စီရော်နယ်လ်ဒိုရဲ့ နေရာမှာ နေမာကို အစားထိုးရန် ရီးယဲလ်အသင်း အလိုရှိ

ရီးယဲလ်အသင်းရဲ့ ဥက္ကဋ္ဌ ဖလော်တီနို ပီရက်ဇ်က အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရော်နယ်လ်ဒိုရဲ့ နေရာမှာ ပီအက်စီဂျီကြယ်ပွင့် နေမာနဲ့ အစားထိုးဖို့ ခေါ်ယူနိုင်ရေးအတွက် ကစားသမားရဲ့ ဖခင်နှင့် တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဘရာဇီးတိုက်စစ်မှူးမှာ ရီးယဲလ်ရဲ့ မဟာပြိုင်ဘက် ဘာစီလိုနာအသင်းကနေ ယခုနှစ် နွေရာသီ အပြောင်းအရွှေ့ကာလမှာ ပီအက်ဂျီအသင်းကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၉၈ သန်းနဲ့ ရောက်ရှိခဲ့သူ လည်း ဖြစ်ပါတယ်။

Read more

ဂန္တဝင်ကစားသမားကြီး ဂန်တို ဖီဖာ ကျော်ကြားသူများစာရင်း (FIFA Hall of Fame) မှာ ထည့်သွင်း ဂုဏ်ပြုခံရ

ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဂုဏ်ထူးဆောင် ဥက္ကဋ္ဌနှင့် ဂန္တဝင်ကစားသမားကြီး ပါကို ဂန်တိုဟာ ဖီဖာရဲ့ ကျော်ကြားသူများစာရင်း (FIFA Hall of Fame) မှာ ထည့်သွင်း ဂုဏ်ပြုခံခဲ့ရကြောင်း စပိန်ကလပ်အသင်းရဲ့ တရားဝင် ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။

မက္ကဆီကို၊ Pachuca မှာ ပြုလုပ်တဲ့ ဂုဏ်ပြုပွဲအခမ်းအနားကိုတော့ ဂန်တိုရဲ့ ကိုယ်စား ရီးယဲလ်ကစား သမားဟောင်း Emilio Butragueño က တက်ရောက်ကာ ဆုကို လက်ခံရယူခဲ့ပါတယ်။

Read more

မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲ ကျင်းပမည်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ Modern Myanmar Group နှင့် H&S Group တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ၊ ထိုင်း၊ လာအို သုံးနိုင်ငံ မြန်မာ့ရိုးရာ လက်ဝှေ့ စိန်ခေါ်ပွဲကြီး (Lathwei Nation Fight 3 ) ကို နိုဝင်ဘာ ၁၉ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၅ နာရီအထိ ရန်ကုန်မြို့ သိမ်ဖြူအားကစားရုံတွင် ကျင်းပမည် ဖြစ်သည်။

Read more

ပစိဖိတ် သမုဒ္ဒရာတွင် လေယာဉ်တင်သင်္ဘော သုံးစီး စုပေါင်း၍ စစ်ရေးလေ့ကျင့်မည်ဟု အမေရိကန်ရေတပ် ကြေညာ

ပစိဖိတ် သမုဒ္ဒရာထဲတွင် လေယာဉ်တင် သင်္ဘောကြီးသုံးစီး စုပေါင်းပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်သွားမည်ဟု အမေရိကန် ရေတပ်က အတည်ပြု ကြေညာခဲ့သည်။ ဂျပန်တွင် အခြေစိုက် သည့် USS Roanld Reagan၊ ဆန်ဒီယေးဂိုးတွင် အခြေစိုက်သည့် USS Theodore Rooseveltနှင့် ဝါရှင်တန်တွင် အခြေစိုက်သည့် USS Nimitzတို့သည် တူညီသော လမ်းကြောင်း၊ တူညီသော အရပ်ဒေသတို့တွင် ခုတ်မောင်းကာ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည်ဟု ရေတပ်က ထုတ်ပြန်ခဲ့သည်။

Read more

မြောက်ကိုရီးယားအရေးအား ဖြေရှင်းရာ၌ ရုရှားနှင့်တရုတ်တို့၏ အရေးပါပုံအား နေတိုးအကြီးအကဲပြောကြား

နေတိုးအဖွဲ့၏အတွင်းရေးမှူးချုပ်ဖြစ်သူက မြောက်ကိုရီးယားအရေးကိစ္စကို ငြိမ်းချမ်းစွာဖြေရှင်းရန်နှင့် ၄င်း၏ နျူကလီးယားနှင့် ပဲ့ထိန်းတပ်ဒုံးပျံစမ်းသပ်မှုများကို ရပ်တန့်သွား အောင်လုပ်ဆောင်ရာ၌ ရုရှားနှင့် တရုတ်နိုင်ငံ တို့၏ အဓိကအခန်းကဏ္ဍမှ အရေးပါပုံအား ဗုဒ္ဓဟူးနေ့က အလေးထားပြောကြားခဲ့သည်။ ယန်းစ်စတော့တန် ဘာ့ဂ်သည် မြောက်ကိုရီးယား ၏ နျူကလီးယားစမ်းသပ်ချက်များကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်များနှင့် ပက်သက်၍ ဘရက်ဆဲလ်မြို့၌ ကာကွယ်ရေးဝန်ကြီးများ၏ အစည်းအဝေးပွဲမကျင်းပမီတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

Read more

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ ပထမဦးဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ်ဖြင့်ရောက်ရှိ

ဘေဂျင်း၊ နိုဝင်ဘာ ၉

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် နိုင်ငံတော်ခရီးစဉ်ဖြင့် တရုတ်နိုင်ငံ ဘေဂျင်းမြို့သို့ ဗုဒ္ဓဟူးနေ့တွင် ရောက်ရှိလာခဲ့ပြီး ကမ္ဘာ့အင်အားကြီးနှစ်နိုင်ငံကြား ဆက်ဆံရေးများ တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင် သွားရန် ရည်မှန်းထားကြောင်းသိရသည်။

ဒေါ်နယ်ထရမ့်စီးနင်းလာသော Air Force One လေယာဉ်ပျံကြီးသည် ဘေဂျင်းလေဆိပ်သို့ ဒေသစံတော်ချိန် နေ့လည် ၂း၃၅ နာရီခန့်တွင် ဆိုက်ရောက်ခဲ့ပြီး ထရမ့်နှင့်သူ၏ဇနီးသည် မီလန်နီယာတို့အား တရုတ်ကွန်မြူနစ် အစိုးရ၏ ထိပ်တန်းခေါင်းဆောင်များ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်ဂုဏ်ပြုတပ်ဖွဲ့နှင့် ကလေးငယ်များ က နှစ်နိုင်ငံအလံများကို ဝေ့ယမ်းကာ လက်ခံကြိုဆိုခဲ့ကြသည်။

Read more

ရုရှားစစ်လက်နက် ပစ္စည်းများ ရောင်းချ အမေရိကန်ဒေါ်လာ မြောက်မြားစွာရရှိ

မော်စကို နိုဝင်ဘာ ၈

ရုရှားသည် ယခုနှစ်ကုန်အထိ စစ်လက်နက်နှင့် စစ်အသုံးအဆောင် ကိရိယာများ ရောင်းချခြင်းမှ အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံအထိ ရရှိခဲ့ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယမန်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလအထိ လက်နက်နှင့် စစ်ဘက်ဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုအရ အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံကျော်ရရှိခဲ့ကြောင်း စစ်လက်နက်တင်ပို့ခြင်း တစ်ခုတည်းမှ ဝင်ငွေအမေရိကန် ဒေါ်လာ ၁၅ ဒသမ ၃ ဘီလီယံ ရရှိနိုင်မည်ဟု ရုရှားနိုင်ငံနှင့် ပြည်ပနိုင်ငံများ စစ်ဘက်ဆိုင်ရာ နည်းပညာပိုင်း ပူးပေါင်း ဆောင်ရွက်မှု ကော်မရှင်အစည်းအဝေးတွင် ပူတင်က ပြောခဲ့သည်။

Read more

ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်၊ ခရိုင်၊ မြို့နယ် တွေ့ဆုံပွဲကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ်၊ ခရိုင်၊ မြို့နယ်များ၏ တွေ့ဆုံပွဲကို ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမ၌ နိုဝင်ဘာလ ၆ ရက်နေ့နှင့် ၇ ရက်နေ့တို့က ပြုလုပ် ဆွေးနွေးခဲ့ကြပါသည်။

Read more

ပြည်​ခိုင်​ဖြိုးပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်​​ထွေး မေ​ကွးတိုင်း​ခရိုင်​ မြို့နယ် ပါတီဥက္ကဌများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မကွေး နိုဝင်ဘာ ၈

မကွေးတိုင်းဒေသကြီး ပါတီကော်မတီဝင်များနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ တွေ့ဆုံလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီး ပါတီအစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁ဝ နာရီအချိန်က ကျင်းပခဲ့သည်။ အဆိုပါအစည်းအဝေးသို့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေးနှင့် ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ မြို့နယ်ဥက္ကဋ္ဌအပါအဝင် အင်အား ၅ဝ တက်ရောက်ခဲ့သည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဇနီးနှင့် အဖွဲ့ဝင်များ သမိုင်းဝင် ရှင်ကိုးရှင်စေတီတော်များအား သွားရောက်ဖူးမျှော်

တနသာင်္ရီ နိုဝင်ဘာ ၉

Read more