သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်းအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီမှ တက်ရောက်


စတုတ္ထအကြိမ် သူရဲကောင်းစစ်သည်များအား အလေးပြုခြင်းနှင့် လွမ်းသူ့ပန်းခွေချခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ ရွှေတိဂုံဘုရားမြောက်ဘက်မုခ်အနီးရှိ သူရဲကောင်းဗိမာန်၌ ကျင်းပခဲ့ရာ ပြည်ခိုင်ဖြိုးပါတီမှ ဗဟိုအလုပ်အမှုဆောင်များဖြစ်သော ဦးခင်ရီ၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် ဗဟိုကော်မတီဝင် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းတို့ တက်ရောက်၍ လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ကြပါသည်။
Read more








