ဘာစီလိုနာအသင္းကေန ထြက္ခြာေတာ့မယ့္ လီဝန္ေဒါစကီး

ဘာစီလိုနာအသင္းကေန ထြက္ခြာေတာ့မယ့္ လီဝန္ေဒါစကီး
======================
ဘာစီလိုနာဝါရင့္တိုက္စစ္မႉး လီဝန္ေဒါစကီးက ရာသီကုန္မွာ အသင္းကေန ထြက္ခြာေတာ့မယ္လို အတည္ျပဳေျပာၾကားခဲ့ပါတယ္။ လီဝန္ေဒါစကီး(၃၇ ႏွစ္)ဟာ အခုရာသီကုန္မွာ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာပါ။ ဘာစီလိုနာအသင္းအေနနဲ႔ အသုံးစရိတ္ေလွ်ာ့ခ်ဖို အခုႏွစ္အေစာပိုင္းကတည္းက လီဝန္ေဒါစကီးကို စာခ်ဳပ္သက္တမ္းမတိုးေတာ့ဖို႔ ဆုံးျဖတ္ထားတာျဖစ္တယ္။ လီဝန္ေဒါစကီးဟာ လာလီဂါခ်န္ပီယံအသင္းနဲ႔ ေလးရာသီၾကာ ျဖတ္သန္းခဲ့ပါတယ္။ ၎အေနနဲ႔ ဘာစီလိုနာအသင္းမွာ လာလီဂါဖလား သုံးႀကိမ္၊ စပိန္စူပါဖလား သုံးႀကိမ္နဲ႔ စပိန္ဘုရင့္ဖလား တစ္ႀကိမ္ ဆြတ္ခူးခဲ့ပါတယ္။ ၂၀၂၂ ခုႏွစ္မွာ ဘိုင္ယန္ျမဴးနစ္ကေန ယူ႐ို ၄၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕လာတဲ့ လီဝန္ေဒါစကီးဟာ အသင္းအတြက္ ၿပိဳင္ပြဲစုံ ၁၉၁ ပြဲကစား၊ ၁၁၉ ဂိုး သြင္းယူေပးထားပါတယ္။ လက္ရွိမွာ လီဝန္ေဒါစကီးကို ဥေရာပ၊ ေဆာ္ဒီအာေရဗ်နဲ႔ အေမရိကန္ကလပ္ေတြက စိတ္ဝင္စားေနၾကပါတယ္။


ဘာစီလိုနာအသင်းကနေ ထွက်ခွာတော့မယ့် လီဝန်ဒေါစကီး
======================
ဘာစီလိုနာဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ရာသီကုန်မှာ အသင်းကနေ ထွက်ခွာတော့မယ်လို အတည်ပြုပြောကြားခဲ့ပါတယ်။ လီဝန်ဒေါစကီး(၃၇ နှစ်)ဟာ အခုရာသီကုန်မှာ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ ဘာစီလိုနာအသင်းအနေနဲ့ အသုံးစရိတ်လျှော့ချဖို အခုနှစ်အစောပိုင်းကတည်းက လီဝန်ဒေါစကီးကို စာချုပ်သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ထားတာဖြစ်တယ်။ လီဝန်ဒေါစကီးဟာ လာလီဂါချန်ပီယံအသင်းနဲ့ လေးရာသီကြာ ဖြတ်သန်းခဲ့ပါတယ်။ ၎င်းအနေနဲ့ ဘာစီလိုနာအသင်းမှာ လာလီဂါဖလား သုံးကြိမ်၊ စပိန်စူပါဖလား သုံးကြိမ်နဲ့ စပိန်ဘုရင့်ဖလား တစ်ကြိမ် ဆွတ်ခူးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ယူရို ၄၅ သန်းနဲ့ ပြောင်းရွှေ့လာတဲ့ လီဝန်ဒေါစကီးဟာ အသင်းအတွက် ပြိုင်ပွဲစုံ ၁၉၁ ပွဲကစား၊ ၁၁၉ ဂိုး သွင်းယူပေးထားပါတယ်။ လက်ရှိမှာ လီဝန်ဒေါစကီးကို ဥရောပ၊ ဆော်ဒီအာရေဗျနဲ့ အမေရိကန်ကလပ်တွေက စိတ်ဝင်စားနေကြပါတယ်။