အေမရိကန္ႏွင့္ အီရန္တို႔ၾကား တိုက္ခိုက္မႈမ်ား အျပန္အလွန္လုပ္ေဆာင္

အေမရိကန္ႏွင့္ အီရန္တို႔ၾကား တိုက္ခိုက္မႈမ်ား အျပန္အလွန္လုပ္ေဆာင္
==========================
အေမရိကန္က အီရန္၏ပစ္မွတ္ ၈၀ ေက်ာ္ကို တိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္၏အစၥလာမၼစ္ေတာ္လွန္ေရး အေစာင့္တပ္ဖြဲ႕ကလည္း ဘာရိန္းႏွင့္ကူဝိတ္ႏိုင္ငံတို႔ရွိ အေမရိကန္စစ္ဘက္ဆိုင္ရာေနရာ ၈၅ ခုကို တိုက္ခိုက္ ျခင္းအားျဖင့္ ႏွစ္ႏိုင္ငံၾကားတိုက္ခိုက္မႈ ျပန္လည္လုပ္ေဆာင္လာေၾကာင္း သိရသည္။
အေမရိကန္အလယ္ပိုင္းေဒသစစ္ဌာနခ်ဳပ္က ဇူလိုင္လ ၇ ရက္ညပိုင္းတြင္ အီရန္ႏိုင္ငံရွိ ေလေၾကာင္းရန္ ကာကြယ္ေရးစနစ္မ်ား၊ ကမ္း႐ိုးတန္းေရဒါစခန္းမ်ားႏွင့္ သေဘၤာဖ်က္ဒုံးက်ည္စခန္းမ်ားအပါအဝင္ ပစ္မွတ္ ၈၀ ေက်ာ္ကို ဗုံးႀကဲတိုက္ခိုက္ခဲ့ေၾကာင္း ထုတ္ျပန္သည္။
ေဟာ္မုေရလက္ၾကားအတြင္း ကုန္သြယ္သေဘၤာသုံးစင္း တိုက္ခိုက္ခံရအၿပီးတြင္ အေမရိကန္က ယခုကဲ့သို႔ တုံ႔ျပန္ေဆာင္႐ြက္ျခင္းျဖစ္သည္။ ယင္းအျပင္ အေမရိကန္ဘ႑ာေရးဝန္ႀကီးဌာနကလည္း အီရန္၏ ေရနံေရာင္းခ်ခြင့္ လိုင္စင္ကို ႐ုပ္သိမ္းလိုက္သည္။ အေမရိကန္သမၼတကလည္း အီရန္ႏွင့္အပစ္အခတ္ရပ္စဲေရးၿပီးသြားၿပီဟုေျပာထားသည္။ ဇူလိုင္လ ၈ ရက္တြင္အီရန္က အေမရိကန္စစ္ဘက္ပစ္မွတ္မ်ားကို ျပန္လည္တိုက္ခိုက္ကာ အေမရိကန္၏ MQ-9 Reaper ဒ႐ုန္းတစ္စင္းကိုလည္း ပစ္ခ်ခဲ့ေၾကာင္းသိရသည္။
Ref: Xinhua
အမေရိကန်နှင့် အီရန်တို့ကြား တိုက်ခိုက်မှုများ အပြန်အလှန်လုပ်ဆောင်
==========================
အမေရိကန်က အီရန်၏ပစ်မှတ် ၈၀ ကျော်ကို တိုက်ခိုက်ခဲ့ပြီးနောက် အီရန်၏အစ္စလာမ္မစ်တော်လှန်ရေး အစောင့်တပ်ဖွဲ့ကလည်း ဘာရိန်းနှင့်ကူဝိတ်နိုင်ငံတို့ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာနေရာ ၈၅ ခုကို တိုက်ခိုက် ခြင်းအားဖြင့် နှစ်နိုင်ငံကြားတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်လာကြောင်း သိရသည်။
အမေရိကန်အလယ်ပိုင်းဒေသစစ်ဌာနချုပ်က ဇူလိုင်လ ၇ ရက်ညပိုင်းတွင် အီရန်နိုင်ငံရှိ လေကြောင်းရန် ကာကွယ်ရေးစနစ်များ၊ ကမ်းရိုးတန်းရေဒါစခန်းများနှင့် သင်္ဘောဖျက်ဒုံးကျည်စခန်းများအပါအဝင် ပစ်မှတ် ၈၀ ကျော်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်သည်။
ဟော်မုရေလက်ကြားအတွင်း ကုန်သွယ်သင်္ဘောသုံးစင်း တိုက်ခိုက်ခံရအပြီးတွင် အမေရိကန်က ယခုကဲ့သို့ တုံ့ပြန်ဆောင်ရွက်ခြင်းဖြစ်သည်။ ယင်းအပြင် အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနကလည်း အီရန်၏ ရေနံရောင်းချခွင့် လိုင်စင်ကို ရုပ်သိမ်းလိုက်သည်။ အမေရိကန်သမ္မတကလည်း အီရန်နှင့်အပစ်အခတ်ရပ်စဲရေးပြီးသွားပြီဟုပြောထားသည်။ ဇူလိုင်လ ၈ ရက်တွင်အီရန်က အမေရိကန်စစ်ဘက်ပစ်မှတ်များကို ပြန်လည်တိုက်ခိုက်ကာ အမေရိကန်၏ MQ-9 Reaper ဒရုန်းတစ်စင်းကိုလည်း ပစ်ချခဲ့ကြောင်းသိရသည်။
Ref: Xinhua




