မန္ယူႏိုက္တက္က ခ်န္ပီယံလိဂ္မွာ ဆာဘားကို ၄ ဂိုးျပတ္ႏိုင္

မန္ယူႏိုက္တက္က ခ်န္ပီယံလိဂ္မွာ  ဆာဘားကို ၄ ဂိုးျပတ္ႏိုင္
=====================
ယ ေန႔ မနက္အေစာပိုင္းက အိုးထရက္ဖို႔ဒ္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ အဖြင့္ပြဲစဥ္မွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ အဇာဘိုင္ဂ်န္ခ်န္ပီယံ ဆာဘားအသင္းကို ေလးဂိုးျပတ္ အႏိုင္ရရွိခဲ့ပါတယ္။

အဇာဘိုင္ဂ်န္ကလပ္ ဆာဘားအသင္းဟာ ေျခစစ္ပြဲ ေလးဆင့္ ေက်ာ္ျဖတ္ၿပီး ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္ကို တက္ေရာက္လာတာ ျဖစ္ေပမဲ့ ပရီးမီးယားလိဂ္ အသင္းႀကီးရဲ႕ အဆင့္အတန္း ကြာျခားမႈကို ႀကဳံေတြ႕ခဲ့ရတာပါ။

မန္ယူႏိုက္တက္အတြက္ အႏိုင္ဂိုးေတြကို ကြန္ညာ၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ရွက္စကို တို႔က ပထမပိုင္းမွာတင္ သြင္းယူေပးခဲ့ၾကတာျဖစ္ၿပီး ဒုတိယပိုင္း ၆၈ မိနစ္မွာေတာ့ ေနာက္ခံလူ မာတီနက္ဇ္က အပိတ္ဂိုး သြင္းယူခဲ့တာ ျဖစ္ပါတယ္။

အဆိုပါႏိုင္ပြဲေၾကာင့္ မန္ယူႏိုက္တက္ဟာ ခ်န္ပီယံလိဂ္ ဇယားထိပ္ပိုင္းမွာ ပီအက္စ္ဂ်ီ၊ ဘာစီလိုနာ၊ ဘိုင္ယန္ျမဴးနစ္ တို႔ရဲ႕ အေနာက္မွာ ရပ္တည္ႏိုင္ခဲ့ပါတယ္။


မန်ယူနိုက်တက်က ချန်ပီယံလိဂ်မှာ ဆာဘားကို ၄ ဂိုးပြတ်နိုင်
=====================
ယ နေ့ မနက်အစောပိုင်းက အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ အဇာဘိုင်ဂျန်ချန်ပီယံ ဆာဘားအသင်းကို လေးဂိုးပြတ် အနိုင်ရရှိခဲ့ပါတယ်။

အဇာဘိုင်ဂျန်ကလပ် ဆာဘားအသင်းဟာ ခြေစစ်ပွဲ လေးဆင့် ကျော်ဖြတ်ပြီး ပထမဆုံးအကြိမ် ချန်ပီယံလိဂ် အုပ်စုအဆင့်ကို တက်ရောက်လာတာ ဖြစ်ပေမဲ့ ပရီးမီးယားလိဂ် အသင်းကြီးရဲ့ အဆင့်အတန်း ကွာခြားမှုကို ကြုံတွေ့ခဲ့ရတာပါ။

မန်ယူနိုက်တက်အတွက် အနိုင်ဂိုးတွေကို ကွန်ညာ၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ရှက်စကို တို့က ပထမပိုင်းမှာတင် သွင်းယူပေးခဲ့ကြတာဖြစ်ပြီး ဒုတိယပိုင်း ၆၈ မိနစ်မှာတော့ နောက်ခံလူ မာတီနက်ဇ်က အပိတ်ဂိုး သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဆိုပါနိုင်ပွဲကြောင့် မန်ယူနိုက်တက်ဟာ ချန်ပီယံလိဂ် ဇယားထိပ်ပိုင်းမှာ ပီအက်စ်ဂျီ၊ ဘာစီလိုနာ၊ ဘိုင်ယန်မြူးနစ် တို့ရဲ့ အနောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။