ျပည္ခိုင္ၿဖိဳးပါတီ ပဲခူးတိုင္းေဒသႀကီး(အေရွ႕) တိုင္းပါတီေကာ္မတီ ျပန္လည္ဖြဲ႕စည္းျခင္း


ျပည္ခိုင္ၿဖိဳးပါတီ ပဲခူးတိုင္းေဒသႀကီး(အေရွ႕) တိုင္းပါတီေကာ္မတီ ျပန္လည္ဖြဲ႕စည္းျခင္း
====================
ပဲခူး စက္တင္ဘာ-၁၃
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) ပဲခူးတိုင္းေဒသႀကီး(အေရွ႕)၏ ပါတီေကာ္မတီေ႐ႊးခ်ယ္ဖြဲ႕စည္းျခင္းအခမ္းအနားႏွင့္စုံညီအစည္းအေဝးကို စက္တင္ဘာလ (၁၃)ရက္ေန႔ နံနက္(၁၀)နာရီက ပဲခူးၿမိဳ ေ႐ႊေမာ္ေဓာဘုရားလမ္းရွိ ပါတီ႐ုံး အစည္းအေဝးခန္းမတြင္ ျပဳလုပ္က်င္းပခဲ့သည္ ။
အစီအစဥ္မ်ားအရ သဘာပတိအဖြဲမ်ားေနရာယူျခင္းႏိုင္ငံေတာ္အလံအေလးျပဳ၍ ႏိုင္ငံေတာ္သီခ်င္းသီဆိုျခင္း ၊ ေပါင္းစပ္ညႇိႏွိင္းေရးမႉး ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္းမွ အဖြင့္အမွာစကားေျပာၾကားခဲ့ရာတြင္ ျမန္မာႏိုင္ငံႏွင့္ အိမ္နီးခ်င္းႏိုင္ငံမ်ား ကမာၻ႔ႏိုင္ငံႀကီးမ်ား၏ပကတိအေျခအေနမ်ား ၊ မိမိတိုပါတီ၏ရည္မွန္းခ်က္မ်ားအား ခ်ျပ ရွင္းလင္းျခင္း ၊ တိုင္းပါတီအတြင္းေရးမႉးဦးေအာင္ႏိုင္မွ တိုင္းေဒသႀကီးပါတီ ေကာ္မတီ၏ အစီရင္ခံစာအား ဖတ္ၾကားတင္သြင္းျခင္း ၊ တိုင္းပါတီ ေကာ္မတီဝင္မ်ားမွ မိမိတို၏တာဝန္မ်ားအား ျပန္လည္အပ္ႏွံျခင္း ၊ ေခတၱတိုင္းပါတီဥကၠ႒ဦးေအာင္ဝင္းထြန္းမွ ေ႐ြးခ်ယ္ေရးေကာ္မတီ လုပ္ထုံးလုပ္နည္းမ်ားအားခ်ျပရွင္းလင္း ၊ တိုင္းေဒသႀကီးပါတီေကာ္မတီဝင္မ်ားအား တက္ေရာက္လာၾကေသာ ခ႐ိုင္/ၿမိဳနယ္ပါတီ ဥကၠ႒မ်ား ၿမိဳမိ/ၿမိဳဖမ်ားမွ မဲဆႏၵျပဳေ႐ြးခ်ယ္ျခင္း ၊ သဘာပတိအဖြဲမွ အမည္စာရင္းအတည္ျပဳေၾကညာျခင္း တာဝန္ေပးအပ္ျခင္း ၊ ေ႐ြးခ်ယ္ခန္႔အပ္ တာဝန္ေပးအပ္ျခင္းခံရေသာ တိုင္းေဒသႀကီးပါတီဥကၠ႒ဦးေအာင္ဝင္းထြန္း ဦးေဆာင္ေသာတိုင္းေဒသႀကီးပါတီေကာ္မတီဝငမ်ားမွ ကတိသစၥာျပဳျခင္း ၊ ပါတီဗဟိုေကာ္မတီဝင္မ်ား၏အမည္စာရင္းအားအတည္ျပဳေၾကညာျခင္း ၊ သဘာပတိမွ နိဂုံးခ်ဳပ္အမွာစကားေျပာၾကားခဲ့ၿပီး ေႂကြးေၾကာ္သံမ်ားျဖင့္အခမ္းအနားကို ႐ုပ္သိမ္းခဲ့သည္ ။
အဆိုပါအခမ္းအနားတြင္ သဘာပတိမ်ားအျဖစ္ ေပါင္းစပ္ညႇိႏွိင္းေရးမႉး ၊ ဗဟိုအလုပ္အမႈေဆာင္ ဦးလွသိန္း ၊ ဗဟိုအတိုင္ပင္ခံဦးေစာေမာ္ထြန္း ၊တိုင္းပါတီနာယက ဦးမ်ိဳးေဆြဝင္းတိုမွ ေဆာင္႐ြက္ခဲ့ၾကၿပီး တိုင္း ခ႐ိုင္ ၿမိဳနယ္ပါတီေကာ္မတီဝင္မ်ား ၿမိဳမိ/ ၿမိဳဖမ်ား စုစုေပါင္း အင္အား (၁၀၀)ဦးေက်ာ္တက္ေရာက္ခဲ့ပါသည္ ။
ပြည်ခိုင်ဖြိုးပါတီ ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းပါတီကော်မတီ ပြန်လည်ဖွဲ့စည်းခြင်း
====================
ပဲခူး စက်တင်ဘာ-၁၃
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ပဲခူးတိုင်းဒေသကြီး(အရှေ့)၏ ပါတီကော်မတီရွှေးချယ်ဖွဲ့စည်းခြင်းအခမ်းအနားနှင့်စုံညီအစည်းအဝေးကို စက်တင်ဘာလ (၁၃)ရက်နေ့ နံနက်(၁၀)နာရီက ပဲခူးမြို ရွှေမော်ဓောဘုရားလမ်းရှိ ပါတီရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ကျင်းပခဲ့သည် ။
အစီအစဥ်များအရ သဘာပတိအဖွဲများနေရာယူခြင်းနိုင်ငံတော်အလံအလေးပြု၍ နိုင်ငံတော်သီချင်းသီဆိုခြင်း ၊ ပေါင်းစပ်ညှိနှိင်းရေးမှူး ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းမှ အဖွင့်အမှာစကားပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ ကမ္ဘာ့နိုင်ငံကြီးများ၏ပကတိအခြေအနေများ ၊ မိမိတိုပါတီ၏ရည်မှန်းချက်များအား ချပြ ရှင်းလင်းခြင်း ၊ တိုင်းပါတီအတွင်းရေးမှူးဦးအောင်နိုင်မှ တိုင်းဒေသကြီးပါတီ ကော်မတီ၏ အစီရင်ခံစာအား ဖတ်ကြားတင်သွင်းခြင်း ၊ တိုင်းပါတီ ကော်မတီဝင်များမှ မိမိတို၏တာဝန်များအား ပြန်လည်အပ်နှံခြင်း ၊ ခေတ္တတိုင်းပါတီဥက္ကဋ္ဌဦးအောင်ဝင်းထွန်းမှ ရွေးချယ်ရေးကော်မတီ လုပ်ထုံးလုပ်နည်းများအားချပြရှင်းလင်း ၊ တိုင်းဒေသကြီးပါတီကော်မတီဝင်များအား တက်ရောက်လာကြသော ခရိုင်/မြိုနယ်ပါတီ ဥက္ကဋ္ဌများ မြိုမိ/မြိုဖများမှ မဲဆန္ဒပြုရွေးချယ်ခြင်း ၊ သဘာပတိအဖွဲမှ အမည်စာရင်းအတည်ပြုကြေညာခြင်း တာဝန်ပေးအပ်ခြင်း ၊ ရွေးချယ်ခန့်အပ် တာဝန်ပေးအပ်ခြင်းခံရသော တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးအောင်ဝင်းထွန်း ဦးဆောင်သောတိုင်းဒေသကြီးပါတီကော်မတီဝငများမှ ကတိသစ္စာပြုခြင်း ၊ ပါတီဗဟိုကော်မတီဝင်များ၏အမည်စာရင်းအားအတည်ပြုကြေညာခြင်း ၊ သဘာပတိမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ကြွေးကြော်သံများဖြင့်အခမ်းအနားကို ရုပ်သိမ်းခဲ့သည် ။
အဆိုပါအခမ်းအနားတွင် သဘာပတိများအဖြစ် ပေါင်းစပ်ညှိနှိင်းရေးမှူး ၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း ၊ ဗဟိုအတိုင်ပင်ခံဦးစောမော်ထွန်း ၊တိုင်းပါတီနာယက ဦးမျိုးဆွေဝင်းတိုမှ ဆောင်ရွက်ခဲ့ကြပြီး တိုင်း ခရိုင် မြိုနယ်ပါတီကော်မတီဝင်များ မြိုမိ/ မြိုဖများ စုစုပေါင်း အင်အား (၁၀၀)ဦးကျော်တက်ရောက်ခဲ့ပါသည် ။




