အာဂျင်တီးနားအသင်း ကမ္ဘာ့ဖလားရပါက မိုင် ၄၀ကျော် လမ်းလျှောက်မည်ဟု မက်ဆီပြောကြား

၂၀၁၈ ကမ္ဘာ့ဖလားကို အာဂျင်တီးနားအသင်းရမည် ဆိုပါက မွေးရပ်မြို့ ရိုဆာရီယိုမှ မိုင် ၄၀ ကျော် ကွာဝေးသော ဆန်နီကိုးလာ့စ်မြို့သို့ ခြေကျင်လျှောက် သွားမည်ဟု ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီက ပြောကြားသည်။

မော်စကိုတွင် ရုရှား၊ နိုင်ဂျီးရီးယားတို့နှင့် ခြေစမ်းပွဲမပြိုင်မီ လာမည့်နွေရာသီ၌  ရုရှားနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၌ ဖလားရပါက ရိုဆာရီယိုမှ ဆန်နီကိုးလာ့စ်သို့ ခြေကျင်ဘုရားဖူးသွားသူများနှင့်အတူ လိုက်ပါ လမ်းလျှောက်မည်ဟု မက်ဆီက ပြောသည်။

Read more

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အေမာခန်း အပြင်းအထန် ပြန်လေ့ကျင့်

ကမ္ဘာ့လက်ဝှေ့ချန်ပီယံဟောင်း အေမာခန်းအနေနဲ့ လက်ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီးနောက်ပိုင်း လက်ဝှေ့ကြိုးဝိုင်းအတွင်း ပြန်လည်ဝင်ရောက်နိုင်ဖို့ လေ့ကျင့်နေပါတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ မေလက အဲဗာရက်စ်ကို ရှုံးနိမ့်ပြီးနောက်ပိုင်း လက်ခွဲစိတ်ခဲ့ရတဲ့အတွက် လက်ဝှေ့လောကကနေ ခေတ္တအနားယူနေတာလည်း ဖြစ်ပါတယ်။

အေမာခန်းဟာ ပြီးခဲ့တဲ့ရက်က သူ့ရဲ့ အင်စတာဂရမ်မှာ လက်ဝှေ့ အပြင်းအထန် လေ့ကျင့်နေတဲ့ ဗွီဒီယို တင်ခဲ့ပြီး အဆိုးရွားဆုံးတွေကို ကျော်ဖြတ်လာနိုင်ခဲ့ပြီလို့ ရေးသားခဲ့တာပါ။

Read more

“ခြေတွေ လက်တွေ မရှိလည်း ပြဿနာမရှိပါဘူး” ဗီယာထရစ်ဆီ ဗီအို

ဗီယာထရစ်ဆီဗီအိုဆိုတာ မသန်စွမ်းဝီးချဲဓားခုတ်အားကစားမယ်လေး ဖြစ်ပါတယ်။ အီတလီနိုင်ငံမှာတော့ သူမက ထင်ပေါ်ကျော်ကြားသူပါ။ ဗီအိုဟာ ငယ်စဉ်ကတည်းက ဓားခုတ် အားကစားနည်းကို ၀ါသနာပါခဲ့သူဖြစ်ပေမယ့် ကံမကောင်းအကြောင်းမလှလို့ ပြင်းထန်ဦးနှောက်အမှေးပါးရောင်ရောဂါကြောင့် သူမရဲ့ လက်နှစ်ဖက် နဲ့ခြေထောက်နှစ်ဖက်ကို ဆုံးရှုံးခဲ့ ရပါတယ်။

Read more

ကန် နဲ့ တရုတ် ပူးပေါင်းဖို့ ထရမ့် လိုလား

အမေရိကန်သမ္မတ ထရမ့်က တရုတ်သမ္မတ ရှီဂျင်းပင်နဲ့ မနေ့က တွေ့ဆုံပွဲအပြီးမှာ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံ လက်တွဲပူးပေါင်းမယ်ဆိုရင် ကမ္ဘာပေါ်ကပြဿနာအားလုံးကို ဖြေရှင်းနိုင်မှာဖြစ်တယ်လို့ ပြောကြား လိုက်ပါတယ်။

၂ နိုင်ငံကုန်သွယ်ရေး မမျှမတဖြစ်နေတာနဲ့ ပတ်သက်လို့တော့ အတိတ်က လုပ်ဆောင်ခဲ့တာတွေအတွက် တရုတ်ပြည်ကို အပြစ်တင်မနေတော့ပါဘူးလို့ ပြောကြားရင်း မြန်မြန်ဆန်ဆန် ပြင်ဆင်လုပ်ကိုင်ဖို့ တိုက်တွန်းခဲ့ ပါတယ်။

Read more

အိန္ဒိယတွင် စာသင်ကျောင်းများ ပိတ်ရသည့်အထိ မီးခိုးမြူဖုံးမှုက ပြည်သူ့ ကျန်းမာရေး အရေးပေါ်အဆင့် ရှိနေ

နယူးဒေလီ၊ နိုဝင်ဘာ ၁၀

အိန္ဒိယနိုင်ငံတွင် အဆိပ်အတောက်ဖြစ်စေနိုင်သော လေထုညစ်ညမ်းမှုမှ အန္တရာယ်များသည့် မီးခိုးမြူဖုံးမှု ဖြစ်ပွားနေသည်မှာ သုံးရက်ဆက်တိုက်   ရောက်လာပြီး နိုင်ငံမြောက်ပိုင်းတစ်ခွင်က စာသင်ကျောင်းများကို နိုဝင်ဘာ ၉ ရက်တွင် ပိတ်ထားရပြီ ဖြစ်သည်။

ထိုပြဿနာအား အစိုးရအနေဖြင့် အားချင်းဖြေရှင်းပေးရန် တောင်းဆိုမှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာလျက် ရှိကာ ဆရာဝန်များက ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုနေသည်။

Read more

တရုတ်အစိုးရက လိပ်ပြာမှောင်ခိုသမားတွေကို ထောင်ဒဏ်နဲ့ငွေဒဏ်များ ချမှတ်

တရုတ်နိုင်ငံအတွင်း ထောင်နဲ့ချီတဲ့ လိပ်ပြာအသေများ ခိုးသွင်းခဲ့သူ ၃ ဦးကို ထောင်ဒဏ်များ အသီးသီး ချမှတ် လိုက်ကြောင်း အစိုးရသတင်းဌာနက ပြောပါတယ်။

တရုတ်အာဏာပိုင်တွေက ၂၀၁၆ ခုနှစ် အစောပိုင်းမှာ အဝတ်အထည်များ ထည့်သွင်းသယ်ဆောင်လာတယ် လို့ ထင်ခဲ့ကြတဲ့ အထုပ်တွေကို ဖွင့်ဖောက်စစ်ဆေးခဲ့ရာမှ အရောင်စုံ လိပ်ပြာအသေ အများအပြားကို ရှာဖွေ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Read more

ဥရောပကို အကာကွယ်ပေးနိုင်ရန် စစ်အခြေစိုက်စခန်း ၂ ခု နေတိုး တည်ဆောက်မည်

ရုရှားနဲ့ပဋိပက္ခဖြစ်ပွားခဲ့ရင်  ဥရောပကို အကာအကွယ်ပေးနိုင်ဖို့အတွက်  စစ်အခြေစိုက်စခန်းသစ် ၂ ခု တည်ဆောက်မယ့် အစီအစဉ်ကို နေတိုးမဟာမိတ်အဖွဲ့ဝင်တွေက ထောက်ခံခဲ့ကြ ပါတယ်။

ရုရှားအရေးကိစ္စအပြင်၊ ဥရောပကို ခြိမ်းခြောက်မှုတွေကို အလျင်အမြန်တုံ့ပြန်နိုင်ဖို့  အတ္တလန္တိတ် ထိန်းချုပ်ရေး စင်တာနဲ့ ထောက်ပံ့ပို့ဆောင်ရေး ထိန်းချုပ်စင်တာတို့ကို တည်ဆောက် သွားဖို့ နေတိုးတပ်ဖွဲ့ ကာကွယ်ရေး ဝန်ကြီးတွေက သဘောတူခဲ့ကြပါတယ်။

Read more

အိပ်ပျော်နေရင်း အဆီကျနိုင်မယ့် နည်းလမ်း (၅) ခု

သင်က ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူ တစ်ယောက်ဆိုရင် ညအချိန်မှာ အိပ်နေရင်းနဲ့ အဆီကျနိုင်မယ့် ဒီနည်းလမ်း (၅) ခုက သင့်အတွက် စိတ်ဝင်စားစရာ ဖြစ်ပါလိမ့်မယ်။

(၁) မအိပ်ခင် မစ်ခ်ရှိတ် တစ်ခုခုသောက်ပါ

Read more

မိုဘိုင်းဂိမ်းများကို အကန့်အသတ်မရှိ ရယူနိုင်မယ့် APPBOX App ကို MPT မိတ်ဆက်

နေ့စဉ်ကြေး ၂၅ဝ ကျပ်နဲ့ မိုဘိုင်းဂိမ်းတွေကို အကန့်အသတ်မရှိ ရယူနိုင်မယ့် APPBOX Application ကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT က ယနေ့မိတ်ဆက် လိုက်ပါတယ်။ ဂိမ်းစတိုး Application တစ်ခုဖြစ်တဲ့ APPBOX Application ကို MPT ဆင်းမ်ကတ် သုံးဆွဲသူတွေ အနေနဲ့သာ ထည့်သွင်း ကစားနိုင်မှာဖြစ်ပြီး Android စနစ်သုံး ဖုန်းများတွင်သာ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။

Read more

မျက်နှာပြင်အပြည့် စမတ်ဖုန်းခေတ်အတွက် အသင့်ဖြစ်နေတဲ့ OPPO F5 Youth

မိုဘိုင်းဖုန်းထုတ်ကုန်တွေရဲ့ရေစီးကြောင်းဟာ ၂၀၁၇ခုနှစ် မကုန်ခင်အချိန်မှာ ပြောင်းလဲမှုတစ်ခုအသွင် အဖြစ်ပေါ်ထွက် လာခဲ့ပါပြီ။ ဖုန်းတစ်လုံးကို ချက်ချင်းကိုင်တွယ်အသုံးပြုချိန်မှာ သိသိသာသာမြင်တွေ့ရတဲ့ အချက်ကတော့ ဖုန်းမျက်နှာပြင်ပါပဲ။ အသုံးပြုသူတွေဟာ ဖုန်းတစ်လုံးရဲ့မျက်နှာပြင်အရွယ်အစားကိုရွေးချယ် လာကြတဲ့အပြင် Full Screen မျက်နှာပြင်အပြည့်ဖုန်းတွေကို ပိုပြီးစိတ်ဝင်တစား စောင့်ကြည့်လာကြ တယ်ဆိုတာကို ဈေးကွက်အခြေအနေတွေအရတွေ့ရှိရပါတယ်။

Read more