၂၀၂၆ ကမာၻ႔ အ ေကာင္းဆုံးကစားသမားဆုအ တြက္ လူငယ္ကစားသမား ယာမယ္ ဆုရရွိရန္ ေရပန္းစားေန

၂၀၂၆ ကမာၻ႔ အ ေကာင္းဆုံးကစားသမားဆုအ တြက္ လူငယ္ကစားသမား ယာမယ္ ဆုရရွိရန္ ေရပန္းစားေန
=============================
ျပင္သစ္မဂၢဇင္းႏွင့္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္တို႔ပူးေပါင္းခ်ီးျမႇင့္ေပးအပ္မည့္ ၂၀၂၆ ကမာၻ႔အေကာင္းဆုံးကစားသမားဆု (Ballond’Or) အတြက္ မဲေပးမႈမ်ားကို စက္တင္ဘာလ ၂၈ ရက္က တရားဝင္ပိတ္သိမ္းၿပီးေနာက္ စပိန္အသင္းႏွင့္ဘာစီလိုနာအသင္းမွလူငယ္ကစားသမား ယာမယ္က ဆုရရွိရန္ ထိပ္ဆုံးမွ ေရပန္းစားလ်က္ရွိသည္။
၂၀၂၆ ကမာၻ႔အေကာင္းဆုံး ကစားသမားဆုအတြက္ ပရိသတ္မ်ားထံမွမဲေပးမႈမ်ားကို စက္တင္ဘာလ ၈ ရက္က ဆန္ခါတင္ကစား သမားစာရင္းထုတ္ျပန္ၿပီး ေနာက္မဲေပးမႈစတင္ျခင္းျဖစ္ၿပီး ရက္၂၀ အၾကာတြင္ မဲေပးမႈကိုတရားဝင္ပိတ္သိမ္းခဲ့ျခင္းျဖစ္သည္။
ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္(ဖီဖာ)က၂၀၂၆ ကမာၻ႔အေကာင္းဆုံးကစားသမားဆုအတြက္ဆန္ခါတင္ကစားသမားဦးေရ ၃၀ စာရင္းကို ေၾကညာ ၿပီးေနာက္ မဲေပးမႈစတင္ၿပီး ဆႏၵမဲေကာက္ယူမႈမ်ားလုပ္ေဆာင္ခဲ့ျခင္းျဖစ္သည္။လက္ရွိတြင္ယာမယ္က ရမွတ္ ၈၄၂ မွတ္ျဖင့္ ထိပ္ဆုံးမွေရပန္းစားေနကာ၎၏ေနာက္တြင္ အဂၤလန္အသင္းႏွင့္ဘိုင္ယန္ျမဴးနစ္အသင္းဝါရင့္တိုက္စစ္ကစားသမားဟယ္ရီကိန္းက ၇၃၈ မွတ္ျဖင့္ ရပ္တည္ေနသည္ဟု သတင္းမ်ားထြက္ေပၚ ေနသည္။
ယာမယ္သည္ၿပီးခဲ့သည့္ေဘာလုံးရာသီကဘာစီလိုနာအသင္းႏွင့္အတူအေကာင္းဆုံးေျခစြမ္း ျပႏိုင္ခဲ့ကာ အဓိကကစားသမားအျဖစ္ပါဝင္ကစားခဲ့သကဲ့သို႔ ၿပီးခဲ့သည့္ ၂၀၂၆ ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ လည္း စပိန္အသင္းႏွင့္အတူအေကာင္းဆုံးေျခစြမ္းျပႏိုင္ခဲ့ကာ ခ်န္ပီယံဆုဖလားဆြတ္ခူးႏိုင္ခဲ့ၿပီးေနာက္ကမာၻ႔အေကာင္းဆုံးကစားသမားဆုအတြက္လည္းဟယ္ရီကိန္းကိုေက်ာ္ျဖတ္ၿပီးထိပ္ဆုံးမွေရပန္းစား ေနျခင္းျဖစ္သည္။
၂၀၂၆ ကမာၻ႔အေကာင္းဆုံးကစားသမားဆု ေပးအပ္ပြဲအခမ္းအနားကို အေစာပိုင္းႏွစ္မ်ားကျပင္သစ္ႏိုင္ငံ၌က်င္းပခဲ့ေသာ္လည္း လာမည့္ကမာၻ႔ အေကာင္းဆုံးကစားသမားဆုေပးအပ္ပြဲကိုေအာက္ တိုဘာလ ၂၆ ရက္တြင္ အဂၤလန္ႏိုင္ငံ လန္ဒန္ၿမိဳ႕၌က်င္းပမည္ျဖစ္ေၾကာင္းသိရသည္။ Ref;Fabrizio Romano
၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် လူငယ်ကစားသမား ယာမယ် ဆုရရှိရန် ရေပန်းစားနေ
=============================
ပြင်သစ်မဂ္ဂဇင်းနှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့ပူးပေါင်းချီးမြှင့်ပေးအပ်မည့် ၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု (Ballond’Or) အတွက် မဲပေးမှုများကို စက်တင်ဘာလ ၂၈ ရက်က တရားဝင်ပိတ်သိမ်းပြီးနောက် စပိန်အသင်းနှင့်ဘာစီလိုနာအသင်းမှလူငယ်ကစားသမား ယာမယ်က ဆုရရှိရန် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။
၂၀၂၆ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုအတွက် ပရိသတ်များထံမှမဲပေးမှုများကို စက်တင်ဘာလ ၈ ရက်က ဆန်ခါတင်ကစား သမားစာရင်းထုတ်ပြန်ပြီး နောက်မဲပေးမှုစတင်ခြင်းဖြစ်ပြီး ရက်၂၀ အကြာတွင် မဲပေးမှုကိုတရားဝင်ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက်ဆန်ခါတင်ကစားသမားဦးရေ ၃၀ စာရင်းကို ကြေညာ ပြီးနောက် မဲပေးမှုစတင်ပြီး ဆန္ဒမဲကောက်ယူမှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။လက်ရှိတွင်ယာမယ်က ရမှတ် ၈၄၂ မှတ်ဖြင့် ထိပ်ဆုံးမှရေပန်းစားနေကာ၎င်း၏နောက်တွင် အင်္ဂလန်အသင်းနှင့်ဘိုင်ယန်မြူးနစ်အသင်းဝါရင့်တိုက်စစ်ကစားသမားဟယ်ရီကိန်းက ၇၃၈ မှတ်ဖြင့် ရပ်တည်နေသည်ဟု သတင်းများထွက်ပေါ် နေသည်။
ယာမယ်သည်ပြီးခဲ့သည့်ဘောလုံးရာသီကဘာစီလိုနာအသင်းနှင့်အတူအကောင်းဆုံးခြေစွမ်း ပြနိုင်ခဲ့ကာ အဓိကကစားသမားအဖြစ်ပါဝင်ကစားခဲ့သကဲ့သို့ ပြီးခဲ့သည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် လည်း စပိန်အသင်းနှင့်အတူအကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့ကာ ချန်ပီယံဆုဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက်ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက်လည်းဟယ်ရီကိန်းကိုကျော်ဖြတ်ပြီးထိပ်ဆုံးမှရေပန်းစား နေခြင်းဖြစ်သည်။
၂၀၂၆ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ပေးအပ်ပွဲအခမ်းအနားကို အစောပိုင်းနှစ်များကပြင်သစ်နိုင်ငံ၌ကျင်းပခဲ့သော်လည်း လာမည့်ကမ္ဘာ့ အကောင်းဆုံးကစားသမားဆုပေးအပ်ပွဲကိုအောက် တိုဘာလ ၂၆ ရက်တွင် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ကျင်းပမည်ဖြစ်ကြောင်းသိရသည်။ Ref;Fabrizio Romano




