ျပည္သူကို ေဒၚလာ ၅,၀၀၀ ေပးမယ္ဆိုၿပီး မဲ ဆြယ္လိုက္တဲ့ ထရမ့္

ျပည္သူကို ေဒၚလာ ၅,၀၀၀ ေပးမယ္ဆိုၿပီး မဲ ဆြယ္လိုက္တဲ့ ထရမ့္
=======================
ၾကားျဖတ္ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကန္ေတြ အႏိုင္ရရင္ အ႐ြယ္ေရာက္ၿပီးသူ အေမရိကန္ ႏိုင္ငံ သားတစ္ေယာက္တိုင္းကို ေဒၚလာ ၅,၀၀၀ ေပးမယ္လို႔ သမၼတ ထရမ့္ ကတိျပဳလိုက္တာကို CNN သတင္းမွာ ေဖာ္ျပပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ဟာ တကၠဆက္ျပည္နယ္ ဒဲလတ္စ္ၿမိဳ႕မွာ စက္တင္ဘာ ၉ ရက္က က်င္းပတဲ့ ရီပတ္ဘလစ္ကန္ပါတီရဲ႕ ပထမဆုံး ၾကားျဖတ္ေ႐ြးေကာက္ပြဲ ညီလာခံ မွာ ၁ နာရီနဲ႔ မိနစ္ ၄၅ မိနစ္ၾကာ မိန႔္ခြန္းေျပာ ၾကားခဲ့ပါတယ္။
အဲဒီမိန႔္ခြန္းထဲမွာ ထရမ့္က လာမယ့္ ႏိုဝင္ဘာ ၾကားျဖတ္ ေ႐ြးေကာက္ပြဲမွာ ရီပတ္ဘလစ္ကန္ပါတီသာ လႊတ္ေတာ္ကို ဆက္လက္ ထိန္းခ်ဳပ္ ႏိုင္ခဲ့ရင္ အေမရိကန္ ႏိုင္ငံသားတစ္ေယာက္ကို ထရမ့္အျမတ္ေဝစု (Trump dividend)အျဖစ္ ေဒၚလာ ၅,၀၀၀ စီ ေပးအပ္သြားမယ္လို႔ ေျပာၾကားခဲ့တာပါ။
ဒါဟာ မဲဆႏၵရွင္ေတြကို ဆြဲေဆာင္ဖို႔ ႀကိဳးပမ္း လိုက္တဲ့ မႀကဳံစဖူး ကမ္းလွမ္းခ်က္တစ္ခု ျဖစ္ပါတယ္။
ဒါေပမဲ့ ဒီေငြေပးေခ်မႈကို ဘယ္လို လုပ္ေဆာင္ မလဲဆိုတာနဲ႔ ဥပေဒနဲ႔ ညီ မညီ ဆိုတာကေတာ့ ေသေသခ်ာခ်ာ မသိရေသးပါဘူး။
အေမရိကန္မွာ အ႐ြယ္ေရာက္ၿပီးသူ သန္း ၂၇၀ ခန႔္ ရွိတာေၾကာင့္ ဒီအစီအစဥ္အတြက္ ကုန္က်စရိတ္ဟာ ေဒၚလာ ၁ ဒသမ ၃၅ ထရီလီယံခန႔္ ရွိလာမွာ ျဖစ္ပါတယ္။
ပြည်သူကို ဒေါ်လာ ၅,၀၀၀ ပေးမယ်ဆိုပြီး မဲဆွယ်လိုက်တဲ့ ထရမ့်
=======================
ကြားဖြတ်ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်တွေ အနိုင်ရရင် အရွယ်ရောက်ပြီးသူ အမေရိကန် နိုင်ငံ သားတစ်ယောက်တိုင်းကို ဒေါ်လာ ၅,၀၀၀ ပေးမယ်လို့ သမ္မတ ထရမ့် ကတိပြုလိုက်တာကို CNN သတင်းမှာ ဖော်ပြပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တက္ကဆက်ပြည်နယ် ဒဲလတ်စ်မြို့မှာ စက်တင်ဘာ ၉ ရက်က ကျင်းပတဲ့ ရီပတ်ဘလစ်ကန်ပါတီရဲ့ ပထမဆုံး ကြားဖြတ်ရွေးကောက်ပွဲ ညီလာခံ မှာ ၁ နာရီနဲ့ မိနစ် ၄၅ မိနစ်ကြာ မိန့်ခွန်းပြော ကြားခဲ့ပါတယ်။
အဲဒီမိန့်ခွန်းထဲမှာ ထရမ့်က လာမယ့် နိုဝင်ဘာ ကြားဖြတ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်ပါတီသာ လွှတ်တော်ကို ဆက်လက် ထိန်းချုပ် နိုင်ခဲ့ရင် အမေရိကန် နိုင်ငံသားတစ်ယောက်ကို ထရမ့်အမြတ်ဝေစု (Trump dividend)အဖြစ် ဒေါ်လာ ၅,၀၀၀ စီ ပေးအပ်သွားမယ်လို့ ပြောကြားခဲ့တာပါ။
ဒါဟာ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ ကြိုးပမ်း လိုက်တဲ့ မကြုံစဖူး ကမ်းလှမ်းချက်တစ်ခု ဖြစ်ပါတယ်။
ဒါပေမဲ့ ဒီငွေပေးချေမှုကို ဘယ်လို လုပ်ဆောင် မလဲဆိုတာနဲ့ ဥပဒေနဲ့ ညီ မညီ ဆိုတာကတော့ သေသေချာချာ မသိရသေးပါဘူး။
အမေရိကန်မှာ အရွယ်ရောက်ပြီးသူ သန်း ၂၇၀ ခန့် ရှိတာကြောင့် ဒီအစီအစဉ်အတွက် ကုန်ကျစရိတ်ဟာ ဒေါ်လာ ၁ ဒသမ ၃၅ ထရီလီယံခန့် ရှိလာမှာ ဖြစ်ပါတယ်။



