နည်းပြတိုနီပူးလစ်ကို ၀က်စ်ဘရွန်းအသင်းထုတ်ပယ်

ဝက်စ်ဘရွန်းအသင်းဟာ ရလဒ်တွေဆိုးရွားနေတဲ့ နည်းပြတိုနီပူးလစ်ကို ထုတ်ပယ်လိုက်ပြီလို့ ကြေညာသွားခဲ့ ပါတယ်။

တိုနီပူးလစ်ဟာတန်းမဆင်းရအောင် စွမ်းဆောင်နိုင်သည့် နည်းပြတစ်ဦးအဖြစ် အသိအမှတ်ပြုခံထားရ ပေမယ့်လည်း ၀က်စ်ဘရွန်းအသင်းမှာ ၁၀ပွဲဆက်နိုင်ပွဲပျောက်နေပြီး ၂၀၁၇၊ ဖေဖေါ်ဝါရီလနောက်ပိုင်းတွင် ပရီးမီးယားလိဂ်နိုင်ပွဲသုံးပွဲသာရရှိအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

အဲဒီသုံးပွဲထဲက နှစ်ပွဲကိုဒီရာသီမှာရယူနိုင်ခဲ့ပြီး အသင်းက အဆင့် ၁၇နေရာမှာရပ်တည်နေရတာကြောင့် တိုနီပူးလစ်အနေနဲ့ အခုလို ထုတ်ပယ်ခံလိုက်ရတာဖြစ်ပါတယ်။

Read more

ကာဂျစ္စတန်-မြန်မာပွဲနှင့်ပတ်သက်၍ အေအက်ဖ်စီ၏ ဆုံးဖြတ်ချက်ကို မကျေနပ်ပါက အယူခံဝင်မည်

 

လုံခြုံရေးအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် ကာဂျစ္စတန်နှင့် မြန်မာအသင်းတို့၏ အာရှဖလားခြေစစ်ပွဲနှင့် ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC)က နိုဝင်ဘာ ၂၄ ရက်တွင် ဆုံးဖြတ်မည်ဖြစ်သော်လည်း ဆုံးဖြတ် ချက်ကို မကျေနပ်ပါက အယူခံဝင်မည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းက ပြောသည်။

Read more

မြောက်ကိုရီိးယားက အကြမ်းဖက်မှုထောက်ပံ့သူဟု ဒေါ်နယ်ထရမ့် ကြေညာမည်ဟု ဆို

ဝါရှင်တန်၊ နိုဝင်ဘာ ၂၁

 မြောက်ကိုရီိးယားနိုင်ငံအား အကြမ်းဖက်မှု ထောက်ပံ့သည့်နိုင်ငံအဖြစ် ကြေညာမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၂၀ ရက်က ပြောလိုက်သည်။

အကြမ်းဖက်ဝါဒ ထောက်ပံ့သော နိုင်ငံများအဖြစ် အီရန်၊ ဆီးရီးယားနှင့် ဆူဒန်တို့၏ စာရင်းတွင် အာရှနိုင်ငံ ဖြစ်သော မြောက်ကိုရီးယားကိုပါ ထည့်သွင်းသွားမည်ဖြစ်သည်။

Read more

အာဖဂန်ရှိ တာလီဘန် ဘိန်းချက် ဓာတ်ခွဲခန်းများကို အမေရိကန်လေတပ် ဗုံးကြဲဖျက်ဆီး

အာဖဂန်နစ္စတန်ရှိ ဘိန်းချက်လုပ်ရာ ဓာတ်ခွဲခန်းများကို အမေရိကန် လေတပ်က ဗုံးကြဲ ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် သီတင်းပတ်ကုန်က အာဖဂန် မြောက်ပိုင်းရှိ ဟယ်လ်မန်ဒေသတွင် လေတပ်၏ မဟာဗျူဟာ ဗုံးကြဲလေယာဉ်များ၊ တိုက်လေယာဉ်များကို အသုံးပြုကာ ဘိန်းချက်လုပ်သည့် စခန်းများနှင့် ဓာတ်ခွဲခန်းများကို ဖျက်ဆီးခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်က အတည်ပြု ထုတ်ပြန်ခဲ့သည်။

Read more

ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ အိုက်ဂါလူမျိုး ၂၀ ဦး ထွက်ပြေး လွတ်မြောက်

ထိုင်းနိုင်ငံတွင်း ထိန်းသိမ်းခံထားရသည့် ဝီဂါတိုင်းရင်းသားအချို့

တရုတ်နိုင်ငံမှ မွတ်စလင်အိုက်ဂါလူမျိုး ၂၀ ဦးသည် ထိုင်း-မလေးရှား နယ်စပ်အနီး ထိန်းသိမ်းရေးစင်တာ တစ်ခု၏ နံရံများကို အပေါက်များ တူးဖောက်ကာ စောင်များကို လှေကားများအဖြစ် အသုံးပြု၍ ထွက်ပြေးသွား ကြောင်း ထိုင်းအရာရှိများက နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။

Read more

စစ်အုပ်ချုပ်ရေးအောက် ထိုင်းစီးပွားရေးစံချိန်တင် အကောင်းဆုံးဖွံ့ဖြိုး

၂၀၁၄ မေလအတွင်း အရပ်သားအစိုးရကိုဖြုတ်ချကာ တက်လာသည့် စစ်အစိုးရအနေဖြင့် နိုင်ငံ၏ စီးပွားရေးကို နာလံထူဦးမော့စေမည်ဟု ကတိပြုထားသည် –

 ထိုင်းနိုင်ငံတွင် စစ်အုပ်ချုပ်ရေးအောက် သုံးနှစ်တာကာလအတွင်း စီးပွားရေးအလျင်မြန်အဖွံ့ဖြိုးဆုံး သုံးလတာ စံချိန်တင် ဖွံ့ဖြိုးကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်လိုက်သည်။

Read more

အမ်ပီတီက ဖုန်းဘီလ်ပိုဖြတ်ထားပါက သုံးစွဲသူများသို့ ပြန်လည်ဖြည့်ပေးရန် စီစဉ်နေကြောင်း ဝန်ကြီးပြော

 မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း (MPT)သည် ပိုမိုဖြတ် တောက်ထားသော ဖုန်းအသုံးပြုခများကို သုံးစွဲသူများထံ ပြန်လည်ဖြည့်ပေးရန် စိစစ်ဆောင်ရွက်နေကြောင်း ရန်ကုန်တိုင်း လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ၌ ဖုန်းအော်ပရေတာအဖြစ် MPT၊ တယ်လီနော၊ အူရီးဒူးတို့က ဆောင်ရွက်နေပြီး MPT ဖုန်းသုံးစွဲသူများကို အသုံးပြုခ ကျသင့်သည်ထက် ပိုမိုဖြတ်တောက်နေ ၍ သုံးစွဲသူများ၏ တင်ပြချက်များကို စိစစ်နေကြောင်း ဝန်ကြီးကပြောသည်။

Read more

ပြာသာဒ်ကြီးဘုရားမှ ပြန်လည်မွမ်းမံဆေးသုတ်သော ဆင်းတုတော်များသည် ရှေးဟောင်းလက်ရာ မဟုတ်ကြောင်း တာဝန်ရှိသူပြော

ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေရှိ ပြာသာဒ်ကြီးဘုရားမှ ပြန်လည်မွမ်းမံပြင်ဆင်သော ဆင်းတုတော်သည် ရှေးဟောင်းလက်ရာမဟုတ်ဘဲ အသစ်ပြန်လည်တည်ထားသည့် ဆင်းတုတော်ဖြစ်ပြီး ကျွမ်းကျင်ပညာရှင် များက ကြီးကြပ်ကာ ရောင်တော်ဖွင့်သည့်အနေဖြင့် ရေဆေးပြန်သုတ်ခြင်းဖြစ်ကြောင်း ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာန ဒုညွှန်ကြား ရေးမှူး ဦးအာကာကျော်ကပြောသည်။

Read more

အိန္ဒိယနဲ့ မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှု စတင်

 အိန္ဒိယနဲ့ မြန်မာစစ်တပ်အကြား ပထမဦးဆုံး ပူးတွဲ စစ်ရေးလေ့ကျင့်မှုကို အရှေ့မြောက်ပိုင်း Meghalaya ပြည်နယ်၊ Umroi မှာ နိုဝင်ဘာလ ၂၀ရက်၊ တနင်္လာနေ့က စတင်ကျင်းပခဲ့ပါတယ်။ မြန်မာစစ်တပ်ဘက်က အရာရှိ ၁၅ ဦးနဲ့ အိန္ဒိယစစ်တပ်ဘက်က အရာရှိ ၁၆ ဦးတို့ စုစုပေါင်း ပါဝင်ခဲ့တဲ့ ၆ ရက်ကြာ 2017 IMBAX ခေါ် ၂၀၁၇ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုဟာ ဒီသီတင်းပတ် စနေနေ့အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။

Read more

ဝန်ကြီးဌာနနှစ်ခုတိုးချဲ့ပြီး ၀န်ကြီးနှစ်ဦးခန့်အပ်လိုကြောင်း လွှတ်တော်ကို သမ္မတတင်ပြ

ပြည်ထောင်စုဝန်ကြီးဌာနနှစ်ခု တိုးချဲ့ဖွဲ့စည်းကြောင်းနဲ့ ၀န်ကြီးနှစ်ဦးကို ခန့်အပ်တာဝန်ပေးလိုကြောင်း နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ တင်ပြလိုက်ပါတယ်။ တိုးချဲ့ဖွဲ့စည်းဖို့ တင်ပြခဲ့တဲ့ဝန်ကြီးဌာန နှစ်ခုကတော့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာနတို့ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအတွက် အမျိုးသားလုံခြုံရေး ဆိုင်ရာအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်း က တာဝန်ယူမှာဖြစ်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအတွက် လက်ရှိနိုင်ငံခြားရေး ဒုတိယ၀န်ကြီး ဦးကျော်တင်က တာဝန်ယူမှာဖြစ်တယ်လို့သိရပါတယ်။ လက်ရှိမှာတော့ ၀န်ကြီးဌာန (၂၂)ခုရှိပြီး အသစ်ထပ်မံတင်ပြလိုက်တဲ့ ၀န်ကြီးဌာန (၂)ခုတိုးလာမယ်ဆိုရင် (၂၄)ခုရှိလာမှာဖြစ်ပါတယ်။

Read more