ရန္ကုန္တိုင္း ေက်ာက္တန္းၿမိဳအနီးကို ဗဟိုျပဳ၍ ရစ္ခ္တာစေကး၅.၂ အဆင့္ရွိ ငလ်င္လႈပ္ခတ္

ရန္ကုန္တိုင္း ေက်ာက္တန္းၿမိဳအနီးကို ဗဟိုျပဳ၍ ရစ္ခ္တာစေကး၅.၂ အဆင့္ရွိ ငလ်င္လႈပ္ခတ္
==========================
ရန္ကုန္တိုင္းေဒသႀကီး၊ ေက်ာက္တန္းၿမိဳ၏ အေရွ႕ေတာင္ဘက္ (၂၄) ကီလိုမီတာခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳ၍ ယေန႔ (ေမလ ၁၈ ရက္) နံနက္ ၈ နာရီ ၃၅ မိနစ္အခ်ိန္ခန႔္က ရစ္ခ္တာစေကး ၅.၂ အဆင့္ရွိ အင္အားျပင္း ေသာ ေျမငလ်င္တစ္ခု လႈပ္ခတ္သြားေၾကာင္း အန္ဒ႐ြိက္ငလ်င္သတိေပးစနစ္ (Android Earthquake Alerts System) အရ သိရသည္။
အဆိုပါ ငလ်င္လႈပ္ခတ္မႈေၾကာင့္ ရန္ကုန္ၿမိဳတြင္းရွိ ၿမိဳနယ္မ်ားႏွင့္ ကပ္လ်က္တည္ရွိေသာ ဖ်ာပုံ၊ ဘိုကေလး၊ ပဲခူး၊ သထုံ စသည့္ ၿမိဳမ်ားတြင္လည္း ေျမျပင္တုန္ခါမႈလွိင္းမ်ားကို သိသိသာသာ ခံစားခဲ့ရေၾကာင္း ေဒသခံမ်ား၏ ေျပာျပခ်က္အရ သိရသည္။ ငလ်င္လႈပ္ခတ္မႈေၾကာင့္ လူႏွင့္ အေဆာက္အအုံ ထိခိုက္ပ်က္စီးမႈ အေျခအေန အေသးစိတ္ကိုမူ သက္ဆိုင္ရာ တာဝန္ရွိသူမ်ားက ဆက္လက္စုံစမ္းစစ္ေဆးလ်က္ ရွိသည္။
ရန်ကုန်တိုင်း ကျောက်တန်းမြိုအနီးကို ဗဟိုပြု၍ ရစ်ခ်တာစကေး၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
==========================
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို၏ အရှေ့တောင်ဘက် (၂၄) ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု၍ ယနေ့ (မေလ ၁၈ ရက်) နံနက် ၈ နာရီ ၃၅ မိနစ်အချိန်ခန့်က ရစ်ခ်တာစကေး ၅.၂ အဆင့်ရှိ အင်အားပြင်း သော မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အန်ဒရွိက်ငလျင်သတိပေးစနစ် (Android Earthquake Alerts System) အရ သိရသည်။
အဆိုပါ ငလျင်လှုပ်ခတ်မှုကြောင့် ရန်ကုန်မြိုတွင်းရှိ မြိုနယ်များနှင့် ကပ်လျက်တည်ရှိသော ဖျာပုံ၊ ဘိုကလေး၊ ပဲခူး၊ သထုံ စသည့် မြိုများတွင်လည်း မြေပြင်တုန်ခါမှုလှိင်းများကို သိသိသာသာ ခံစားခဲ့ရကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ ငလျင်လှုပ်ခတ်မှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်ပျက်စီးမှု အခြေအနေ အသေးစိတ်ကိုမူ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စုံစမ်းစစ်ဆေးလျက် ရှိသည်။




