Cherry Red အ ေရာင္နဲ႔ Xiaomi 18 Fold ေခါက္ဖုန္းသစ္ မိတ္ဆက္

Cherry Red အ ေရာင္နဲ႔ Xiaomi 18 Fold ေခါက္ဖုန္းသစ္ မိတ္ဆက္
************************
Apple ရဲ႕ iPhone Ultra ကို လက္ဦးမႈရယူၿပီး Xiaomi က သူတို႔ရဲ႕ ပထမဆုံး wide-format အက်ယ္ဒီဇိုင္းနဲ႔ Xiaomi 18 Fold ေခါက္ဖုန္းသစ္ကို ႏွစ္ရက္ႀကိဳတင္ (စက္တင္ဘာလ ၇ရက္က) မိတ္ဆက္လိုက္ပါတယ္။
ပိုၿပီးစိတ္ဝင္စားစရာေကာင္းတာက Apple ထုတ္မယ္လို႔ သတင္းထြက္ေနတဲ့ ဆြဲေဆာင္မႈအျပည့္နဲ႔ Cherry Red အေရာင္ကိုပါ ထည့္သြင္းထုတ္လုပ္ထားတာပဲ ျဖစ္ပါတယ္။
ဖုန္းရဲ႕ ႏွလုံးသည္းပြတ္မွာေတာ့ Xiaomi ကိုယ္တိုင္ ဖန္တီးထားတဲ့ အစြမ္းထက္ Xring O3 SoC ကို တပ္ဆင္ထားၿပီး RAM 16GB နဲ႔ Storage 1TB အထိ အျမင့္ဆုံး ေ႐ြးခ်ယ္ႏိုင္မွာပါ။
မ်က္ႏွာျပင္ေတြအေနနဲ႔ ၇.၅၈ လက္မရွိတဲ့ အတြင္းဘက္ ဧရာမမ်က္ႏွာျပင္နဲ႔ ၅.၃၈ လက္မရွိတဲ့ အျပင္ဘက္မ်က္ႏွာျပင္တို႔ ပါဝင္ၿပီး ႏွစ္ခုစလုံးက 120Hz refresh rate နဲ႔ အလင္းေရာင္ 4,000-nit အထိ ေပးစြမ္းႏိုင္တဲ့အတြက္ ေနေရာင္ေအာက္မွာေတာင္ ရွင္းလင္းျပတ္သားစြာ ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္။
ဓာတ္ပုံဝါသနာရွင္ေတြအတြက္လည္း အထူးအမိုက္စား 200MP ပင္မကင္မရာႀကီး ပါဝင္လာပါတယ္။ ဒါ့အျပင္ 3.5x optical zoom ဆြဲႏိုင္တဲ့ 50MP periscope ကင္မရာ၊ 50MP ultrawide ကင္မရာနဲ႔ 16MP ဆယ္လ္ဖီကင္မရာေတြက အေကာင္းဆုံး ပုံရိပ္ေတြကို ဖမ္းယူေပးႏိုင္မွာပါ။
တစ္ေနကုန္ အသုံးခံမယ့္ 6,000 mAh ဘက္ထရီႀကီးကို 67W အျမန္ႀကိဳးတပ္အားသြင္းစနစ္၊ 50W ႀကိဳးမဲ့အားသြင္းစနစ္ေတြနဲ႔ အားျဖည့္ေပးထားပါတယ္။
အမိုက္စား Android 17 အေျခခံ HyperOS 4 နဲ႔ လည္ပတ္မယ့္ အဲဒီ Xiaomi 18 Fold ကို အေရာင္ ၄ မ်ိဳးအျပင္ သီးသန႔္ ေႂကြထည္ဗားရွင္းနဲ႔ပါ ဝယ္ယူႏိုင္မွာပါ။
ေဈးႏႈန္းေတြကေတာ့ ေဒၚလာ ၁,၆၃၈ ဝန္းက်င္ကေန အျမင့္ဆုံး ေဒၚလာ ၂,၃၈၃ ဝန္းက်င္အထိ ရွိေပမယ့္ ေလာေလာဆယ္ တ႐ုတ္ႏိုင္ငံတြင္းမွာပဲ သီးသန႔္ေရာင္းခ်သြားမယ္လို႔ သိရပါတယ္။
Ref: GSMArena
Cherry Red အရောင်နဲ့ Xiaomi 18 Fold ခေါက်ဖုန်းသစ် မိတ်ဆက်
************************
Apple ရဲ့ iPhone Ultra ကို လက်ဦးမှုရယူပြီး Xiaomi က သူတို့ရဲ့ ပထမဆုံး wide-format အကျယ်ဒီဇိုင်းနဲ့ Xiaomi 18 Fold ခေါက်ဖုန်းသစ်ကို နှစ်ရက်ကြိုတင် (စက်တင်ဘာလ ၇ရက်က) မိတ်ဆက်လိုက်ပါတယ်။
ပိုပြီးစိတ်ဝင်စားစရာကောင်းတာက Apple ထုတ်မယ်လို့ သတင်းထွက်နေတဲ့ ဆွဲဆောင်မှုအပြည့်နဲ့ Cherry Red အရောင်ကိုပါ ထည့်သွင်းထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။
ဖုန်းရဲ့ နှလုံးသည်းပွတ်မှာတော့ Xiaomi ကိုယ်တိုင် ဖန်တီးထားတဲ့ အစွမ်းထက် Xring O3 SoC ကို တပ်ဆင်ထားပြီး RAM 16GB နဲ့ Storage 1TB အထိ အမြင့်ဆုံး ရွေးချယ်နိုင်မှာပါ။
မျက်နှာပြင်တွေအနေနဲ့ ၇.၅၈ လက်မရှိတဲ့ အတွင်းဘက် ဧရာမမျက်နှာပြင်နဲ့ ၅.၃၈ လက်မရှိတဲ့ အပြင်ဘက်မျက်နှာပြင်တို့ ပါဝင်ပြီး နှစ်ခုစလုံးက 120Hz refresh rate နဲ့ အလင်းရောင် 4,000-nit အထိ ပေးစွမ်းနိုင်တဲ့အတွက် နေရောင်အောက်မှာတောင် ရှင်းလင်းပြတ်သားစွာ မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ဓာတ်ပုံဝါသနာရှင်တွေအတွက်လည်း အထူးအမိုက်စား 200MP ပင်မကင်မရာကြီး ပါဝင်လာပါတယ်။ ဒါ့အပြင် 3.5x optical zoom ဆွဲနိုင်တဲ့ 50MP periscope ကင်မရာ၊ 50MP ultrawide ကင်မရာနဲ့ 16MP ဆယ်လ်ဖီကင်မရာတွေက အကောင်းဆုံး ပုံရိပ်တွေကို ဖမ်းယူပေးနိုင်မှာပါ။
တစ်နေကုန် အသုံးခံမယ့် 6,000 mAh ဘက်ထရီကြီးကို 67W အမြန်ကြိုးတပ်အားသွင်းစနစ်၊ 50W ကြိုးမဲ့အားသွင်းစနစ်တွေနဲ့ အားဖြည့်ပေးထားပါတယ်။
အမိုက်စား Android 17 အခြေခံ HyperOS 4 နဲ့ လည်ပတ်မယ့် အဲဒီ Xiaomi 18 Fold ကို အရောင် ၄ မျိုးအပြင် သီးသန့် ကြွေထည်ဗားရှင်းနဲ့ပါ ဝယ်ယူနိုင်မှာပါ။
ဈေးနှုန်းတွေကတော့ ဒေါ်လာ ၁,၆၃၈ ဝန်းကျင်ကနေ အမြင့်ဆုံး ဒေါ်လာ ၂,၃၈၃ ဝန်းကျင်အထိ ရှိပေမယ့် လောလောဆယ် တရုတ်နိုင်ငံတွင်းမှာပဲ သီးသန့်ရောင်းချသွားမယ်လို့ သိရပါတယ်။
Ref: GSMArena




