ဂ်ာမန္တစ္ႏွစ္တာ အ ေကာင္းဆုံးေဘာလုံးသမားဆုကို ဆြတ္ခူးႏိုင္တဲ့ ပထမဆုံး အဂၤလိပ္ကစားသမားျဖစ္လာတဲ့ ဟာရီကိန္း

ဂ်ာမန္တစ္ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို ဆြတ္ခူးႏိုင္တဲ့ ပထမဆုံး အဂၤလိပ္ကစားသမားျဖစ္လာတဲ့ ဟာရီကိန္း
====================
အဂၤလန္လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ဟာရီကိန္းဟာ ဂ်ာမန္တစ္ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုကို ဆြတ္ခူးႏိုင္တဲ့ ပထမဆုံး အဂၤလိပ္ကစားသမားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။

၂၀၂၆ ခုႏွစ္ ဂ်ာမန္တစ္ႏွစ္တာအေကာင္းဆုံးေဘာလုံးသမားဆုအတြက္ ဟာရီကိန္းက မဲအမ်ားဆုံးရခဲ့တာျဖစ္တယ္။

ဒီဆုကို Kicker magazine က ကမကထျပဳ ခ်ီးျမႇင့္ၿပီး ဂ်ာမန္အားကစားဂ်ာနယ္လစ္အဖြဲအစည္းရဲ႕ အဖြဲဝင္ ၆၉၅ ဦးက မဲေပးခဲ့ၾကပါတယ္။

ယင္းဆုေ႐ြးခ်ယ္ရာမွာ ဘြန္ဒစ္လီဂါကစားသမားေတြအျပင္ ျပည္ပေရာက္ ဂ်ာမန္ကစားသမားေတြလည္း အက်ဳံးဝင္ပါတယ္။

ဟာရီကိန္းဟာ ၿပီးခဲ့တဲ့ရာသီက ဘိုင္ယန္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၆၁ ဂိုးသြင္းခဲ့ၿပီး ဘြန္ဒစ္လီဂါနဲ႔ ဂ်ာမန္ဖလားႏွစ္လုံး ရယူေပးခဲ့ပါတယ္။

ဘိုင္ယန္တိုက္စစ္မႉး ဟာရီကိန္းဟာ စုစုေပါင္း ၂၇၂ မဲနဲ႔ ဆုရခဲ့ၿပီး အသင္းေဖာ္ အိုလီေဆးက ၂၀၃ မဲ ရရွိခဲ့ပါတယ္။

ဘိုင္ယန္နည္းျပ ကြန္ပနီကလည္း တစ္ႏွစ္တာအေကာင္းဆုံးနည္းျပဆု ဆြတ္ခူးႏိုင္ခဲ့ပါတယ္။


ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားဖြစ်လာတဲ့ ဟာရီကိန်
====================
အင်္ဂလန်လက်ရွေးစင်အသင်းခေါင်းဆောင် ဟာရီကိန်းဟာ ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၂၆ ခုနှစ် ဂျာမန်တစ်နှစ်တာအကောင်းဆုံးဘောလုံးသမားဆုအတွက် ဟာရီကိန်းက မဲအများဆုံးရခဲ့တာဖြစ်တယ်။

ဒီဆုကို Kicker magazine က ကမကထပြု ချီးမြှင့်ပြီး ဂျာမန်အားကစားဂျာနယ်လစ်အဖွဲအစည်းရဲ့ အဖွဲဝင် ၆၉၅ ဦးက မဲပေးခဲ့ကြပါတယ်။

ယင်းဆုရွေးချယ်ရာမှာ ဘွန်ဒစ်လီဂါကစားသမားတွေအပြင် ပြည်ပရောက် ဂျာမန်ကစားသမားတွေလည်း အကျုံးဝင်ပါတယ်။

ဟာရီကိန်းဟာ ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်းအတွက် ပြိုင်ပွဲစုံ ၆၁ ဂိုးသွင်းခဲ့ပြီး ဘွန်ဒစ်လီဂါနဲ့ ဂျာမန်ဖလားနှစ်လုံး ရယူပေးခဲ့ပါတယ်။

ဘိုင်ယန်တိုက်စစ်မှူး ဟာရီကိန်းဟာ စုစုပေါင်း ၂၇၂ မဲနဲ့ ဆုရခဲ့ပြီး အသင်းဖော် အိုလီဆေးက ၂၀၃ မဲ ရရှိခဲ့ပါတယ်။

ဘိုင်ယန်နည်းပြ ကွန်ပနီကလည်း တစ်နှစ်တာအကောင်းဆုံးနည်းပြဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။