သၾကားပါတဲ့အခ်ိဳရည္ေတြေၾကာင့္ အစာအိမ္ကင္ဆာျဖစ္မႈ ၂ ဆခြဲေက်ာ္ျမင့္မား

သၾကားပါတဲ့အခ်ိဳရည္ေတြေၾကာင့္ အစာအိမ္ကင္ဆာျဖစ္မႈ ၂ ဆခြဲေက်ာ္ျမင့္မား
========================
သၾကားပါဝင္မႈမ်ားတဲ့ အခ်ိဳရည္ေတြကိုေန႔တိုင္းေသာက္သုံးတာဟာ အစာအိမ္ကင္ဆာျဖစ္ပြားႏိုင္မႈကို ၁၄၅ ရာခိုင္ႏႈန္းတစ္နည္းအားျဖင့္ ၂ ဒသမ ၄၅ ဆ အထိပိုမိုျမင့္မားသြားေစႏိုင္တယ္လို႔ မၾကာေသးမီကျပဳလုပ္ခဲ့တဲ့ သုေတသနအသစ္တစ္ခုမွာေဖာ္ျပထားပါတယ္။ အေမရိကန္ႏိုင္ငံ Mass General Brigham Cancer Institute မွ သုေတသီေတြဟာ လူ ၁၁၂၀၀၀ ေက်ာ္ရဲ႕ႏွစ္ေပါင္းမ်ားစြာ စားေသာက္ေနထိုင္မႈ ေတြကိုေလ့လာခဲ့ၾကတာပါ။
ေတြ႕ရွိခ်က္အရ တစ္လမွာတစ္ႀကိမ္ေလာက္သာ အခ်ိဳရည္ေသာက္သူေတြနဲ႔ႏႈိင္းယွဥ္ရင္ အခ်ိဳရည္ ဒါမွမဟုတ္ အသီးေဖ်ာ္ရည္ေတြကို တစ္ရက္ကို အနည္းဆုံး တစ္ႀကိမ္ေသာက္သုံးသူေတြမွာ အစာအိမ္ကင္ဆာျဖစ္ႏိုင္ေျခ သိသိသာသာျမင့္တက္ေနတာကို ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ အထူးသျဖင့္အမ်ိဳးသမီးေတြမွာ တစ္ရက္ကိုအခ်ိဳရည္ တစ္ႀကိမ္ထက္ပိုေသာက္ရင္ ကင္ဆာျဖစ္ႏိုင္ေျခ ၃ ဆေက်ာ္အထိ ပိုမ်ားသြားတာကိုပါ ေတြ႕ရွိခဲ့ရပါတယ္။ အခ်ိဳရည္ေတြမွာ သုံးေလ့ရွိတဲ့ Fructose သၾကားဓာတ္ဟာ ဒီလိုကင္ဆာျဖစ္ပြားမႈနဲ႔အဓိကဆက္စပ္ေနတယ္လို႔ဆိုပါတယ္။ ကမာၻေပၚမွာ အစာအိမ္ကင္ဆာေၾကာင့္ ေသဆုံးမႈက အဆင့္၅ ေနရာမွာရွိေနတာေၾကာင့္ အခ်ိဳရည္ကိုေလွ်ာ့ေသာက္ဖို႔ သုေတသီေတြက သတိေပးလိုက္ပါတယ္။ Ref: STD #MWD
သကြားပါတဲ့အချိုရည်တွေကြောင့် အစာအိမ်ကင်ဆာဖြစ်မှု ၂ ဆခွဲကျော်မြင့်မား
========================
သကြားပါဝင်မှုများတဲ့ အချိုရည်တွေကိုနေ့တိုင်းသောက်သုံးတာဟာ အစာအိမ်ကင်ဆာဖြစ်ပွားနိုင်မှုကို ၁၄၅ ရာခိုင်နှုန်းတစ်နည်းအားဖြင့် ၂ ဒသမ ၄၅ ဆ အထိပိုမိုမြင့်မားသွားစေနိုင်တယ်လို့ မကြာသေးမီကပြုလုပ်ခဲ့တဲ့ သုတေသနအသစ်တစ်ခုမှာဖော်ပြထားပါတယ်။ အမေရိကန်နိုင်ငံ Mass General Brigham Cancer Institute မှ သုတေသီတွေဟာ လူ ၁၁၂၀၀၀ ကျော်ရဲ့နှစ်ပေါင်းများစွာ စားသောက်နေထိုင်မှု တွေကိုလေ့လာခဲ့ကြတာပါ။
တွေ့ရှိချက်အရ တစ်လမှာတစ်ကြိမ်လောက်သာ အချိုရည်သောက်သူတွေနဲ့နှိုင်းယှဉ်ရင် အချိုရည် ဒါမှမဟုတ် အသီးဖျော်ရည်တွေကို တစ်ရက်ကို အနည်းဆုံး တစ်ကြိမ်သောက်သုံးသူတွေမှာ အစာအိမ်ကင်ဆာဖြစ်နိုင်ခြေ သိသိသာသာမြင့်တက်နေတာကို တွေ့ခဲ့ရတာဖြစ်ပါတယ်။ အထူးသဖြင့်အမျိုးသမီးတွေမှာ တစ်ရက်ကိုအချိုရည် တစ်ကြိမ်ထက်ပိုသောက်ရင် ကင်ဆာဖြစ်နိုင်ခြေ ၃ ဆကျော်အထိ ပိုများသွားတာကိုပါ တွေ့ရှိခဲ့ရပါတယ်။ အချိုရည်တွေမှာ သုံးလေ့ရှိတဲ့ Fructose သကြားဓာတ်ဟာ ဒီလိုကင်ဆာဖြစ်ပွားမှုနဲ့အဓိကဆက်စပ်နေတယ်လို့ဆိုပါတယ်။ ကမ္ဘာပေါ်မှာ အစာအိမ်ကင်ဆာကြောင့် သေဆုံးမှုက အဆင့်၅ နေရာမှာရှိနေတာကြောင့် အချိုရည်ကိုလျှော့သောက်ဖို့ သုတေသီတွေက သတိပေးလိုက်ပါတယ်။ Ref: STD #MWD




