ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္႐ုံးဝန္ထမ္းမိသားစုမ်ားမွ ဧရာဝတီတိုင္းေဒသႀကီး ေရေဘးသင့္ျပည္သူမ်ားအတြက္ ဆန္အိတ္(၂၀၀) ေထာက္ပံ့လႉဒါန္းျခင္းအခမ္းအနားသို႔ တက္ေရာက္

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္႐ုံးဝန္ထမ္းမိသားစုမ်ားမွ ဧရာဝတီတိုင္းေဒသႀကီး ေရေဘးသင့္ျပည္သူမ်ားအတြက္ ဆန္အိတ္(၂၀၀) ေထာက္ပံ့လႉဒါန္းျခင္းအခမ္းအနားသို႔ တက္ေရာက္
==========================
၇ ဩဂုတ္ ၂၀၂၆

ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒သည္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္၊ တိုင္းေဒသႀကီးဝန္ႀကီးမ်ား၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္အတူ ယေန႔ နံနက္ (၁၀:၀၀) နာရီတြင္ ပုသိမ္ၿမိဳ႕ ၾကက္ေတာင္အားကစား႐ုံ၌ က်င္းပျပဳလုပ္သည့္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္႐ုံးဝန္ထမ္းမိသားစုမ်ားမွ ဧရာဝတီတိုင္းေဒသႀကီး ေရေဘးသင့္ျပည္သူမ်ားအတြက္ ဆန္အိတ္ (၂၀၀) ေထာက္ပံ့လႉဒါန္းျခင္းအခမ္းအနားသို႔ တက္ေရာက္ခဲ့ပါသည္။

အခမ္းအနားတြင္ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အမ်ိဳးသားလႊတ္ေတာ္႐ုံးဝန္ထမ္းမိသားစုမ်ားကိုယ္စား ဧရာဝတီတိုင္းေဒသႀကီးအတြင္းရွိ အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္မ်ားက လႉဒါန္းသည့္ ဆန္အိတ္ (၂၀၀) ကို တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္ႏွင့္ ဧရာဝတီတိုင္းေဒသႀကီးလႊတ္ေတာ္ ဥကၠ႒တို႔က လက္ခံရယူခဲ့ပါသည္။


ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများမှ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ်(၂၀၀) ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်
==========================
၇ ဩဂုတ် ၂၀၂၆

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌသည် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ယနေ့ နံနက် (၁၀:၀၀) နာရီတွင် ပုသိမ်မြို့ ကြက်တောင်အားကစားရုံ၌ ကျင်းပပြုလုပ်သည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများမှ ဧရာဝတီတိုင်းဒေသကြီး ရေဘေးသင့်ပြည်သူများအတွက် ဆန်အိတ် (၂၀၀) ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် အမျိုးသားလွှတ်တော်ရုံးဝန်ထမ်းမိသားစုများကိုယ်စား ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များက လှူဒါန်းသည့် ဆန်အိတ် (၂၀၀) ကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ပါသည်။