ဧရာဝတီအမ်ိဳးသမီးအသင္း အာရွခ်န္ပီယံလိဂ္ေျခစစ္ပြဲ ေအာင္ျမင္

ဧရာဝတီအမ်ိဳးသမီးအသင္း အာရွခ်န္ပီယံလိဂ္ေျခစစ္ပြဲ ေအာင္ျမင္
====================
ဧရာဝတီအက္ဖ္စီ အမ်ိဳးသမီးေဘာလုံးအသင္းဟာ အာရွအမ်ိဳးသမီးခ်န္ပီယံလိဂ္ေျခစစ္ပြဲ အုပ္စုေနာက္ဆုံး ပြဲစဥ္ အျဖစ္ တ႐ုတ္(တိုင္ေပ)ကလပ္ နယူးတိုင္ေပအသင္းနဲ႔ ဩဂုတ္လ ၂၃ရက္၊ ညေနပိုင္းက ရန္ကုန္ၿမိဳ႕၊ သုဝဏၰ အားကစားကြင္းမွာ ယွဥ္ၿပိဳင္ခဲ့ရာ ဧရာဝတီအက္ဖ္စီ အမ်ိဳးသမီးအသင္းက တစ္ဂိုး ဂိုးမရွိနဲ႔ အႏိုင္ရကာ အာရွ အမ်ိဳးသမီးခ်န္ပီယံလိဂ္ေျခစစ္ပြဲကို ေအာင္ျမင္သြားၿပီျဖစ္ပါတယ္။
အခုပြဲစဥ္ဟာ ႏွစ္သင္းစလုံးအတြက္ ေျခစစ္ပြဲေအာင္ဖို႔ အဆုံးအျဖတ္ပြဲျဖစ္တာေၾကာင့္ ပြဲကၾကည့္ေကာင္းခဲ့ၿပီး အျပန္အလွန္ မနားတမ္းတိုက္စစ္ဆင္ ကစားမႈေတြကို ျမင္ေတြ႕ခဲ့ရပါတယ္။

ဧရာဝတီအက္ဖ္စီ အမ်ိဳးသမီးအသင္းအတြက္ တစ္လုံးတည္းေသာအႏိုင္ဂိုးကို ဒုတိယပိုင္းပြဲကစားခ်ိန္ ၅၇ မိနစ္မွာ ညာေတာင္ပံကေန ဂ်ပန္ကစားသမား မတ္ဆုအို ျဖတ္တင္ေပးလိုက္တဲ့ေဘာလုံးကို လင္းျမင့္မိုရ္က ပိတ္သြင္း ခဲ့တာျဖစ္ပါတယ္။

ေျခစစ္ပြဲအုပ္စုတြင္းမွာ သုံးပြဲကစားၿပီး သြင္းဂိုး ၁၃ ဂိုးနဲ႔ ေပးဂိုးလုံးဝမရွိခဲ့တဲ့ ဧရာဝတီအက္ဖ္စီအမ်ိဳးသမီး အသင္းဟာ လာမယ့္စက္တင္ဘာလမွာ က်င္းပမယ့္ ၂၀၂၆-၂၀၂၇ ေဘာလုံးရာသီ အာရွအမ်ိဳးသမီး ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲရဲ႕ အုပ္စုအဆင့္မွာ ပါဝင္ယွဥ္ၿပိဳင္ခြင့္ရသြားခဲ့ၿပီလည္း ျဖစ္ပါတယ္။


ဧရာဝတီအမျိုးသမီးအသင်း အာရှချန်ပီယံလိဂ်ခြေစစ်ပွဲ အောင်မြင်
====================
ဧရာဝတီအက်ဖ်စီ အမျိုးသမီးဘောလုံးအသင်းဟာ အာရှအမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ် အဖြစ် တရုတ်(တိုင်ပေ)ကလပ် နယူးတိုင်ပေအသင်းနဲ့ ဩဂုတ်လ ၂၃ရက်၊ ညနေပိုင်းက ရန်ကုန်မြို့၊ သုဝဏ္ဏ အားကစားကွင်းမှာ ယှဉ်ပြိုင်ခဲ့ရာ ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းက တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရကာ အာရှ အမျိုးသမီးချန်ပီယံလိဂ်ခြေစစ်ပွဲကို အောင်မြင်သွားပြီဖြစ်ပါတယ်။
အခုပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် ခြေစစ်ပွဲအောင်ဖို့ အဆုံးအဖြတ်ပွဲဖြစ်တာကြောင့် ပွဲကကြည့်ကောင်းခဲ့ပြီး အပြန်အလှန် မနားတမ်းတိုက်စစ်ဆင် ကစားမှုတွေကို မြင်တွေ့ခဲ့ရပါတယ်။

ဧရာဝတီအက်ဖ်စီ အမျိုးသမီးအသင်းအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ဒုတိယပိုင်းပွဲကစားချိန် ၅၇ မိနစ်မှာ ညာတောင်ပံကနေ ဂျပန်ကစားသမား မတ်ဆုအို ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို လင်းမြင့်မိုရ်က ပိတ်သွင်း ခဲ့တာဖြစ်ပါတယ်။

ခြေစစ်ပွဲအုပ်စုတွင်းမှာ သုံးပွဲကစားပြီး သွင်းဂိုး ၁၃ ဂိုးနဲ့ ပေးဂိုးလုံးဝမရှိခဲ့တဲ့ ဧရာဝတီအက်ဖ်စီအမျိုးသမီး အသင်းဟာ လာမယ့်စက်တင်ဘာလမှာ ကျင်းပမယ့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီ အာရှအမျိုးသမီး ချန်ပီယံလိဂ် ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရသွားခဲ့ပြီလည်း ဖြစ်ပါတယ်။