ဟူသီအဖြဲ႕က ေဆာ္ဒီအာေရဗ်ကို ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္

ဟူသီအဖြဲ႕က ေဆာ္ဒီအာေရဗ်ကို ဒ႐ုန္းမ်ား၊ ဒုံးက်ည္မ်ားျဖင့္ တိုက္ခိုက္
=======================
ယီမင္ႏိုင္ငံရွိ ဟူသီလက္နက္ကိုင္အဖြဲ႕ဟာ ေဆာ္ဒီအာေရဗ်ႏိုင္ငံအတြင္းမွာရွိတဲ့ အေရးပါတဲ့ပစ္မွတ္ေတြကို ဒ႐ုန္းနဲ႔ဒုံးက်ည္ေတြအမ်ားအျပားသုံးၿပီး အႀကီးအက်ယ္တိုက္ခိုက္ခဲ့တယ္လို႔ စက္တင္ဘာလ ၈ ရက္မွာ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
ဟူသီတပ္ဖြဲ႕မွေျပာေရးဆိုခြင့္ရွိသူ ယားဟီးယားဆာရီရဲ႕ေျပာဆိုခ်က္အရ ဒီစစ္ဆင္ေရးမွာေတာင္ပံပါဒုံးက်ည္ေတြ၊ ပဲ့ထိန္းဒုံးက်ည္ေတြနဲ႔ တိုက္ခိုက္ေရးဒ႐ုန္းအစင္းေရ အေျမာက္အျမား ကိုသုံးစြဲခဲ့တာျဖစ္တယ္လို႔သိရပါတယ္။ တိုက္ခိုက္ခံရတဲ့ ပစ္မွတ္ေတြထဲမွာ ေဆာ္ဒီအာေရဗ် ရဲ႕စစ္ဘက္ဆိုင္ရာစခန္းေတြနဲ႔အဓိကအေျခခံ အေဆာက္အအုံေတြ ပါဝင္တယ္လို႔ ဆိုပါတယ္။
ဒီတိုက္ခိုက္မႈဟာ ယီမင္ႏိုင္ငံအေပၚ ေဆာ္ဒီဦးေဆာင္တဲ့ မဟာမိတ္တပ္ဖြဲ႕ရဲ႕ ေလေၾကာင္းတိုက္ခိုက္မႈေတြနဲ႔ ပိတ္ဆို႔ထားမႈေတြကို တုံ႔ျပန္တဲ့အေနနဲ႔ လုပ္ေဆာင္တာျဖစ္ေၾကာင္း ဟူသီဘက္က အေၾကာင္းျပထားပါတယ္။ ဒါေပမဲ့ ဒီတိုက္ခိုက္မႈေၾကာင့္ ထိခိုက္ပ်က္စီးမႈနဲ႔ထိခိုက္ဒဏ္ရာရရွိမႈ အေျခအေန အေသးစိတ္ကိုေတာ့ ေဆာ္ဒီအာေရဗ် အာဏာပိုင္ေတြဘက္ကခ်က္ခ်င္း အတည္ျပဳ ထုတ္ျပန္တာမ်ိဳးမရွိပါဘူး။ ဒါေပမဲ့ လက္တုံ႔ျပန္တိုက္ခိုက္မယ္လို႔ေတာ့ ထုတ္ျပန္ထားတာေတြ႕ရပါတယ္။ Ref: Xinhua
ဟူသီအဖွဲ့က ဆော်ဒီအာရေဗျကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်
=======================
ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ဟာ ဆော်ဒီအာရေဗျနိုင်ငံအတွင်းမှာရှိတဲ့ အရေးပါတဲ့ပစ်မှတ်တွေကို ဒရုန်းနဲ့ဒုံးကျည်တွေအများအပြားသုံးပြီး အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်လို့ စက်တင်ဘာလ ၈ ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဟူသီတပ်ဖွဲ့မှပြောရေးဆိုခွင့်ရှိသူ ယားဟီးယားဆာရီရဲ့ပြောဆိုချက်အရ ဒီစစ်ဆင်ရေးမှာတောင်ပံပါဒုံးကျည်တွေ၊ ပဲ့ထိန်းဒုံးကျည်တွေနဲ့ တိုက်ခိုက်ရေးဒရုန်းအစင်းရေ အမြောက်အမြား ကိုသုံးစွဲခဲ့တာဖြစ်တယ်လို့သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ ပစ်မှတ်တွေထဲမှာ ဆော်ဒီအာရေဗျ ရဲ့စစ်ဘက်ဆိုင်ရာစခန်းတွေနဲ့အဓိကအခြေခံ အဆောက်အအုံတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုဟာ ယီမင်နိုင်ငံအပေါ် ဆော်ဒီဦးဆောင်တဲ့ မဟာမိတ်တပ်ဖွဲ့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပိတ်ဆို့ထားမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ကြောင်း ဟူသီဘက်က အကြောင်းပြထားပါတယ်။ ဒါပေမဲ့ ဒီတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုနဲ့ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုတော့ ဆော်ဒီအာရေဗျ အာဏာပိုင်တွေဘက်ကချက်ချင်း အတည်ပြု ထုတ်ပြန်တာမျိုးမရှိပါဘူး။ ဒါပေမဲ့ လက်တုံ့ပြန်တိုက်ခိုက်မယ်လို့တော့ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ Ref: Xinhua




