တာချီလိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

 ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်း သည် တာချီလိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များဖြင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့နှင့် တာလေမြို့နယ်များသို့ ကား (၂) စီးနှင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

Read more

မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အသက် (၇၅) နှစ်အထက် သက်ကြီးပူဇော်ပွဲကျင်းပ

ရခိုင်ပြည်နယ် မြောက်ဦးခရိုင် မင်းပြားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကျင်းပသော အသက် (၇၅) နှစ်နှင့်အထက် သက်ကြီးပူဇော်ပွဲကို ယခုလပထမပတ်အတွင်းက ပြည်တော်လှရပ်ကွက်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်တော်လှ ရပ်ကွက်အတွင်း အသက် (၇၅) နှစ်နှင့်အထက် အဘိုး၊ အဘွား ၅၄ ဦးအား လှူဖွယ်ပစ္စည်းများနှင့် သက်ကြီးတစ်ဦးလျှင် ငွေကျပ် ၃ဝဝဝဝ စီကို ပေးအပ်လှူဒါန်းခဲ့ရာ အဆိုပါ သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ ဆရာတော်သံဃာတော်များ အပါအဝင် မင်းပြားမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ မြို့နယ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ၊ သက်ကြီးအဘိုးအဘွား ၅၄ ဦး တက်ရောက်ခဲ့ကြသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင် တောင်သူလယ်သမားရေးရာတာဝန်ခံနှင့် ဌာနချုပ်လူငယ်များအဖွဲ့ ၊ ပျဉ်းမနားမြို့  ရွှေမင်းဝင်တောင်ဆရာတော်ကြီးအား ဖူးမျှော်ကာ နဝကမ္မလှူဒါန်း

ဒီဇင်လဘာ (၈) 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ဦးအောင်တင်မြင့် (ဦးက္ကန္ဒောဘာသ) သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့ နံနက် (၀၉း၀၀) နာရီချိန် တွင် ဌာနချုပ်လူငယ်များနှင့်အတူ နေပြည်တော် ပျဉ်းမနားမြို့  ရွှေမင်းဝံတောင်တော် စိန္တာမုနိကျောင်းတိုက်ကြီး ဦးစီးပဓါနနာယက ဆရာတော်အရှင်စန္ဒိမာသာရအား သွားရောက်ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

Read more

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa နှင့်အဖွဲ့မှ လာရောက်တွေ့ဆုံ

နေပြည်တော်၊ ဒီဇင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးအား ဟောင်ကောင်အခြေစိုက် GRANTNESS Group Co.,Ltd ဥက္ကဋ္ဌ Mr. Chiu Wa၊ မြန်မာနိုင်ငံအခြေစိုက် Myanmar New Power International Co.,ltd ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းနှင့် အဖွဲ့ဝင် ၅ ဦးတို့သည် ယနေ့နံနက် ၁၁ နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် လာရောက်တွေ့ဆုံခဲ့သည်။

Read more

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်ပွဲအခမ်းးအနားအား တိုင်းပါတီအတွင်းရေးမှူး ဦးသာဝင်းမှ အဖွင့်အမှာစကားပြောကြား

ရန်ကုန် ဒီဇင်ဘာ (၈) ရက်

ရန်ကုန်အရှေ့ပိုင်းခရိုင် မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန်ခွဲမှု(ဆင်ပွား)သင်တန်း အမှတ်စဉ် (၁/၂၀၁၇) ဖွင့်ပွဲအခမ်းအနားအား ယနေ့နံနက် ၉ နာရီအချိန်တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။

Read more

ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့်အမျိုးသမီးရေးရာ တွေ့ဆုံပွဲ ကျင်းပ

ယနေ့ 7-12-2017 ရက်နေ့ နေ့လည်တွင် ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာတွေ့ဆုံပွဲအား ကယားပြည်နယ်ပါတီရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

Read more

တာချီလိတ်ခရိုင် ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်တင်မေထွန်းသည် တာချီလိတ်ခရိုင် ပါတီဥက္ကဋ္ဌ ဦးဘိုစံ၊ မြို့နယ်ပါတီကော်မတီဝင် ဦးအောင်ဝင်း၊ ဦးခင်မောင်ထွန်း၊ ဦးခင်မောင်လွင်၊ ဦးအားလောင်း၊ ဦးစိုးကျော်အောင်နှင့် မြို့နယ် (အရန်) ကော်မတီဝင်များ ပါတီလူငယ်များနှင့် (၆-၁၂-၂၀၁၇) ရက်နေ့တွင် ကျိုင်းလပ်မြို့၊ တာလေမြို့နယ်များသို့ ကား (၂) စီးဖြင့် ကွင်းဆင်းသွားရောက်ခဲ့ပါသည်။

Read more

ဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံ

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင် ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးခင်မောင်စိုးနှင့် တိုင်းဒေသကြီး ခရိုင်မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီ အချိန်က ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဗဟို အလုပ်အမှုဆောင် ဦးခင်မောင်စိုး၊ အတွင်းရေးမှူးဗဟိုကော်မတီဝင် ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီ ကော်မတီဝင်များ၊ ခရိုင်နှင့် မြို့နယ်ပါတီဥက္ကဋ္ဌများ၊ ကော်မတီဝင်များ တက်ရောက်ကြသည်။

Read more

တိုက်ကြီးပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/ ၂ဝ၁၇) သင်တန်းဆင်းပွဲအခမ်းအနားကို တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် ကျင်းပခဲ့ကြောင်းသိရသည်။ အခမ်းအနားအစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဗဟို ကော်မတီဝင် မြောက်ပိုင်းခရိုင်တာဝန်ခံ ဦးတင်မောင်ဝင်းနှင့် မြောက်ပိုင်းခရိုင်ပါတီဥက္ကဋ္ဌ ဦးတင်ယုတို့က သင်တန်းဆင်းအမှာစကားများ ပြောကြားသည်။

Read more

ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံ

ဒီဇင်ဘာ – ၁ 

မွန်ပြည်နယ် မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ၂၀၁၇ခုနှစ် ဒီဇင်ဘာ (၁) ရက်နေ့ နံနက် (၁၁း၀၀) နာရီချိန်တွင် ပြည်နယ်ပါတီဥက္ကဌ ဦးအောင်ကြည်သိန်းမှ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းမှူးများနှင့် တွေ့ဆုံခဲ့သည်။

Read more