ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် လေအေးပေးစနစ်ကို စိုက်ပျိုးရေးလုပ်ငန်းများတွင် စတင်အသုံးပြု

 ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုသွားမယ့် လေအေးပေးစနစ်ကို ကာတာနိုင်ငံရဲ့ လယ်ယာ စိုက်ပျိုးရေး လုပ်ငန်းတွေမှာ စတင်အသုံးနေပြီဖြစ်ကြောင်း သိရပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပမယ့် ဘောလုံးကွင်းတွေမှာ အသုံးပြုသွားမယ့် အအေးပေးစနစ်က အလွန်အရေးပါတဲ့ ကဏ္ဍတစ်ရပ်မှ ပါဝင်နေကြောင်း ကာတာအမွေအနှစ် ထိန်းသိမ်းရေးနဲ့ လက်ဆင့်ကမ်းရေးကော်မတီ အထွေထွေအတွင်းရေးမှုး ဟတ်ဆန်အယ်လ်သာဝတီက ပြောကြားခဲ့ပါတယ်။

Read more

မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တရုတ်ပြောကြား

Photo: AFP 

အခြေအနေ ပိုတင်းမာအောင်လုပ်နေမယ့်အစား မြောက်ကိုရီးယားနဲ့ဆွေးနွေးဖို့ နိုင်ငံတွေက ပိုဆောင်ကြဉ်း နိုင်မယ် လို့ မျှော်လင့်တဲ့အကြောင်း တရုတ်နိုင်ငံက အင်္ဂါနေ့မှာ ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားဟာ အကြမ်းဖက်မှုကို ထောက်ခံအားပေးတဲ့နိုင်ငံလို့ အမေရိကန်က ကြေညာပြီးတဲ့နောက် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူ Lu Kang က ဝေဖန်တာတွေ ရပ်တန်းကရပ်လိုက်ပြီး ကိုရီးယား ကျွန်းဆွယ် အခြေအနေဟာ အတော့်ကို အတိမ်းအစောင်းမခံတဲ့ အနေအထားမှာရှိနေတာမို့ အတိုက်အခံတွေ လုပ်နေမယ့်အစား ကာယကံရှင်တွေအားလုံးကို ဆွေးနွေးပွဲစကားဝိုင်းကို ခေါ်ယူတာက ပိုအလုပ်ဖြစ်ပါလိမ့်မယ် လို့ ပြောတာပါ။

Read more

သမ္မတ ရာထူးမှ မူဂါဘီ နုတ်ထွက်ပြီးနောက် ဇင်ဘာဘွေ ပြည်သူများ အောင်ပွဲခံ

သမ္မတ ရောဘတ်မူဂါဘီ နုတ်ထွက်ကြောင်း ကြေညာလိုက်သည့်နောက် ဇင်ဘာဘွေ တစ်နိုင်ငံလုံး သောင်းသောင်းဖြဖြ အောင်ပွဲခံနေခဲ့ကြောင်း သိရသည်။အသက် ၉၃ နှစ် ရှိပြီဖြစ်သော မူဂါဘီသည် နာမည် ဆိုးဖြင့် ကျော်ကြားသည့် အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ်ခံရပြီး ဇင်ဘာဘွေကို ၃၇ နှစ်ကြာ အုပ်ချုပ်ခဲ့ သည်။ ၎င်းက မိမိ၏ နေရာကို ဘုရားသခင်မှလွဲ၍ ဖယ်ရှားနိုင်သူ မရှိဟု တစ်ချိန်က ကြွေးကြော်ခဲ့ဖူး သည်။

Read more

Wechat ကုမ္ပဏီက ဖေ့စ်ဘုတ်ကို ကျော်တက်

တရုတ်နိုင်ငံက အကြီးဆုံး လူမှုကွန်ရက်နဲ့ ဂိမ်းကုမ္ပဏီ တဲန်းဆန့် ဟိုးဒင်းစ်ရဲ့ တန်ဖိုးဟာ ဖေ့စ်ဘုတ်ကုမ္ပဏီ ထက် ကျော်လွန်သွားပြီဖြစ်ပါတယ်။ တနင်္လာနေ့က တဲန်းဆန့်ရဲ့ ဈေးကွက်တန်ဖိုးက ဒေါ်လာ ၅၂၂ ဘီလီယံ ရှိပြီး ဖေ့စ်ဘုတ်က ဈေးကွက်တန်ဖိုး ဒေါ်လာ ၅၁၉ ဘီလီယံ ရှိတာ ဖြစ်ပါတယ်။

Read more

တောင်ငူခရိုင် လူငယ်ရေးရာတွေ့ဆုံပွဲ အခမ်းအနားသို့ ပါတီ ဥက္ကဋ္ဌ နှင့် ဒုဥက္ကဋ္ဌ တက်ရောက်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတွေ့ဆုံပွဲကို နိုဝင်ဘာလ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တောင်ငူခရိုင် ပြည်ခိုင်ဖြိုးရုံးတွင် ကျင်းပရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းနှင့် ဗဟိုပါတီကော်မတီဝင်များ တက်ရောက်ခဲ့သည်။ လူငယ်တွေ့ဆုံပွဲ အခမ်းအနားအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံအား အလေးပြုကြပြီး နိုင်ငံတော်သီချင်းအား သံပြိုင် သီဆိုဖွင့်လှစ်ခဲ့သည်။နိုင်ငံတော်သီချင်း သံပြိုင်သီဆိုပြီးနောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဋ္ဌ ဦးမြတ်ဟိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ အစီအစဉ်အရ တောင်ငူခရိုင် ရေတာရှည်မြို့နယ် မြို့နယ်အရံကော်မတီဝင် လူငယ်ရေးရာတာဝန်ခံ မောင်ဇော်ရှင်းမှ လူငယ်ရေးရာ လုပ်ငန်းစဉ်များအားရှင်းလင်းတင်ပြသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ လူငယ်မောင်မယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ရာ ပါတီဝင်လူငယ်တစ်ဦးမှလက်ခံရယူသည်။

Read more

နေ့တိုင်း ငါးကြီးဆီ စားရင် ပြောင်းလဲလာမယ့် သင့်ကျန်းမာရေး

 

နှလုံး ကျန်းမာရေးကို တိုးတက်စေ ငါးကြီးဆီမှာ Omega-3 Fatty Acids ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာ ကြောင့် နှလုံးကျန်းမာရေးကို တိုးတက်စေပါတယ်။ နှလုံးခုန်နှုန်းမမှန်ခြင်းနဲ့ ရုတ်တရပ် နှလုံးရပ်တန့်ခြင်းနဲ့ လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။

Read more

ကျန်းမာရေးကောင်းမွန်စေရန် သကြားဓာတ်နည်းသော သစ်သီးများကို ရွေးချယ်စားသုံးပါ

သစ်သီးအားလုံးတွင် သကြားဓာတ် ပါဝင်သော်လည်း အချို့သော သစ်သီးများတွင် သကြားဓာတ် ပါဝင်မှု မြင့်မားသည်။ သွေးထဲရှိ သကြားဓာတ်ကို ထိန်းချုပ်လိုသူများသည် ယမာကာ သောက်သုံးမှု၊ ချောကလက် (သို့မဟုတ်) သကြားလုံး စသော အစားအသောက်များစားသုံးမှုကို စွန့်လွှတ်လိုက်သည် (သို့မဟုတ်) လျှော့ချ လေ့ရှိကြသော်လည်း သစ်သီးများနှင့်ပတ်သက်၍မူ ယင်း သို့ မစဉ်းစားဘဲ ဖြစ်နေလေ့ ရှိသည်။

Read more

UEFA မှ ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်

ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သည် ၂၁ ရာစု အကောင်းဆုံးအသင်းကို ထုတ်ပြန်ခဲ့ရာ စပိန်ကစားသမား (၆)ဦးအထိ ပါဝင်ပြီး အများဆုံးဖြစ်ခဲ့ကြောင်း သိရှိရသည်။

UEFA သည် ၂၀၀၁ ခုနှစ်မှစ၍ နှစ်အလိုက် အကောင်းဆုံးအသင်းကို ရွေးချယ်ခဲ့ပြီး ယခုအခါ ယင်းကဲ့သို့ ရွေးချယ်ခဲ့သည့် စုစု ပေါင်း(၁၆)နှစ်အတွင်းမှ ပြန်လည်အနှစ်ချုပ်ကာ ၂၁ ရာစုအကောင်းဆုံးအသင်းအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရှိရသည်။

Read more

ရတနာပုံတိုက်စစ်မှူးအောင်သူ ထိုင်းကလပ်သို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှုရ

 

(ဓာတ်ပုံ − MFF)

ရတနာပုံကလပ်အသင်း၏ မြန်မာ့လက်ရွေးစင်တိုက်စစ် မှူး အောင်သူသည် လာမည့် ၂၀၁၈ ဘောလုံးရာသီ တွင် ထိုင်းကလပ် Police Tero အသင်းသို့ ပြောင်းရွှေ့ရန် အကြိုသဘောတူညီမှု ရရှိထားကြောင်း ရတနာပုံ အသင်းပိုင်ရှင် ဒေါက်တာစိုင်း ဆမ်ထွန်းက ပြောသည်။

Read more