ဂ်ိဳရႈအာဗန္ ညာဘက္ပုခုံးဒဏ္ရာေၾကာင့္ ေနာက္ပြဲကို လာမည့္ႏွစ္လယ္ပိုင္းေလာက္မွသာ ထိုးသတ္သြားရဖြယ္ရွိ

ဂ်ိဳရႈအာဗန္ ညာဘက္ပုခုံးဒဏ္ရာေၾကာင့္ ေနာက္ပြဲကို လာမည့္ႏွစ္လယ္ပိုင္းေလာက္မွသာ ထိုးသတ္သြားရဖြယ္ရွိ
========================
ခ်င္းတိုင္းရင္းသားျမန္မာဖိုက္တာ ဂ်ိဳရႈအာဗန္သည္ ညာဘက္ပုခုံးဒဏ္ရာ (AC Joint Tear) ေၾကာင့္ ေနာက္ပြဲကို လာမည့္ႏွစ္လယ္ပိုင္းေလာက္မွသာ ထိုးသတ္သြားရဖြယ္ရွိေနေၾကာင္း သိရသည္။

ဂ်ိဳရႈအာဗန္သည္ ယင္းဒဏ္ရာကို အလက္ဇႏၵားပန္တိုဂ်ာႏွင့္ မထိုးသတ္မီ တစ္လဝန္းက်င္ခန္႔က ေလ့က်င့္ေရး႐ုံတြင္ ရရွိခဲ့ျခင္းျဖစ္သည္။

ဂ်ိဳရႈအာဗန္သည္ ယင္းဒဏ္ရာေၾကာင့္ လက္သီးထိုးျခင္း၊ နပမ္းႏွင့္ Sparring လုပ္ျခင္းမ်ားကို မျပဳလုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဂ်ိဳရႈအာဗန္သည္ အလက္ဇႏၵားပန္တိုဂ်ာႏွင့္ ထိုးသတ္ရန္ ႏွစ္ပတ္အလိုမွသာ Sparring ျပန္လုပ္ႏိုင္ခဲ့ေၾကာင္း သိရသည္။

ဂ်ိဳရႈအာဗန္သည္ ဒဏ္ရာရရွိေနေသာ္လည္း ပြဲကို မေ႐ႊ႕ဆိုင္းခ်င္ေသာေၾကာင့္ လက္ခံထိုးေပးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ဂ်ိဳရႈအာဗန္သည္ အလက္ဇႏၵားပန္တိုဂ်ာႏွင့္ ထိုးသတ္အၿပီးတြင္ သူ၏ဒဏ္ရာကို MRI ႐ိုက္စစ္ေဆးၿပီး ကုသမႈ ခံယူသြားရမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားထားခဲ့သည္။

လက္ရွိတြင္ ဂ်ိဳရႈအာဗန္၏ ဒဏ္ရာႏွင့္ပတ္သက္၍ ေနာက္ဆက္တြဲသတင္းအခ်က္အလက္မ်ားကို မသိရွိရေသးေၾကာင္း သိရသည္။

UFC ၏ လက္ရွိ အေကာင္းဆုံးကစား သမားစာရင္း (Pound For Pound) တြင္ ခ်င္းတိုင္းရင္သား ျမန္မာဖိုက္တာ ဂ်ိဳရႈအာဗန္သည္ အဆင့္ (၆) အထိ ေရာက္ရွိလာေၾကာင္း သိရသည္။

ယခုကဲ့သို သတ္မွတ္မႈ မွာ UFC ၏ အမ်ိဳးသားဝိတ္တန္းအားလုံးမွ ဖိုက္တာမ်ားကို ၿခဳံငုံ၍ သတ္မွတ္ခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

ခ်င္းတိုင္းရင္သား ျမန္မာ ဖိုက္တာ ဂ်ိဳရႈအာဗန္သည္ ၿပိဳင္ပြဲတြင္ ဘရာဇီးလ္ဖိုက္တာ အလက္ဇႏၵား ပန္တိုဂ်ာကို အမွတ္ျဖင့္အႏိုင္ရၿပီး ဖလိုင္း ဝိတ္တန္းခ်န္ပီယံခါးပတ္ကို ဒုတိယအႀကိမ္ ကာကြယ္ႏိုင္ခဲ့သည္။

ခ်င္းတိုင္းရင္းသား ျမန္ မာဖိုက္တာ ဂ်ိဳ ရႈအာဗန္ႏွင့္ ဘရာဇီးလ္ဖိုက္ တာ အလက္ဇႏၵားပန္တိုဂ်ာတို၏ မေက်ပြဲကို စက္တင္ဘာ ၂၀ ရက္က အေမရိကန္ႏိုင္ငံ၊ ကယ္လီဖိုးနီးယားျပည္နယ္၊ ေလာ့စ္အိန္ဂ် လိစ္ၿမိဳတြင္ က်င္းပျပဳလုပ္ ခဲ့သည္။

ၿပိဳင္ပြဲတြင္ ခ်င္းတိုင္းရင္းသား ျမန္မာ ဖိုက္တာ ဂ်ိဳရႈအာဗန္ႏွင့္ ဘရာဇီးလ္ဖိုက္တာ အလက္ဇႏၵားပန္တိုဂ်ာတို၏ မေက်ပြဲကို (အဓိကေခါင္ပြဲ) အျဖစ္ ထည့္ သြင္း က်င္းပခဲ့ျခင္းျဖစ္သည္။

ဂ်ိဳရႈအာဗန္ သည္ (သိသာထင္ ရွားသည့္ တိုက္ခိုက္မႈမ်ား) တြင္ ပထမအခ်ီမွာ သာ ပန္တိုဂ်ာထက္ နိမ့္ခဲ့ၿပီး က်န္အခ်ီ (၄) ခ်ီစလုံး တြင္ ပန္တိုဂ်ာကို အသာစီးရယူႏိုင္ခဲ့ သည္။ .

(၅) ခ်ီအၿပီး အမွတ္ေပးရာတြင္ ဒိုင္ (၃) ဦးစလုံးက (၄၉-၄၆၊ ၄၈- ၄၇၊ ၅၀- ၄၅) မွတ္ျဖင့္ ဂ်ိဳရႈအာဗန္ကို အႏိုင္ေပးခဲ့ၾကျခင္း ျဖစ္သည္။

ထိုေၾကာင့္ ဂ်ိဳရႈအာ ဗန္သည္ ဖလိုင္းဝိတ္တန္း၏ ခ်န္ပီယံခါးပတ္ကို ဒုတိ ယအႀကိမ္ေျမာက္ အျငင္းပြားဖြယ္မရွိ ကာ ကြယ္ႏိုင္ခဲ့သည္။

ယခုပြဲမွာ ခ်င္းတိုင္းရင္းသား ျမန္မာဖိုက္တာ ဂ်ိဳရႈအာဗန္အတြက္ ဖလိုင္း ဝိတ္တန္းတြင္ ခ်န္ပီယံခါးပတ္ရယူၿပီးေနာက္ ဒုတိယေျမာက္ ခ်န္ပီယံကာကြယ္ပြဲ ထိုးသတ္ ခဲ့ရျခင္းျဖစ္သည္။

ဂ်ိဳရႈအာဗန္ႏွင့္ ပန္တိုဂ်ာ သည္ ၿပီးခဲ့သည့္ ၂၀၂၅ ခုႏွစ္ ဒီဇင္ဘာအတြင္း ပထမဆုံးအႀကိမ္ေတြ႕ဆုံခဲ့ၿပီး ပထမအခ်ီ စကၠန႔္ပိုင္းအတြင္းမွာတင္ ဂ်ိဳရႈအာဗန္က အလဲထိုးျဖင့္ အႏိုင္ရရွိထားခဲ့သည္။ #Eleven


ဂျိုရှုအာဗန် ညာဘက်ပုခုံးဒဏ်ရာကြောင့် နောက်ပွဲကို လာမည့်နှစ်လယ်ပိုင်းလောက်မှသာ ထိုးသတ်သွားရဖွယ်ရှိ
========================
ချင်းတိုင်းရင်းသားမြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် ညာဘက်ပုခုံးဒဏ်ရာ (AC Joint Tear) ကြောင့် နောက်ပွဲကို လာမည့်နှစ်လယ်ပိုင်းလောက်မှသာ ထိုးသတ်သွားရဖွယ်ရှိနေကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် ယင်းဒဏ်ရာကို အလက်ဇန္ဒားပန်တိုဂျာနှင့် မထိုးသတ်မီ တစ်လဝန်းကျင်ခန့်က လေ့ကျင့်ရေးရုံတွင် ရရှိခဲ့ခြင်းဖြစ်သည်။

ဂျိုရှုအာဗန်သည် ယင်းဒဏ်ရာကြောင့် လက်သီးထိုးခြင်း၊ နပမ်းနှင့် Sparring လုပ်ခြင်းများကို မပြုလုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် အလက်ဇန္ဒားပန်တိုဂျာနှင့် ထိုးသတ်ရန် နှစ်ပတ်အလိုမှသာ Sparring ပြန်လုပ်နိုင်ခဲ့ကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် ဒဏ်ရာရရှိနေသော်လည်း ပွဲကို မရွှေ့ဆိုင်းချင်သောကြောင့် လက်ခံထိုးပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဂျိုရှုအာဗန်သည် အလက်ဇန္ဒားပန်တိုဂျာနှင့် ထိုးသတ်အပြီးတွင် သူ၏ဒဏ်ရာကို MRI ရိုက်စစ်ဆေးပြီး ကုသမှု ခံယူသွားရမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားခဲ့သည်။

လက်ရှိတွင် ဂျိုရှုအာဗန်၏ ဒဏ်ရာနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းအချက်အလက်များကို မသိရှိရသေးကြောင်း သိရသည်။

UFC ၏ လက်ရှိ အကောင်းဆုံးကစား သမားစာရင်း (Pound For Pound) တွင် ချင်းတိုင်းရင်သား မြန်မာဖိုက်တာ ဂျိုရှုအာဗန်သည် အဆင့် (၆) အထိ ရောက်ရှိလာကြောင်း သိရသည်။

ယခုကဲ့သို သတ်မှတ်မှု မှာ UFC ၏ အမျိုးသားဝိတ်တန်းအားလုံးမှ ဖိုက်တာများကို ခြုံငုံ၍ သတ်မှတ်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

ချင်းတိုင်းရင်သား မြန်မာ ဖိုက်တာ ဂျိုရှုအာဗန်သည် ပြိုင်ပွဲတွင် ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒား ပန်တိုဂျာကို အမှတ်ဖြင့်အနိုင်ရပြီး ဖလိုင်း ဝိတ်တန်းချန်ပီယံခါးပတ်ကို ဒုတိယအကြိမ် ကာကွယ်နိုင်ခဲ့သည်။

ချင်းတိုင်းရင်းသား မြန် မာဖိုက်တာ ဂျို ရှုအာဗန်နှင့် ဘရာဇီးလ်ဖိုက် တာ အလက်ဇန္ဒားပန်တိုဂျာတို၏ မကျေပွဲကို စက်တင်ဘာ ၂၀ ရက်က အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျ လိစ်မြိုတွင် ကျင်းပပြုလုပ် ခဲ့သည်။

ပြိုင်ပွဲတွင် ချင်းတိုင်းရင်းသား မြန်မာ ဖိုက်တာ ဂျိုရှုအာဗန်နှင့် ဘရာဇီးလ်ဖိုက်တာ အလက်ဇန္ဒားပန်တိုဂျာတို၏ မကျေပွဲကို (အဓိကခေါင်ပွဲ) အဖြစ် ထည့် သွင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ဂျိုရှုအာဗန် သည် (သိသာထင် ရှားသည့် တိုက်ခိုက်မှုများ) တွင် ပထမအချီမှာ သာ ပန်တိုဂျာထက် နိမ့်ခဲ့ပြီး ကျန်အချီ (၄) ချီစလုံး တွင် ပန်တိုဂျာကို အသာစီးရယူနိုင်ခဲ့ သည်။ .

(၅) ချီအပြီး အမှတ်ပေးရာတွင် ဒိုင် (၃) ဦးစလုံးက (၄၉-၄၆၊ ၄၈- ၄၇၊ ၅၀- ၄၅) မှတ်ဖြင့် ဂျိုရှုအာဗန်ကို အနိုင်ပေးခဲ့ကြခြင်း ဖြစ်သည်။

ထိုကြောင့် ဂျိုရှုအာ ဗန်သည် ဖလိုင်းဝိတ်တန်း၏ ချန်ပီယံခါးပတ်ကို ဒုတိ ယအကြိမ်မြောက် အငြင်းပွားဖွယ်မရှိ ကာ ကွယ်နိုင်ခဲ့သည်။

ယခုပွဲမှာ ချင်းတိုင်းရင်းသား မြန်မာဖိုက်တာ ဂျိုရှုအာဗန်အတွက် ဖလိုင်း ဝိတ်တန်းတွင် ချန်ပီယံခါးပတ်ရယူပြီးနောက် ဒုတိယမြောက် ချန်ပီယံကာကွယ်ပွဲ ထိုးသတ် ခဲ့ရခြင်းဖြစ်သည်။

ဂျိုရှုအာဗန်နှင့် ပန်တိုဂျာ သည် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာအတွင်း ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပြီး ပထမအချီ စက္ကန့်ပိုင်းအတွင်းမှာတင် ဂျိုရှုအာဗန်က အလဲထိုးဖြင့် အနိုင်ရရှိထားခဲ့သည်။ #Eleven