တ႐ုတ္ႏိုင္ငံေတာင္ပိုင္းတြင္ မုန္တိုင္းေမဆက္ေၾကာင့္ ဆည္က်ိဳးေပါက္ၿပီး ေရႀကီးမႈျဖစ္ပြား၊ လူ ၃၉ ဦး ေသဆုံးကာ တိရစာၦန္႐ုံမွ တိရစာၦန္အေကာင္ေရ ၁၀၀ ေက်ာ္ ထြက္ေျပးလြတ္ေျမာက္

တ႐ုတ္ႏိုင္ငံေတာင္ပိုင္းတြင္ မုန္တိုင္းေမဆက္ေၾကာင့္ ဆည္က်ိဳးေပါက္ၿပီး ေရႀကီးမႈျဖစ္ပြား၊ လူ ၃၉ ဦး ေသဆုံးကာ တိရစာၦန္႐ုံမွ တိရစာၦန္အေကာင္ေရ ၁၀၀ ေက်ာ္ ထြက္ေျပးလြတ္ေျမာက္
====================
တ႐ုတ္ႏိုင္ငံေတာင္ပိုင္း ကြမ္ရွီးေဒသတြင္ အပူပိုင္းမုန္ တိုင္းေမဆက္(Maysak)ေၾကာင့္ ရက္ဆက္မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရေလွာင္တမံမ်ား က်ိဳးေပါက္မႈ ျဖစ္ပြားခဲ့ရာ လက္ရွိအခ်ိန္အထိ လူေပါင္း ၃၉ ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။ ေသဆုံးသူအမ်ားစုမွာ နန္နင္း (Nanning) ၿမိဳ႕တြင္ ဆည္က်ိဳးေပါက္ကာ ေရလႊမ္းမိုးမႈေၾကာင့္ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။
နန္နင္းၿမိဳ႕ ဒုတိယၿမိဳ႕ေတာ္ဝန္ တင္ေဝ (Ding Wei)၏ ၾကာ သပေတးေန႔ သတင္းစာရွင္းလင္းပြဲ ထုတ္ျပန္ခ်က္အရ နန္နင္းၿမိဳ႕ ဆည္က်ိဳးေပါက္မႈတစ္ခုတည္းတြင္တင္ လူ ၂၆ ဦး ေသဆုံးခဲ့ရၿပီး၊ ကြမ္ရွီးေဒသတစ္ခုလုံးတြင္ ေသဆုံးသူအေရအတြက္မွာ ယခင္ကနဦးသတင္းမ်ားထက္ သိသိသာ သာ ျမင့္တက္လာျခင္း ျဖစ္သည္။ အမ်ိဳးသားမိုးေလဝသစင္တာ၏ ထုတ္ျပန္ခ်က္အရ အခ်ိဳ႕ေဒသမ်ားတြင္ မိုးေရ ခ်ိန္ ၉၀ စင္တီမီတာ (၃၅ လက္မ) ေက်ာ္အထိ စံခ်ိန္တင္ မိုး႐ြာသြန္းခဲ့သည္။
လက္ရွိတြင္ ေရေဘးသင့္ေဒသမ်ားမွ ျပည္သူ ၁၃၀,၀၀၀ ခန႔္ကို ေဘးလြတ္ရာသို႔ ေ႐ႊ႕ေျပာင္းေပးထားရၿပီး၊ ပိတ္မိေနသူမ်ားကို ကယ္ဆယ္ရန္ ကယ္ဆယ္ေရးသမား ၈,၀၀၀ ေက်ာ္၊ ဒ႐ုန္းမ်ားႏွင့္ ေလွေမာ္ေတာ္ ၅,၇၀၀ ခန႔္ကို အသုံးျပဳကာ အျပင္း အထန္ ရွာေဖြကယ္ဆယ္ေရး ျပဳလုပ္ေနရသည္။
လတ္တေလာတြင္ ေရျပန္က်လာၿပီျဖစ္ေသာ္လည္း လာမည့္ႏွစ္ရက္အတြင္း မိုးထပ္မံ႐ြာသြန္းႏိုင္ေသးသျဖင့္ စိုးရိမ္ရဆဲျဖစ္ သည္။ ေရေဘးဒဏ္ အျပင္းအထန္ခံခဲ့ရသည့္ ဟန္က်ိဳး (Hengzhou) ၿမိဳ႕တြင္ ႐ႊံ႕ႏြံမ်ားရွင္းလင္းျခင္းႏွင့္ ကူးစက္ေရာဂါမျဖစ္ပြားေစရန္ ပိုးသတ္ေဆးဖ်န္းျခင္းလုပ္ငန္းမ်ားကို လုပ္ ေဆာင္ေနရၿပီး ပ်က္စီးသြားသည့္ လမ္းမ်ားႏွင့္ လွ်ပ္စစ္မီးမ်ားကို ျပန္လည္ျပင္ဆင္ေပးေနေၾကာင္း သိရသည္။
အဆိုပါ ေရႀကီးေရလွ်ံမႈေၾကာင့္ ကြမ္ရွီးျပည္နယ္ရွိ ေကြ႕ကန္း(Guigang) တိရစာၦန္႐ုံမွ တိရစာၦန္ထိန္းေက်ာင္းသည့္ အကာ အရံမ်ား ပ်က္စီးသြားခဲ့ရာ အယ္လ္ပါကာ ကုလား အုတ္အေသးစားမ်ား၊ ဝက္ပုမ်ားႏွင့္ ျမင္းက်ားမ်ား အပါအဝင္ အနည္းဆုံး တိရစာၦန္အေကာင္ေရ ၁၀၀ ေက်ာ္ ထြက္ေျပးလြတ္ေျမာက္သြားခဲ့သည္။
လတ္တေလာ ေပ်ာက္ဆုံးေနသည့္ တိရစာၦန္မ်ားထဲတြင္ ေျမာက္အေမရိက ရက္ကြန္း ႏွစ္ေကာင္၊ ျဖဴး ေလးေကာင္ႏွင့္ ေဒါင္း အေကာင္သုံးဆယ္တို႔ ပါဝင္ေနၿပီး၊ တိရစာၦန္႐ုံအာဏာပိုင္မ်ားက ၎တို႔ကို လိုက္လံရွာေဖြရာတြင္ ကူညီေပးရန္ ျပည္သူ မ်ားကို အေရးေပၚအကူအညီေတာင္းခံထားသည္။
ထြက္ေျပးသြားသည့္ တိရစာၦန္အခ်ိဳ႕မွာ ထိတ္ လန႔္ေနသျဖင့္ လူကို ရန္မူတိုက္ခိုက္လာႏိုင္ေျခ ရွိေသာ ေၾကာင့္ ျမင္ေတြ႕ပါက အနားသို႔မကပ္ဘဲ ေဘးကင္းရာမွ ေရွာင္ရွားၾကရန္ႏွင့္ ဖမ္းဆီးရန္ သို႔မဟုတ္ စေနာက္ရန္ လုံးဝမႀကိဳးစားၾကရန္ တရားဝင္သတိေပးခ်က္ ထုတ္ျပန္ထားသည္။
တရုတ်နိုင်ငံတောင်ပိုင်းတွင် မုန်တိုင်းမေဆက်ကြောင့် ဆည်ကျိုးပေါက်ပြီး ရေကြီးမှုဖြစ်ပွား၊ လူ ၃၉ ဦး သေဆုံးကာ တိရစ္ဆာန်ရုံမှ တိရစ္ဆာန်အကောင်ရေ ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်
====================
တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီးဒေသတွင် အပူပိုင်းမုန် တိုင်းမေဆက်(Maysak)ကြောင့် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းပြီး ရေလှောင်တမံများ ကျိုးပေါက်မှု ဖြစ်ပွားခဲ့ရာ လက်ရှိအချိန်အထိ လူပေါင်း ၃၉ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ သေဆုံးသူအများစုမှာ နန်နင်း (Nanning) မြို့တွင် ဆည်ကျိုးပေါက်ကာ ရေလွှမ်းမိုးမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
နန်နင်းမြို့ ဒုတိယမြို့တော်ဝန် တင်ဝေ (Ding Wei)၏ ကြာ သပတေးနေ့ သတင်းစာရှင်းလင်းပွဲ ထုတ်ပြန်ချက်အရ နန်နင်းမြို့ ဆည်ကျိုးပေါက်မှုတစ်ခုတည်းတွင်တင် လူ ၂၆ ဦး သေဆုံးခဲ့ရပြီး၊ ကွမ်ရှီးဒေသတစ်ခုလုံးတွင် သေဆုံးသူအရေအတွက်မှာ ယခင်ကနဦးသတင်းများထက် သိသိသာ သာ မြင့်တက်လာခြင်း ဖြစ်သည်။ အမျိုးသားမိုးလေဝသစင်တာ၏ ထုတ်ပြန်ချက်အရ အချို့ဒေသများတွင် မိုးရေ ချိန် ၉၀ စင်တီမီတာ (၃၅ လက်မ) ကျော်အထိ စံချိန်တင် မိုးရွာသွန်းခဲ့သည်။
လက်ရှိတွင် ရေဘေးသင့်ဒေသများမှ ပြည်သူ ၁၃၀,၀၀၀ ခန့်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပြီး၊ ပိတ်မိနေသူများကို ကယ်ဆယ်ရန် ကယ်ဆယ်ရေးသမား ၈,၀၀၀ ကျော်၊ ဒရုန်းများနှင့် လှေမော်တော် ၅,၇၀၀ ခန့်ကို အသုံးပြုကာ အပြင်း အထန် ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေရသည်။
လတ်တလောတွင် ရေပြန်ကျလာပြီဖြစ်သော်လည်း လာမည့်နှစ်ရက်အတွင်း မိုးထပ်မံရွာသွန်းနိုင်သေးသဖြင့် စိုးရိမ်ရဆဲဖြစ် သည်။ ရေဘေးဒဏ် အပြင်းအထန်ခံခဲ့ရသည့် ဟန်ကျိုး (Hengzhou) မြို့တွင် ရွှံ့နွံများရှင်းလင်းခြင်းနှင့် ကူးစက်ရောဂါမဖြစ်ပွားစေရန် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို လုပ် ဆောင်နေရပြီး ပျက်စီးသွားသည့် လမ်းများနှင့် လျှပ်စစ်မီးများကို ပြန်လည်ပြင်ဆင်ပေးနေကြောင်း သိရသည်။
အဆိုပါ ရေကြီးရေလျှံမှုကြောင့် ကွမ်ရှီးပြည်နယ်ရှိ ကွေ့ကန်း(Guigang) တိရစ္ဆာန်ရုံမှ တိရစ္ဆာန်ထိန်းကျောင်းသည့် အကာ အရံများ ပျက်စီးသွားခဲ့ရာ အယ်လ်ပါကာ ကုလား အုတ်အသေးစားများ၊ ဝက်ပုများနှင့် မြင်းကျားများ အပါအဝင် အနည်းဆုံး တိရစ္ဆာန်အကောင်ရေ ၁၀၀ ကျော် ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
လတ်တလော ပျောက်ဆုံးနေသည့် တိရစ္ဆာန်များထဲတွင် မြောက်အမေရိက ရက်ကွန်း နှစ်ကောင်၊ ဖြူး လေးကောင်နှင့် ဒေါင်း အကောင်သုံးဆယ်တို့ ပါဝင်နေပြီး၊ တိရစ္ဆာန်ရုံအာဏာပိုင်များက ၎င်းတို့ကို လိုက်လံရှာဖွေရာတွင် ကူညီပေးရန် ပြည်သူ များကို အရေးပေါ်အကူအညီတောင်းခံထားသည်။
ထွက်ပြေးသွားသည့် တိရစ္ဆာန်အချို့မှာ ထိတ် လန့်နေသဖြင့် လူကို ရန်မူတိုက်ခိုက်လာနိုင်ခြေ ရှိသော ကြောင့် မြင်တွေ့ပါက အနားသို့မကပ်ဘဲ ဘေးကင်းရာမှ ရှောင်ရှားကြရန်နှင့် ဖမ်းဆီးရန် သို့မဟုတ် စနောက်ရန် လုံးဝမကြိုးစားကြရန် တရားဝင်သတိပေးချက် ထုတ်ပြန်ထားသည်။




