ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအ ေဝးႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံက်င္းပႏိုင္ေရး လုပ္ငန္းညႇိႏွိင္းအစည္းအ ေဝးသို႔ တက္ေရာက္



ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအ ေဝးႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံက်င္းပႏိုင္ေရး လုပ္ငန္းညႇိႏွိင္းအစည္းအ ေဝးသို႔ တက္ေရာက္
========================
စက္တင္ဘာ ၁၆၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ၂၀၂၆ ခုႏွစ္၊ စက္တင္ဘာလ (၁၆) ရက္ေန႔ နံနက္ ၁၀ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၂)၌ ျပဳလုပ္သည့္ သတၱမအႀကိမ္ ဗဟိုေကာ္မတီအစည္းအေဝးႏွင့္ စတုတၳအႀကိမ္ ပါတီညီလာခံက်င္းပႏိုင္ေရး လုပ္ငန္းညႇိႏွိင္းအစည္းအေဝးသို႔ တက္ေရာက္ခဲ့ပါသည္။
အစည္းအေဝးတြင္ ပါတီအေထြေထြအတြင္းေရးမႉးက အဖြင့္အမွာစကားေျပာၾကားခဲ့ပါသည္။ ၎ေနာက္ ဖြဲ႕စည္းထားရွိေပးထားသည့္ ဆပ္ေကာ္မတီအသီးသီးက အစည္းအေဝးမ်ားအတြက္ စီမံေဆာင္႐ြက္ထားရွိမႈမ်ားအား တင္ျပၾကရာ ပါတီအေထြေထြအတြင္းေရးမႉးႏွင့္ တြဲဖက္အေထြေထြအတြင္းေရးမႉးတို႔က လိုအပ္သည့္မ်ားအား ျဖည့္စြက္မွာၾကားခဲ့ၿပီး ေဆာင္႐ြက္ရန္ရွိသည့္ ကိစၥရပ္မ်ားအား လိုအပ္ခ်က္မ်ားမျဖစ္ေပၚေစရန္ စနစ္တက် ေဆာင္႐ြက္ၾကရန္ မွာၾကားပါသည္။
အဆိုပါအစည္းအေဝးသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ တြဲဖက္အေထြေထြအတြင္းေရးမႉး ဦးတင္ေအာင္ခ်စ္၊ ဗဟိုအတြင္းေရးမႉးမ်ား၊ ဗဟိုအလုပ္အမႈေဆာင္မ်ား၊ ဗဟိုေကာ္မတီဝင္မ်ား၊ ဌာနႀကီးမႉးမ်ား၊ ဌာနမႉးမ်ားႏွင့္ တိုင္းေဒသႀကီး/ျပည္နယ္မ်ားမွ ေရာက္ရွိေနသည့္ ေဒသေပါင္းစပ္ညႇိႏွိင္းေရးအဖြဲ႕ဝင္မ်ား တက္ေရာက္ခဲ့ၾကၿပီး အစည္းအေဝးအား ေန႔လည္ ၁၂ နာရီအခ်ိန္တြင္ ၿပီးေျမာက္ခဲ့ေၾကာင္း သတင္းရရွိပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအ ဝေးနှင့် စတုတ္ထအကြိမ် ပါတီညီလာခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအ ဝေးသို့ တက်ရောက်
========================
စက်တင်ဘာ ၁၆၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်သည့် သတ္တမအကြိမ် ဗဟိုကော်မတီအစည်းအဝေးနှင့် စတုတ္ထအကြိမ် ပါတီညီလာခံကျင်းပနိုင်ရေး လုပ်ငန်းညှိနှိင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။
အစည်းအဝေးတွင် ပါတီအထွေထွေအတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ၎င်းနောက် ဖွဲ့စည်းထားရှိပေးထားသည့် ဆပ်ကော်မတီအသီးသီးက အစည်းအဝေးများအတွက် စီမံဆောင်ရွက်ထားရှိမှုများအား တင်ပြကြရာ ပါတီအထွေထွေအတွင်းရေးမှူးနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူးတို့က လိုအပ်သည့်များအား ဖြည့်စွက်မှာကြားခဲ့ပြီး ဆောင်ရွက်ရန်ရှိသည့် ကိစ္စရပ်များအား လိုအပ်ချက်များမဖြစ်ပေါ်စေရန် စနစ်တကျ ဆောင်ရွက်ကြရန် မှာကြားပါသည်။
အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနကြီးမှူးများ၊ ဌာနမှူးများနှင့် တိုင်းဒေသကြီး/ပြည်နယ်များမှ ရောက်ရှိနေသည့် ဒေသပေါင်းစပ်ညှိနှိင်းရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအား နေ့လည် ၁၂ နာရီအချိန်တွင် ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိပါသည်။




