တိုင္ဆန္ျဖဴရီႏွင့္ အန္သိုနီဂ်ိဳရႉအာတို႔ ႏိုဝင္ဘာလအတြင္းယွဥ္ၿပိဳင္မည္

တိုင္ဆန္ျဖဴရီႏွင့္ အန္သိုနီဂ်ိဳရႉအာတို႔ ႏိုဝင္ဘာလအတြင္းယွဥ္ၿပိဳင္မည္
=====================
ၿဗိတိန္ထိပ္တန္းလက္ေဝွ႔သမားမ်ားျဖစ္သည့္ တိုင္ဆန္ျဖဴရီႏွင့္အန္သိုနီဂ်ိဳရႉအာတို႔ အေနျဖင့္ လာမည့္ႏိုဝင္ဘာလအတြင္းယွဥ္ၿပိဳင္ရန္ သေဘာတူညီမႈရရွိခဲ့သည္။

တိုင္ဆန္ျဖဴရီႏွင့္အန္သိုနီဂ်ိဳရႉအာတို႔ယွဥ္ၿပိဳင္ရန္ အေစာပိုင္းကတည္းက ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ေနေသာ္လည္း အန္သိုနီဂ်ိဳရႉအာဘက္က စာခ်ဳပ္ပါအခ်က္တခ်ိဳ႕ကို ပယ္ခ်ခဲ့သည့္အတြက္ ၾကန႔္ၾကာေနၿပီး တိုင္ဆန္ျဖဴရီက အန္သိုနီဂ်ိဳရႉအာႏွင့္ယွဥ္ၿပိဳင္မည့္ေဆြးေႏြးမႈမ်ားကိုရပ္ဆိုင္းၿပီးေနာက္ ယူကရိန္းထိပ္တန္းလက္ေဝွ႔သမား အူဆက္ဗ္ႏွင့္ယွဥ္ၿပိဳင္ရန္ ေဆြးေႏြးမည္ဟု ၿပီးခဲ့သည့္ရက္ပိုင္းက ေျပာၾကားခဲ့သည္။

သို႔ေသာ္ တိုင္ဆန္ျဖဴရီက အန္သိုနီဂ်ိဳရႉအာႏွင့္ယွဥ္ၿပိဳင္ရန္ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈလုပ္ေဆာင္ခဲ့ၿပီး ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ရာမွ လာမည့္ႏိုဝင္ဘာလတြင္ယွဥ္ၿပိဳင္ရန္ သေဘာတူညီမႈရရွိခဲ့ ျခင္းျဖစ္သည္။

တိုင္ဆန္ျဖဴရီႏွင့္အန္သိုနီဂ်ိဳရႉအာတို႔အေနျဖင့္ ယွဥ္ၿပိဳင္ရန္ သေဘာတူညီမႈရရွိခဲ့ၿပီးျဖစ္ေသာ္လည္း ေနာက္ဆုံးအဆင့္ေဆြးေႏြးမႈမ်ားအျဖစ္ ယွဥ္ၿပိဳင္မည့္ေနရာကို ဆက္လက္ေဆြးေႏြးေနၿပီး ကာဒစ္ဖ္ၿမိဳ႕၊ လန္ဒန္ၿမိဳ႕ႏွင့္ နယူးေယာက္ၿမိဳ႕ သုံးၿမိဳ႕မွ တစ္ၿမိဳ႕ကိုက်င္းပရန္ ေဆြးေႏြးမႈမ်ား လုပ္ေဆာင္ေနေၾကာင္း သိရသည္။ Ref; Source Boxing


တိုင်ဆန်ဖြူရီနှင့် အန်သိုနီဂျိုရှူအာတို့ နိုဝင်ဘာလအတွင်းယှဉ်ပြိုင်မည်
=====================
ဗြိတိန်ထိပ်တန်းလက်ဝှေ့သမားများဖြစ်သည့် တိုင်ဆန်ဖြူရီနှင့်အန်သိုနီဂျိုရှူအာတို့ အနေဖြင့် လာမည့်နိုဝင်ဘာလအတွင်းယှဉ်ပြိုင်ရန် သဘောတူညီမှုရရှိခဲ့သည်။

တိုင်ဆန်ဖြူရီနှင့်အန်သိုနီဂျိုရှူအာတို့ယှဉ်ပြိုင်ရန် အစောပိုင်းကတည်းက ဆွေးနွေးမှုများလုပ်ဆောင်နေသော်လည်း အန်သိုနီဂျိုရှူအာဘက်က စာချုပ်ပါအချက်တချို့ကို ပယ်ချခဲ့သည့်အတွက် ကြန့်ကြာနေပြီး တိုင်ဆန်ဖြူရီက အန်သိုနီဂျိုရှူအာနှင့်ယှဉ်ပြိုင်မည့်ဆွေးနွေးမှုများကိုရပ်ဆိုင်းပြီးနောက် ယူကရိန်းထိပ်တန်းလက်ဝှေ့သမား အူဆက်ဗ်နှင့်ယှဉ်ပြိုင်ရန် ဆွေးနွေးမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ပြောကြားခဲ့သည်။

သို့သော် တိုင်ဆန်ဖြူရီက အန်သိုနီဂျိုရှူအာနှင့်ယှဉ်ပြိုင်ရန် ဒုတိယအကြိမ် ကမ်းလှမ်းမှုလုပ်ဆောင်ခဲ့ပြီး ဆွေးနွေးမှုများလုပ်ဆောင်ရာမှ လာမည့်နိုဝင်ဘာလတွင်ယှဉ်ပြိုင်ရန် သဘောတူညီမှုရရှိခဲ့ ခြင်းဖြစ်သည်။

တိုင်ဆန်ဖြူရီနှင့်အန်သိုနီဂျိုရှူအာတို့အနေဖြင့် ယှဉ်ပြိုင်ရန် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်သော်လည်း နောက်ဆုံးအဆင့်ဆွေးနွေးမှုများအဖြစ် ယှဉ်ပြိုင်မည့်နေရာကို ဆက်လက်ဆွေးနွေးနေပြီး ကာဒစ်ဖ်မြို့၊ လန်ဒန်မြို့နှင့် နယူးယောက်မြို့ သုံးမြို့မှ တစ်မြို့ကိုကျင်းပရန် ဆွေးနွေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။ Ref; Source Boxing