Android ဖုန်းသစ်များတွင် အလွန်ကြီးမားသော လုံခြုံရေးအားနည်းချက်ရှိနေ
Android စမတ်ဖုန်းသစ် ၃ သန်းခန့်တွင် အန္တရာယ်ရှိသော backdoor ပရိုရမ်တစ်ခု ပါဝင်ကြောင်း လုံခြုံရေး ကုမ္ပဏီ BitSight Technologies က ရှာဖွေတွေ့ရှိခဲ့သည်။ အဆိုပါအားနည်းချက်မှာ ထုတ်ကုန်ကို ထိန်းချုပ်ရန် အန္တရာယ်ရှိ ရည်ရွယ်ချက်များဖြင့် third-party က တိုက်ခိုက်မှု ပြုလုပ်နိုင်သည်။
Ragentek firmware တွင် တွေ့ရှိခဲ့သော backdoor သည် binary ဖိုင်များအောက်တွင် ဖုံးကွယ်နေကြောင်း Ars Technica မှဖော်ပြခဲ့သည်။ “မရှိတဲ့ binary အဖြစ် အယောင်ဆောင်ရန် ပရိုဂရမ်များကို ပြင်ဆင်ခဲ့တာပါ” ဟု BitSight သုတေသီ ဒန်ဒါဘတ်ခ်ျက ပြောကြားခဲ့သည်။
ယခု firmware ၏ ရည်ရွယ်ချက်မှာ malware နှင့်ဆက်စပ်ခြင်းမရှိပေ။ Ragentek သည် ဖုန်းကို update များ တရားဝင် ပေးနိုင်ရန် ကြိုးစားလျက်ရှိသည်။ ယခု backdoor မှာ ရည်ရွယ်ချက် ပါဝင်ဖွယ် မရှိပေ။
အဆိုပါ အားနည်းချက်ကို သိရှိသူမည်သူမဆိုက အသုံးချနိုင်ပြီး တိုက်ခိုက်သူများအားလုံးသည် BitSight မှ လုပ်ကိုင်နေသော အင်တာနက် domain နှစ်ခုကို ထိန်းချုပ်ရန် ပစ်မှတ်ထား တိုက်ခိုက်လာမည်ဖြစ်သည်။
တရုတ်ကုမ္ပဏီ Ragentek အုပ်စုသည် ဖုန်းသို့ ပေးပို့သော အချက်အလက်များကို encrypt ပြုလုပ်ထားခြင်း မရှိပေ။ တရားဝင် app များကို စစ်မှန်ခြင်း ရှိ၊ မရှိစစ်ဆေးရန် code-signing ကိုလည်း အသုံးမပြုထားပေ။
ထိုကဲ့သို့ တိုက်ခိုက်မှုများ ပြုလုပ်ထားသော ထုတ်ကုန်အများစုမှာ အမေရိကန်တွင် ရှိနေကြောင်း BitSight က ထုတ်ဖော်ခဲ့သည်။ ထုတ်ကုန်အများစုမှာ BLU ထုတ်ကုန်များ ဖြစ်သည်။ Infinix, Doogee, Leagoo နှင့် Xolo အပါအဝင် အခြားလူသိနည်း Android ထုတ်ကုန်များတွင်လည်း အဆိုပါအန္တရာယ်ရှိနေသည်။
သုတေသီများသည် ကျန်းမာရေးစောင့်ရှောက်မှု၊ အစိုးရနှင့် ဘဏ်လုပ်ငန်းအပါအဝင် ကဏ္ဍများအားလုံးမှ ချိတ်ဆက်မှုများစွာဖြင့် အားနည်းချက်ကို ရှာဖွေတွေ့ရှိခဲ့သည်။
လာမည့်အပတ်အတွင်း အားနည်းချက်ရှိသော ထုတ်ကုန်များစွာ ထွက်ပေါ်လာနိုင်သည်။ BLU တစ်ခုသာ ၎င်း ပြဿနာကို ဖြေရှင်းထားသည်။ သို့သော်လည်း လုံခြုံရေး update မှာ မည်မျှထိရောက်မှုရှိကြောင်း မသိရသေးပေ။
သုံးစွဲသူများသည် ယုံကြည်ရသော ကွန်ရက်များကို သုံးစွဲ၍ အချက်အလက်ကို ကာကွယ်ပြီး မလုံခြုံသော Wi-Fi ချိတ်ဆက်မှုများတွင် VPN အသုံးပြုကြရန် လိုအပ်သည်။ Ref: BGR