မောင်တောမြို့နယ်တွင် ၂၆ ရက်အတွင်း NVC ကတ်ပြုလုပ်သူ ၅၀၀ ကျော်ရှိ

မောင်တောမြို့နယ်တွင် နိုင်ငံသားစိစစ်ခံရမည့်သူများ၏ သက်သေခံလက်မှတ် (NVC) ပြုလုပ်သည့် ဘင်္ဂါလီ ဦးရေ ၂၆ ရက် အတွင်း ၅၀၀ ကျော်ရှိကြောင်း မောင်တောခရိုင် လူဝင်မှုကြီးကြပ် ရေးဆိုင်ရာဦးစီးမှူးရုံးမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။

Read more

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး အဆင့်မြှင့်ရန် တရုတ်နိုင်ငံအခြေစိုက်အဖွဲ့က ကမ်းလှမ်း

မြန်မာ-ဘင်္ဂလား ဒေ့ရှ်နယ်စပ်ခြံစည်းရိုးကို China Asian စီးပွားရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာအဖွဲ့က အဆင့်မြင့် နည်းပညာများအသုံးပြု၍ အဆင့်မြှင့် တင်ပေးရန် သက်ဆိုင်ရာတာဝန် ရှိသူများနှင့် တွေ့ဆုံညှိနှိုင်းနေကြောင်း အဆိုပါအဖွဲ့နှင့် မိတ်ဖက်အဖွဲ့ဖြစ်သည့် ဟင်္သာဧကရီ ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နွယ်နွယ်အေးက ပြောသည်။

Read more

မြန်မာ့ရင်းနှီးမြှုပ်နှံမှု အခြေအနေကို အိုင်အမ်အက်ဖ်ကိုယ်စားလှယ်များ လာရောက်လေ့လာ

မြန်မာနိုင်ငံ၏ ၂၀၁၈ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေအနေကို ခန့်မှန်းတွက်ချက်ရန် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ကိုယ်စားလှယ်များက မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေများကို လေ့လာ နေကြောင်းရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် က ပြောသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အ တွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှု၊ မြန်မာနိုင်ငံသား ရင်း နှီးမြှုပ်နှံမှုများ ၀င်ရောက်မှုအခြေအနေများ၊ ပြီးခဲ့သည့် ဘဏ္ဍာနှစ်ရင်းနှီးမြှုပ်နှံမှုအခြေအနေများကို IMF ကိုယ်စားလှယ်များက အဓိ ကထားမေးမြန်းကြောင်း ၎င်းက ပြောသည်။

Read more

NCA လက်မှတ်ရေးထိုးနိုင်ရေး နှစ်ဖက်ခေါင်းဆောင်များ၏ အတည်ပြုချက်ရရန်သာကျန်ဟု အစိုးရနှင့် UNFC ပြော

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA)လက်မှတ်ရေးထိုးရေးသဘော တူညီမှုရရှိရန် နှစ်ဖက်ခေါင်း ဆောင်များ၏အပြီးသတ်အတည်ပြုမှုသာ ကျန်ရှိကြောင်း အစိုးရနှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)ကိုယ်စားလှယ်များက ပြောသည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း အိမ်မဲပါတီကော်မတီ ဝင်းများနှင့် ၂၅ မြို့နယ်မြောက် တွေ့ဆုံ

(၈ နိုဝင်ဘာ ၂၀၁၇ )

Read more

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းYouth in Leadership (Batch-9) သင်တန်းသားသင်တန်းသူများနှင့်တွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ National Enlightenment Institute သင်တန်းကျောင်း၏ Youth in Leadership (Batch-9) မှ ဒေါ်ရည်မွန်ဆု ခေါင်းဆောင်သည့် သင်တန်းသား သင်တန်းသူ စုစု ပေါင်း ၅၃ ဦးတို့သည် နေပြည်တော်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ်သို့ လာရောက်လေ့လာစဉ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာန ချုပ်မှ ဗဟိုအလုပ်အမှုဆောင် ပညာရေးရာဌာနကြီးတာဝန်ခံ ဦးလှသိန်းသည် ပါတီဌာနချုပ်၏ သင်တန်းကျောင်းခန်းမ၌ ယနေ့ မွန်းလွဲ ၁ နာရီခွဲတွင် တွေ့ဆုံခဲ့သည်။

Read more

ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တနသာင်္ရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ပါတီဝင်ထုနှင့်တွေ့ဆုံ

တနသာင်္သာရီ နိုဝင်ဘာ ၈

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး နှင့် မကွေးတိုင်း စေတုတ္တရာမြို့နယ်နှင့်ငဖဲမြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်များ တွေ့ဆုံ

9-11-2017 ကြာသာပတေးနေ့
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးသည် 9-11-2017 ရက်နေ့ ကြာသာပတေးနေ့ နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး စေတုတ္တရာမြို့နယ်နှင့် ငဖဲမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးများတွင် ကျင်းပပြုလုပ်သည့် မြို့နယ်အတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံပွဲသို့တက်ရောက်ခဲ့ပါသည်။
အခမ်းအနားသို့ ဗဟိုအတွင်းရေးမှူးဦးပိုက်ထွေး ၊ ဗဟိုအလုပ်အမှုဆောင် မကွေးတိုင်းပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေးနှင့် တိုင်းပါတီကော်မတီဝင်များ ၊ ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များ ၊ စေတုတ္တရာမြို့နယ် ပါတီဝင်များ၊ ငဖဲမြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ပါတီဥက္ကဋ္ဌကြီး၏လမ်းညွှန်ချက်များ ၊ ပါတီ၏ရှေ့ဆက်သွားမည့် လုပ်ငန်းစဉ်များ၊ စည်းရုံးရေးလုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အတွင်းရေးမှူးနှင့်အဖွဲ့အား လက်ခံတွေ့ဆုံ

နေပြည်တော် နိုဝင်ဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်းသည် ယနေ့မွန်းလွဲ ၁ နာရီက အိန္ဒိယနိုင်ငံ ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး Mr.S.B. Joshi နှင့်အဖွဲ့ဝင် လေးဦးတို့အား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
တွေ့ဆုံရာသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ဗဟိုအတွင်းရေးမှူးဦးတင်အောင်ချစ်၊ ဗဟိုအလုပ်အမှုဆောင်ဦးခင်ရီ၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာပွင့်ဆန်းတို့ တက်ရောက်ခဲ့ပြီး ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

Read more

ကရင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်တွေ့ဆုံပွဲနှင့် နှုတ်မှုစွမ်းရည်ပြိုင်ပွဲများကျင်းပ

ကရင်ပြည်နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒေါန ခန်းမ၌ ယခုလ ၅ ရက်က လူငယ်တွေ့ဆုံပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲသို့ဗဟိုအလုပ်အမှုဆောင် လူငယ်ရေးရာတာဝန်ခံ ဒေါက်တာအောင်မြတ်ဦး၊ ဗဟိုအလုပ်အမှု ဆောင် ကရင်ပြည်နယ် တာဝန်ခံဦးသူရိန်ဇော်၊ ဗဟို အလုပ်အမှုဆောင် ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဦးစောမြင့်ဦးနှင့် တာဝန်ရှိ သူများတက်ရောက်ခဲ့သည်။

Read more