ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီဥကၠ႒ ဦးခင္ရီ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံ
===========
ေမ ၁၅၊ မေကြး
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ ဦးခင္ရီသည္ ၁၅-၅-၂၀၂၆ ရက္ေန႔ ၀၉၃၀ အခ်ိန္တြင္ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္၊ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပျပဳလုပ္ေသာ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။
အခမ္းအနားတြင္ ပါတီဥကၠ႒ ဦးခင္ရီက အဖြင့္အမွာစကားေျပာၾကားခဲ့ၿပီး တက္ေရာက္လာေသာ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား ေဒသဖြံ႕ၿဖိဳးေရးဆိုင္ရာ ကိစၥရပ္မ်ားအပါအဝင္ သိရွိလိုသည္မ်ားအား ေဆြးေႏြးတင္ျပရာ တိုင္းေဒသႀကီးအစိုးရအဖြဲ႕တာဝန္ရွိသူမ်ားက တင္ျပေဆြးေႏြးခ်က္မ်ားႏွင့္စပ္လ်ဥ္းၿပီး ျပန္လည္ေဆြးေႏြးခဲ့ပါသည္။ ထို႔ေနာက္ ပါတီဥကၠ႒ ဦးခင္ရီက ေဆြးေႏြးခ်က္မ်ားအေပၚျဖည့္စြက္ ေဆြးေႏြးညႇိႏႈိင္းၿပီး နိဂုံးခ်ဳပ္အမွာစကားေျပာၾကားပါသည္။
အဆိုပါေတြ႕ဆုံပြဲသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒ ဦးခင္ရီ၊ မေကြးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ ဝန္ႀကီးခ်ဳပ္ ဦးတင္ကိုကို၊ တိုင္းအစိုးရအဖြဲ႕ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူမ်ား၊ မေကြးတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ ေဒါက္တာေမာင္ေမာင္ေ႒း၊ ဒုတိယဥကၠ႒ ဦးခင္ေမာင္ညိဳ၊ ပါတီဗဟိုအတိုင္ပင္ခံ ေဒၚဝင္းေမာ္ထြန္း၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုးတင့္ႏိုင္၊ မေကြးတိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕မိၿမိဳ႕ဖမ်ား၊ စီးပြားေရးလုပ္ငန္းရွင္မ်ား၊ လူမႈေရးအသင္းအဖြဲ႕မ်ားမွ တာဝန္ရွိသူမ်ား စုစုေပါင္းအင္အား (၁၅၀)ဦး တက္ေရာက္ခဲ့ပါသည္။
ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးခင်ရီ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ
===========
မေ ၁၅၊ မကွေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ၁၅-၅-၂၀၂၆ ရက်နေ့ ၀၉၃၀ အချိန်တွင် မကွေးတိုင်းဒေသကြီးလွှတ်တော်၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သော မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
အခမ်းအနားတွင် ပါတီဥက္ကဋ္ဌ ဦးခင်ရီက အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသော မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် သိရှိလိုသည်များအား ဆွေးနွေးတင်ပြရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တာဝန်ရှိသူများက တင်ပြဆွေးနွေးချက်များနှင့်စပ်လျဥ်းပြီး ပြန်လည်ဆွေးနွေးခဲ့ပါသည်။ ထို့နောက် ပါတီဥက္ကဋ္ဌ ဦးခင်ရီက ဆွေးနွေးချက်များအပေါ်ဖြည့်စွက် ဆွေးနွေးညှိနှိုင်းပြီး နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်ကိုကို၊ တိုင်းအစိုးရအဖွဲ့ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဋ္ဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးခင်မောင်ညို၊ ပါတီဗဟိုအတိုင်ပင်ခံ ဒေါ်ဝင်းမော်ထွန်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးတင့်နိုင်၊ မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့မိမြို့ဖများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ စုစုပေါင်းအင်အား (၁၅၀)ဦး တက်ရောက်ခဲ့ပါသည်။




