(၃၉)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းကစားသမားမ်ားဝင္ေရာက္ယွဥ္ၿပိဳင္မည္

(၃၉)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲ ျမန္မာအမ်ိဳးသား၊ အမ်ိဳးသမီးပိုက္ေက်ာ္ျခင္းအသင္းကစားသမားမ်ားဝင္ေရာက္ယွဥ္ၿပိဳင္မည္
==============================
ၾသဂုတ္ ၃ ရက္မွ ၾသဂုတ္ ၁၁ ရက္အထိ ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕၌က်င္းပမည့္ (၃၉)ႀကိမ္ေျမာက္ ထိုင္းဘုရင့္ဖလားပိုက္ေက်ာ္ျခင္းၿပိဳင္ပြဲကို ျမန္မာ့လက္ေ႐ြး စင္ပိုက္ေက်ာ္ျခင္းကစားသမား(၂၁)ဦးဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း ျမန္မာႏိုင္ငံပိုက္ေက်ာ္ျခင္းအဖြဲ႕ခ်ဳပ္ထံမွ သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ကစားသမားမ်ားျဖစ္သည့္ ထူးေအာင္ေက်ာ္၊ ဟန္ဝင္းထြဋ္၊ ထြန္းဝဏၰေအာင္၊ ေအာင္ေဇာ္ဟိန္း၊ ရဲထက္၊ ခ်စ္လြန္းပို၊ ေအာင္မ်ိဳးေက်ာ္၊ ေက်ာ္မင္းသူ၊ ေဇာ္မင္းခန႔္၊ ေအာင္ေအာင္၊ ရန္ပိုင္စိုး၊ သက္ပိုင္စိုး၊ ဇင္လင္းထူး၊ ခ်ယ္ရီလင္းသစ္၊ ယဥ္ယဥ္ေဌး၊ စန္းသီတာမိုး၊ ဖူးဖူး၊ ဆုမြန္ေက်ာ္၊ ႏွင္းႏွင္းေဝ၊ နန႔္ေမသူေထြးႏွင့္ ႐ႊန္းလဲ့ဇင္ တို႔ဝင္ေရာက္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားအသင္းက Men Team Regu Event (သုံးေယာက္တြဲအသင္းလိုက္ၿပိဳင္ပြဲ)၊ Men Regu Event (သုံးေယာက္တြဲၿပိဳင္ပြဲ)၊ Men Quadrant Event (ေလးေယာက္တြဲၿပိဳင္ပြဲ)၊ Men Hoop Event (ကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲ)တို႔တြင္ယွဥ္ၿပိဳင္မည္ျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ အမ်ိဳးသမီးအသင္းမွလည္း Women Double Event (ႏွစ္ေယာက္တြဲၿပိဳင္ပြဲ)၊ Women Quadrant Event (ေလးေယာက္တြဲၿပိဳင္ပြဲ)၊ Women Hoop Event (ကြင္းသြင္းျခင္းခတ္ၿပိဳင္ပြဲ)တို႔၌ယွဥ္ၿပိဳင္သြားမည္ျဖစ္ ေၾကာင္း သိရသည္။

ျမန္မာ့လက္ေ႐ြးစင္ပိုက္ေက်ာ္ျခင္းအသင္းအား ဦးသန္းလြင္(အဖြဲ႕ေခါင္းေဆာင္)၊ ဦးေက်ာ္မင္းစိုး(အမ်ိဳး သားအသင္းနည္းျပ)၊ ဦးထက္ေဇာ္(အမ်ိဳးသားအသင္းနည္းျပ)၊ ဦးေအာင္ခ်ိဳျမင့္(အမ်ိဳးသမီးအသင္းနည္းျပ)၊ ေဒၚနမ့္ယဥ္ယဥ္ျမင့္(အမ်ိဳးသမီးအသင္းနည္းျပ)တို႔ကတာဝန္ယူသြားၾကမည္ျဖစ္ေၾကာင္း သိရသည္။


(၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ မြန်မာအမျိုးသား၊ အမျိုးသမီးပိုက်ကျော်ခြင်းအသင်းကစားသမားများဝင်ရောက်ယှဉ်ပြိုင်မည်
==============================
သြဂုတ် ၃ ရက်မှ သြဂုတ် ၁၁ ရက်အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၌ကျင်းပမည့် (၃၉)ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲကို မြန်မာ့လက်ရွေး စင်ပိုက်ကျော်ခြင်းကစားသမား(၂၁)ဦးဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။

မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည့် ထူးအောင်ကျော်၊ ဟန်ဝင်းထွဋ်၊ ထွန်းဝဏ္ဏအောင်၊ အောင်ဇော်ဟိန်း၊ ရဲထက်၊ ချစ်လွန်းပို၊ အောင်မျိုးကျော်၊ ကျော်မင်းသူ၊ ဇော်မင်းခန့်၊ အောင်အောင်၊ ရန်ပိုင်စိုး၊ သက်ပိုင်စိုး၊ ဇင်လင်းထူး၊ ချယ်ရီလင်းသစ်၊ ယဉ်ယဉ်ဌေး၊ စန်းသီတာမိုး၊ ဖူးဖူး၊ ဆုမွန်ကျော်၊ နှင်းနှင်းဝေ၊ နန့်မေသူထွေးနှင့် ရွှန်းလဲ့ဇင် တို့ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားအသင်းက Men Team Regu Event (သုံးယောက်တွဲအသင်းလိုက်ပြိုင်ပွဲ)၊ Men Regu Event (သုံးယောက်တွဲပြိုင်ပွဲ)၊ Men Quadrant Event (လေးယောက်တွဲပြိုင်ပွဲ)၊ Men Hoop Event (ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ)တို့တွင်ယှဥ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးအသင်းမှလည်း Women Double Event (နှစ်ယောက်တွဲပြိုင်ပွဲ)၊ Women Quadrant Event (လေးယောက်တွဲပြိုင်ပွဲ)၊ Women Hoop Event (ကွင်းသွင်းခြင်းခတ်ပြိုင်ပွဲ)တို့၌ယှဥ်ပြိုင်သွားမည်ဖြစ် ကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်ပိုက်ကျော်ခြင်းအသင်းအား ဦးသန်းလွင်(အဖွဲ့ခေါင်းဆောင်)၊ ဦးကျော်မင်းစိုး(အမျိုး သားအသင်းနည်းပြ)၊ ဦးထက်ဇော်(အမျိုးသားအသင်းနည်းပြ)၊ ဦးအောင်ချိုမြင့်(အမျိုးသမီးအသင်းနည်းပြ)၊ ဒေါ်နမ့်ယဉ်ယဉ်မြင့်(အမျိုးသမီးအသင်းနည်းပြ)တို့ကတာဝန်ယူသွားကြမည်ဖြစ်ကြောင်း သိရသည်။