NCA ၏အဓိက ရည်မှန်းချက်သည် ထာဝရငြိမ်းချမ်းရေးဟု ဗိုလ်ချုပ်ကြီးရာပြည့် ပြော

NCA ၏အဓိက ရည်မှန်းချက်က ထာဝရငြိမ်းချမ်းရေးဖြစ်သည်ဟု JMC-U  ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီး ရာပြည့်က ပြော ဆိုလိုက်သည်။ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ၁၃ ကြိမ် မြောက် ပြုလုပ်နေသည့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ  (JMC-U) ၏ ပုံမှန်အစည်းအဝေး အဖွင့်မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုလိုက်ခြင်း ဖြစ်သည်။

Read more

တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာ ကျေးရွာလုံးကျွတ်နီးပါး ပါတီဝင်အဆိုပြုလွှာ ပေးအပ်ပွဲ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့် ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်း တက်ရောက် အားပေး

တောင်ငူ နိုဝင်ဘာ ၂၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးသန်းဌေးသည် နိုဝင်ဘာ ၂၁ ရက်နေ့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်တွင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် ဒိုးတောင်ကျေးရွာအုပ်စု ရေချိုးချောင်းကျေးရွာမှ အသက်ပြည့်ပြီး ဖြစ်သည့် ကျေးရွာသားအားလုံးနီးပါး ကျေးရွာလုံးကျွတ်ပါတီဝင်ခဲ့ကြသည့် ပါတီဝင်များမှ ပါတီဝင်အဆိုပြုလွှာနှင့် ပါတီဝင်ကြေးပေးအပ်ပွဲအခမ်းအနားကို တက်ရောက်ဂုဏ်ပြု ချီးမြှင့်ခဲ့သည်။

Read more

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး

ကယားပြည်နယ်၊ ဖရူဆိုမြို့

၂၀၁၇ခုနှစ် နိုဝင်ဘာလ(၂၀)ရက်

၂၀၁၇ခုနှစ် နိုဝင်ဘာလ (၂၀)ရက်နေ့ နံနက် (၁၀း၁၅)နာရီအချိန် ကယား ပြည်နယ် ဖရူဆိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဖရူဆိုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တွေ့ဆုံပွဲ အစည်းအဝေး အခမ်းအနား ကျင်းပပြုလုပ်ပါသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး ကရုဏာကမ္ဘာဘိုးဘွားရိပ်သာသို့ အလှူငွေကျပ် ၁ဝ သိန်း သွားရောက်လှူဒါန်း

နေပြည်တော် နိုဝင်ဘာ ၁၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၏ မွေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော်ရှိ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာသို့ငွေကျပ်၁ဝသိန်းအား ယမန်နေ့နံနက်ပိုင်းက သွားရောက်လှူဒါန်းခဲ့သည်။

နေပြည်တော်ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာတွင် လက်ရှိနားခို လျက်ရှိကြသော တပ်မတော်သား အငြိမ်းစား များနှင့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ နားခိုနေထိုင်ကြသည့်အချိန်များ၌ လိုအပ်သော ဝေယျာဝစ္စများတွင် ထည့်ဝင် သုံးစွဲနိုင်ရန် ဥက္ကဋ္ဌဦးသန်းဌေးက မွေးနေ့အထိမ်းအမှတ်အနေဖြင့် သွားရောက်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီးမှ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဋ္ဌေးအား မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူနိုင်ငံသံအမတ်ကြီး H.E Mr.Robert Chua မှ ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့ (၁၁း၀၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဋ္ဌာနချုပ် နေပြည်တော် ဧည့်ခန်းမတွင် လာရောက်တွေ့ဆုံသည်။

ယင်းသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး ၊ ပူးပေါင်းဆောင်ရွက်ရေး နှင့် မြန်မာ့နိုင်ငံရေးအခြေအနေ ဖြစ်ပေါ်ပြောင်းလဲမှုများအား ဆွေးနွေးခဲ့ကြသည်။

Read more

ရခိုင်တိုင်းရင်းသားတွေရဲ့ ဆန္ဒကို အလေးထားရမှာဖြစ်ကြောင်း ကာ/ချုပ် ပြောကြား

ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ကြသူတွေအနေနဲ့ တကယ့် မြန်မာနိုင်ငံသား အစစ်အမှန်တွေက ပြန်လည် လက်ခံဖို့ အသင့်ဖြစ်တဲ့အချိန်ကျမှ ပြန်လာနိုင်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ နိုဝင်ဘာ ၁၅ ရက်နေ့က နေပြည်တော်မှာ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ တွေ့ဆုံစဉ်အတွင်း ပြောကြား ခဲ့တာပါ။

Read more

ကမ္ဘာတစ်ဝန်းရှိ မြန်မာပြည်ဖွား တရုတ်လူမျိုးများ တွေ့ဆုံပွဲနှင့် စီးပွားရေးဖိုရမ် မန္တလေးတွင် ကျင်းပမည်

 

ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးသို့ ရောက်ရှိနေသော မြန်မာနိုင်ငံတွင် မွေးဖွားသည့် တရုတ်လူမျိုးများကို ဖိတ်ခေါ်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး တွေ့ဆုံပွဲနှင့် စီးပွားရေးဆိုင်ရာ ဖိုရမ်တစ်ခုကို မန္တလေးမြို့၌ သုံးရက်ကြာ ကျင်းပမည်ဟု မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း ဒု ဥက္ကဋ္ဌ ဦးစက်တီက ပြောသည်။

Read more

မြန်မာခရီးစဉ်တွင် ရိုဟင်ဂျာအသုံးအနှုန်းရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကိုဖီအာနန်တိုက်တွန်း

မြန်မာနိုင်ငံခရီးစဉ်အတွင်း ရိုဟင်ဂျာဟူသည့်အသုံးအနှုန်းကို ရှောင်ရှားရန် ပုပ်ရဟန်းမင်းကြီးအား ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ဟောင်းကိုဖီအာနန်က တိုက်တွန်းပြောကြားခဲ့ကြောင်း ရိုက်တာ သတင်းတစ်ရပ်တွင်ဖော် ပြသည်။ ကိုဖီအာနန်သည် နိုဝင်ဘာ ၆ ရက်က ဗာတီကန်နန်းတော်သို့ သွားရောက်၍ ပုပ်ရဟန်းမင်းကြီး နှင့်တွေ့ဆုံပြီး ပုပ်ရဟန်းမင်းကြီး မြန်မာနိုင်ငံသို့ မသွားရောက်မီ ၎င်း၏ရခိုင်ဒေသရေးရာ အစီရင်ခံစာကို ဖတ်ရှုနိုင်ရန်ပေးအပ်ခဲ့ သည်ဟု ရိုက်တာကဖော်ပြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် ၊ အမှတ်စဉ် ( ၅ / ၂၀၁၇ )

၁၃၇၉ ခုနှစ် ၊ တန်ဆောင်မုန်းလဆုတ် ( ၁၃ ) ရက်
၂၀၁၇ ခုနှစ် ၊ နိုဝင်ဘာလ ( ၁၆ ) ရက်


Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကယားပြည်နယ် နယ်မြေ တာဝန်ခံနှင့် ပြည်နယ်ပါတီ ခရိုင်ပါတီများနှင့် မြို့နယ်ပါတီများ လုပ်ငန်း ညှိနိုင်းအစည်းအဝေး

ကယားပြည်နယ်၊ လွိုင်ကော်၊ နိုဝင်ဘာလ (၁၆) ရက်

၁၆-၁၁-၂၀၁၇ ရက်နေ့ နံနက်(၁၀း၃၀)နာရီ အချိန်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အောက်ထပ် အစည်းအဝေးခန်းမတွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ   လွိုင်ကော်ခရိုင်၊ ဘောလခဲခရိုင်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်၊ ရှားတောမြို့နယ်၊ ဘောလခဲမြို့နယ်၊ ဖါးဆောင်းမြို့နယ်နှင့် မယ်စဲ့မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌများ၊ အတွင်း ရေးမှူးနှင့် ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ပါသည်။

Read more