်များက ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒ ရယ် ကောင်စီ (UNFC) ကိုယ်စား လှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး စဉ် တိုက်တွန်းပြောကြားသည်။

Read more

အစိုးရ နှင့် DPN ဆွေးနွေးမှုတွင် တပ်ပိုင်းဆိုင်ရာနေရာ ချထားရေးအပါအ၀င် အဆိုပြုချက်အများစု သဘောတူညီမှု ရရှိ

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးရန် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)မှ ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆိုင်ရာညှိနှိုင်း ဆွေးနွေးရေး အဖွဲ့(DPN) နှင့် ငြိမ်းချမ်းရေး ကော်မရှင်(PC) တို့၏ ဆွေးနွေးမှုတွင် အချက်အများစု သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။

Read more

အစိုးရက မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ကို တစ်ပြိုင်တည်း လက်ခံတွေ့ဆုံပါကမည်သည့်ကိစ္စမဆို ညှိနှိုင်းနိုင်ကြောင်း TNLA ပြောကြား

အစိုးရအနေဖြင့် မြောက်ပိုင်းလက်နက်ကိုင်ခုနစ်ဖွဲ့ကို တစ် ပြိုင်တည်း လက်ခံတွေ့ဆုံမည်ဆို ပါက လက်ရှိ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA)အရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ် တွင် ပါဝင်ရေးအပါအဝင် မည်သည့် ကိစ္စမဆို ညှိနှိုင်းနိုင်ကြောင်း မြောက်ပိုင်းခုနစ်ဖွဲ့၌ ပါဝင်သည့် တအာင်း လက်နက်ကိုင်အဖွဲ့ (TNLA) ပြောရေးဆိုခွင့်ရှိသူ တာ့ ဘုန်းကျော်က ပြောသည်။

Read more

ဘင်္ဂါလီအရေး ကုလထုတ်ပြန်မှုကို လက်ခံကျေနပ်ခြင်းမရှိကြောင်း မြန်မာအစိုးရ တုံ့ပြန်

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီမျိုးနွယ်စုများအပေါ် ဖိနှိပ်မှုများ ရပ်တန့်ရန် တောင်းဆိုကြောင်း ကုလသမဂ္ဂလုံခြုံရေး ကောင်စီဥက္ကဋ္ဌ၏ ကြေညာချက်ထုတ်ပြန်ခြင်းအပေါ် မြန်မာအစိုးရက လက်ခံကျေနပ်ခြင်းမရှိကြောင်းနိုင်ငံတော် အတိုင်ပင်ခံရုံးက နိုဝင်ဘာ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။ လုံခြုံရေးကောင်စီဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင် မြန်မာအစိုးရ၏ လူမျိုး၊ ဘာသာအဆင့်အတန်း ခွဲခြားမှုမရှိဘဲ အကျပ်အတည်း ဖြစ်နေသူအားလုံးထံ လူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်မှုကို အောင်မြင်စွာ လုပ်ဆောင်ပေးခဲ့ခြင်း အပါအဝင် ရခိုင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဖော်ဆောင် ကြိုးပမ်းမှု တချို့ တစ်ဝက်ကိုသာ အသိအမှတ်ပြုခဲ့သည်ဟု အတိုင်ပင်ခံရုံးက ထုတ်ပြန်သည်။

Read more

ကိုယ်အလေးချိန် မြင့်တက်စေနိုင်သော အသီးအနှံ (၅) မျိုး

အသီးအနှံများကို လေ့လာကြည့်လျှင် ကျန်းမာရေးအတွက် အကျိုးပြုသည်ကို တွေ့ရမည်။ အရသာရှိရုံမျှမက ဗီတာမင်နှင့်အခြားသော အာဟာာရဓာတ်များကိုလည်း ပေးစွမ်းနိုင်ပါသည်။ အသီးအနှံများကို စုံလင်စွာ စားသုံး ပေးခြင်းဖြင့် ခန္ဓာကိုယ်ကို ကျန်းမာကြံ့ခိုင်စေပြီး ခန္ဓာကိုယ်၏ လုပ်ငန်းများကိုလည်း ပိုမိုကောင်းမွန်အောင် ပြုလုပ်စေနိုင်ပါသည်။သို့သော်လည်း အသီးအနှံအားလုံးတိုင်းမှာမူ သင်၏ ခန္ဓာကိုယ်ကိုလှပစေနိုင်မည် မဟုတ်ပါ။ လွန်ကဲစွာ စားသုံးပါက ကိုယ်အလေးချိန် တိုးစေနိုင်သော အာနိသင်လည်းရှိပါသည်။

Read more

လည်ချောင်းနာခြင်းအတွက် လက်တွေ့ပျောက်စေမည့် သဘာဝကုထုံး

ဘတ်တီးရီးယားပိုများ၊ ကူးစက်တတ်သည့် ဗိုင်းရပ်ပိုများကြောင့် လူတွေဟာ မကြာခဏ လည်ချောင်းနာခြင်း၊ ချောင်းဆိုးခြင်းများ ဖြစ်တတ်ကြပါတယ်။ လည်ချောင်းနာခြင်းအတွက် အလွယ်တကူ အိမ်တွင်းကုထုံးများကို
ပြုလုပ်ပေးနိုင်ကြပါတယ်။

၁။ ရှောက်သီး သို့မဟုတ် သံပရာသီးကို ပါးပါးလှီး၍ ရေနွေးကြမ်း (လက်ဖက်ရည်)ခွက်ထဲ စိမ်ထားပြီး သောက်ပေးပါ။ ပျားရည်အနည်းငယ် ထည့်သောက်ပါက ကိုယ်ခံအားကိုလည်း ကောင်းမွန်စေပါမည်။

Read more

သူငယ်ချင်းတွေနဲ့အတူ Instagram မှာ Live လွှင့်နိုင်ပြီ

ပြီးခဲ့တဲ့ နွေတုန်းက စမ်းသပ်ခဲ့ပြီး Instagram ဟာ သူငယ်ချင်းတွေနဲ့အတူ Live လွှင့်နိုင်တဲ့ လုပ်ဆောင်ချက် ကို ထည့်သွင်းပေးလိုက်ပါပြီ။ User တွေဟာ ယခုအခါမှာ Live လွှင့်နေတုန်းမှာ သူတိုရဲ့ broadcast ကို ကြည့်နေတဲ့သူ တစ်ဦးကိုဝင်ရောက် ပူးပေါင်းဖို့အတွက် ဖိတ်ခေါ်နိုင်ပြီဖြစ်ပြီး လက်ခံလိုက်ရင် Interface ကို split screen အနေနဲ့မြင်တွေ့ရမှာပါ။

Read more

Twitter တွင် စာလုံးရေ ၂၈၀ အထိ ရေးသားနိုင်ပြီ

စက်တင်ဘာလက ရွေးချယ်ထားသည့် သုံးစွဲသူအချို့ထံ အောင်မြင်စွာ စမ်းသပ်ခဲ့ပြီးနောက် သုံးစွဲသူအားလုံး အတွက် စာလုံးရေ ကန့်သတ်ချက် ၁၄၀ ကို နှစ်ဆတိုးမြှင့် လိုက်ပြီဖြစ်တယ်လို့ Twitter က ကြေညာလိုက် ပါတယ်။

“ကမ္ဘာတစ်ဝန်းက သုံးစွဲသူတွေကြုံတွေ့ခဲ့ရတဲ့ ပြဿနာကို စောင့်ကြည့်နားထောင်ပြီး ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရမယ့် အရေးကိစ္စတွေကို လေ့လာပြီးတဲ့နောက် ဒီအပြောင်းအလဲကို ကျွန်တော်တို့ စတင်လိုက် ပါတယ်” လို့ Twitter ထုတ်ကုန်မန်နေဂျာ Aliza Rosen က ပြောကြားခဲ့ပါတယ်။

Read more

ဒီဂီယာကို ရီးရဲလ်မက်ဒရစ်သို့ ရောင်းချရန် စဉ်းစားနေကြောင်း မော်ရင်ဟိုပြောကြား

ဂိုးသမားဒီဂီယာကို လာမယ့်နွေရာသီ အပြောင်းအရွှေ့ကာလမှာ ရီးရဲလ်မက်ဒရစ်ကို ရောင်းချရန် စဉ်းစားနေ ကြောင်း မန်ယူအသင်းနည်းပြ မော်ရင်ဟိုကပြောကြားခဲ့ပါတယ်။

ဒီဂီယာကတော့ ရီးရဲလ်ဥက္ကဌ ဖလော်ရန်တီနိုပီရက်ဇ်ရဲ့ ကာလရှည်ပစ်မှတ်ထားနေတဲ့ ကစားသမားတစ်ဦးပဲ ဖြစ်ပါတယ်။

ဒီဂီယာကို ခေါ်ယူလိုပါက ရီးရဲလ်အသင်းရဲ့ ပြင်သစ်နောက်ခံလူ ဗာရာနီကို အပြောင်းအရွှေ့ရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် ပေးချေသွားရမှာဖြစ်ကြောင်းကိုလည်း မော်ရင်ဟိုက အသိပေးပြောကြားခဲ့ပါတယ်။

Read more