အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕တြင္ H1N1 ကူးစက္မႈမ်ား ျမင့္တက္လာ

အိႏၵိယႏိုင္ငံ ေဒလီၿမိဳ႕တြင္ H1N1 ကူးစက္မႈမ်ား ျမင့္တက္လာ
===============
အိႏၵိယႏိုင္ငံ၏ ဗဟိုက်န္းမာေရးဝန္ႀကီးဌာနက H1N1 တုပ္ေကြးေရာဂါမ်ားႏွင့္ ပတ္သက္၍ သတိျပဳေစာင့္ၾကည့္ရမည့္ ေရာဂါလကၡဏာမ်ားကို ၾသဂုတ္ ၂၂ ရက္က ထုတ္ျပန္ေၾကညာခဲ့ၿပီး ျပည္သူမ်ားအေနျဖင့္လည္း သတိရွိၾကရန္ တိုက္တြန္းေျပာၾကားခဲ့သည္။
အိႏၵိယဗဟိုက်န္းမာေရးဝန္ႀကီးဌာန၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားေသာ အသိေပးခ်က္တစ္ခုတြင္ H1N1 ေရာဂါပိုးေၾကာင့္ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္း၊ လည္ေခ်ာင္းနာျခင္း၊ ေခါင္းကိုက္ျခင္း၊ ႏွာရည္ယိုျခင္း၊ ကိုယ္လက္ကိုက္ခဲျခင္းမ်ားႏွင့္ ေမာပန္းႏြမ္းနယ္ျခင္းမ်ား ျဖစ္ပြားႏိုင္ေၾကာင္း အသိေပးေျပာၾကားထားသည္။ ထို႔အျပင္ အားအင္ခ်ည့္နဲ႔ျခင္း၊ အစားအစာ စားခ်င္စိတ္မရွိျခင္း၊ ပ်ိဳ႕အန္ျခင္း၊ အ႐ိုးအဆစ္ႏွင့္ ႂကြက္သားမ်ား နာက်င္ကိုက္ခဲျခင္း၊ ဝမ္းေလွ်ာျခင္းမ်ားကိုလည္း ေရာဂါလကၡဏာမ်ားအျဖစ္ ထည့္သြင္းေဖာ္ျပထားသည္။
ေဒသတြင္း မီဒီယာမ်ား၏ ေဖာ္ျပမႈအရ ၂၀၂၆ ခုႏွစ္အတြင္း ေဒလီၿမိဳ႕တြင္ H1N1 ေရာဂါျဖစ္ပြားသူ ၁,၇၇၇ ဦး ရွိခဲ့ၿပီး ျပည္နယ္အမ်ားအျပားတြင္လည္း တုပ္ေကြးေရာဂါ ကူးစက္မႈမ်ား ျမင့္တက္လာေၾကာင္း သိရသည္။ (Xinhua)
အိန္ဒိယနိုင်ငံ ဒေလီမြို့တွင် H1N1 ကူးစက်မှုများ မြင့်တက်လာ
===============
အိန္ဒိယနိုင်ငံ၏ ဗဟိုကျန်းမာရေးဝန်ကြီးဌာနက H1N1 တုပ်ကွေးရောဂါများနှင့် ပတ်သက်၍ သတိပြုစောင့်ကြည့်ရမည့် ရောဂါလက္ခဏာများကို သြဂုတ် ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး ပြည်သူများအနေဖြင့်လည်း သတိရှိကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အိန္ဒိယဗဟိုကျန်းမာရေးဝန်ကြီးဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသော အသိပေးချက်တစ်ခုတွင် H1N1 ရောဂါပိုးကြောင့် ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာရည်ယိုခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများနှင့် မောပန်းနွမ်းနယ်ခြင်းများ ဖြစ်ပွားနိုင်ကြောင်း အသိပေးပြောကြားထားသည်။ ထို့အပြင် အားအင်ချည့်နဲ့ခြင်း၊ အစားအစာ စားချင်စိတ်မရှိခြင်း၊ ပျို့အန်ခြင်း၊ အရိုးအဆစ်နှင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ဝမ်းလျှောခြင်းများကိုလည်း ရောဂါလက္ခဏာများအဖြစ် ထည့်သွင်းဖော်ပြထားသည်။
ဒေသတွင်း မီဒီယာများ၏ ဖော်ပြမှုအရ ၂၀၂၆ ခုနှစ်အတွင်း ဒေလီမြို့တွင် H1N1 ရောဂါဖြစ်ပွားသူ ၁,၇၇၇ ဦး ရှိခဲ့ပြီး ပြည်နယ်အများအပြားတွင်လည်း တုပ်ကွေးရောဂါ ကူးစက်မှုများ မြင့်တက်လာကြောင်း သိရသည်။ (Xinhua)




