ပါတီဗဟိုအလုပ္အမႈေဆာင္ႏွင့္တာဝန္ရွိသူမ်ား ခ႐ိုင္ ၿမိဳ႕နယ္မ်ားသို႔ နယ္ေျမကြင္းဆင္း၍ ေတြ႕ဆုံေဆြးေႏြး

ပါတီဗဟိုအလုပ္အမႈေဆာင္ႏွင့္တာဝန္ရွိသူမ်ား ခ႐ိုင္ ၿမိဳ႕နယ္မ်ားသို႔ နယ္ေျမကြင္းဆင္း၍ ေတြ႕ဆုံေဆြးေႏြး
===========================
ပဲခူး စက္တက္ဘာ ၂

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ(USDP) ဗဟိုအလုပ္အမႈေဆာင္ ပဲခူးတိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိင္းေရးမႉးအမ်ိဳးသားလႊတ္ေတာ္ ကိုယ္စားလွယ္ဦးလွသိန္း ၊ တိုင္းေဒသႀကီးပါတီ ေခတၱဥကၠဌဦးေအာင္ဝင္းထြန္းႏွင့္ တိုင္းပါတီေကာ္မတီဝင္မ်ားသည္ စက္တင္ဘာလ (၂)ရက္ေန႔ နံနက္ ၁၁နာရီအခ်ိန္က သနပ္ပင္ၿမိဳနယ္ပါတီ႐ုံး ၊ မြန္းလြဲ ၂နာရီအခ်ိန္ခန္႔တြင္ ေညာင္ေလးပင္ခ႐ိုင္ေကာ္မတီဝင္မ်ား ၊ ဒိုက္ဦးၿမိဳနယ္ပါတီေကာ္မတီဝင္မ်ား ၊ ညေန ၄နာရီအခ်ိန္တြင္ ပဲခူးၿမိဳနယ္ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကသည္ ။

ေတြ႕ဆုံခဲ့ရာတြင္ ဗဟိုအလုပ္အမႈေဆာင္မွ ပါတီအဆင့္ဆင့္အား ျပန္လည္ေ႐ြးခ်ယ္တင္ေျမႇာက္ၾကရာတြင္ ပြင့္လင္းျမင္သာမႈရွိေစေရး ၊ ပါတီဌာနခ်ဳပ္၏ လုပ္ငန္းလမ္းၫြန္ခ်က္မ်ားအတိုင္း လုပ္ထုံးလုပ္နည္း စည္းကမ္း သတ္မွတ္ခ်က္မ်ားအား စည္းစနစ္က်နစြာလုပ္ေဆာင္ေစေရး ၊ ပါတီ၏မ်ိဳးဆက္သစ္ အရည္အခ်င္းျပည့္ဝေသာ လူငယ္မ်ိဳးဆက္သစ္မ်ားအား လက္ဆင့္ကမ္း လက္တြဲေခၚယူ ေမြးထုတ္ေစေရး ၊ မိမိတိုပါတီ၏ေဆာင္ပုဒ္ျဖစ္ေသာ “စိတ္ဓာတ္ စည္းကမ္း ႀကံ့ခိုင္ စည္းလုံး”ဟူေသာ ခံယူခ်က္မ်ားအား တန္ဖိုးအေလးအနက္ထား၍ ပါတီ၏တာဝန္မ်ားအား က်ရာအခန္းက႑မ်ားမွ ဦးလည္မသုန္အေကာင္အထည္ေဖာ္ ႐ြက္ေဆာင္ႀကိဳးပမ္းၾကရန္တိုအား အထူးေလးထား၍ထည့္သြင္းေျပာၾကားခဲ့သည္ ။ သက္ဆိုင္ရာ ခ႐ိုင္ ၿမိဳနယ္ပါတီတာဝန္ရွိသူမ်ားမွ ေဆာင္႐ြက္ေနေသာလုပ္ငန္းစဥ္မ်ားအား အေသးစိတ္ရွင္းလင္း တင္ျပခဲ့ၿပီး တင္ျပခ်က္မ်ားအေပၚပါတီ၏တာဝန္ရွိသူမ်ားမွ ေပါင္းစပ္ညႇိႏွိင္းေဆာင္႐ြက္ခဲ့သည္။


ပါတီဗဟိုအလုပ်အမှုဆောင်နှင့်တာဝန်ရှိသူများ ခရိုင် မြို့နယ်များသို့ နယ်မြေကွင်းဆင်း၍ တွေ့ဆုံဆွေးနွေး
===========================
ပဲခူး စက်တက်ဘာ ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP) ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိင်းရေးမှူးအမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးလှသိန်း ၊ တိုင်းဒေသကြီးပါတီ ခေတ္တဥက္ကဌဦးအောင်ဝင်းထွန်းနှင့် တိုင်းပါတီကော်မတီဝင်များသည် စက်တင်ဘာလ (၂)ရက်နေ့ နံနက် ၁၁နာရီအချိန်က သနပ်ပင်မြိုနယ်ပါတီရုံး ၊ မွန်းလွဲ ၂နာရီအချိန်ခန့်တွင် ညောင်လေးပင်ခရိုင်ကော်မတီဝင်များ ၊ ဒိုက်ဦးမြိုနယ်ပါတီကော်မတီဝင်များ ၊ ညနေ ၄နာရီအချိန်တွင် ပဲခူးမြိုနယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ကြသည် ။

တွေ့ဆုံခဲ့ရာတွင် ဗဟိုအလုပ်အမှုဆောင်မှ ပါတီအဆင့်ဆင့်အား ပြန်လည်ရွေးချယ်တင်မြှောက်ကြရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး ၊ ပါတီဌာနချုပ်၏ လုပ်ငန်းလမ်းညွန်ချက်များအတိုင်း လုပ်ထုံးလုပ်နည်း စည်းကမ်း သတ်မှတ်ချက်များအား စည်းစနစ်ကျနစွာလုပ်ဆောင်စေရေး ၊ ပါတီ၏မျိုးဆက်သစ် အရည်အချင်းပြည့်ဝသော လူငယ်မျိုးဆက်သစ်များအား လက်ဆင့်ကမ်း လက်တွဲခေါ်ယူ မွေးထုတ်စေရေး ၊ မိမိတိုပါတီ၏ဆောင်ပုဒ်ဖြစ်သော “စိတ်ဓာတ် စည်းကမ်း ကြံ့ခိုင် စည်းလုံး”ဟူသော ခံယူချက်များအား တန်ဖိုးအလေးအနက်ထား၍ ပါတီ၏တာဝန်များအား ကျရာအခန်းကဏ္ဍများမှ ဦးလည်မသုန်အကောင်အထည်ဖော် ရွက်ဆောင်ကြိုးပမ်းကြရန်တိုအား အထူးလေးထား၍ထည့်သွင်းပြောကြားခဲ့သည် ။ သက်ဆိုင်ရာ ခရိုင် မြိုနယ်ပါတီတာဝန်ရှိသူများမှ ဆောင်ရွက်နေသောလုပ်ငန်းစဥ်များအား အသေးစိတ်ရှင်းလင်း တင်ပြခဲ့ပြီး တင်ပြချက်များအပေါ်ပါတီ၏တာဝန်ရှိသူများမှ ပေါင်းစပ်ညှိနှိင်းဆောင်ရွက်ခဲ့သည်။