ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး လူငယ္အဖြဲ႕အစည္းမ်ားမွ လူငယ္မ်ားႏွင့္ေတြ႕ဆုံ


ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး လူငယ္အဖြဲ႕အစည္းမ်ားမွ လူငယ္မ်ားႏွင့္ေတြ႕ဆုံ
========================
ဩဂုတ္ ၇၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ လူငယ္ေရးရာမွ ႀကီးမႉး၍ လူငယ္အဖြဲ႕အစည္းမ်ားမွ လူငယ္မ်ားႏွင့္ ေတြ႕ဆုံပြဲတစ္ရပ္ကို ယေန႔ ၇-၈-၂၀၂၆ ရက္ေန႔ ေန႔လည္ ၁ နာရီအခ်ိန္တြင္ ပါတီဌာနခ်ဳပ္ အစည္းအေဝးခန္းမ(၂)တြင္ က်င္းပျပဳလုပ္ရာ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ လူငယ္ေရးရာတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ေဒၚသိဂႌဝင္းေ႐ႊ တို႔တက္ေရာက္ခဲ့ပါသည္။
ေရွးဦးစြာ ေတြ႕ဆုံပြဲသို႔ တက္ေရာက္လာေသာ Naypyitaw State Acadamy မွ ေက်ာင္းသား ေက်ာင္းသူမ်ား၊ MSME လူငယ္စီးပြားေရးလုပ္ငန္းရွင္မ်ား၊ စြန႔္ဦးတီထြင္လူငယ္မ်ား၊ ျမန္မာလူငယ္ဖြံ႕ၿဖိဳးတိုးတက္ေရးအသင္းမွ အသင္းဝင္မ်ားက မိတ္ဆက္ၾကပါသည္။ ထို႔ေနာက္ ပါတီအေထြေထြအတြင္းေရးမႉးက အဖြင့္အမွာစကားေျပာၾကားခဲ့ပါသည္။
ဆက္လက္ၿပီး ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးႏွင့္ လူငယ္ေရးရာတာဝန္ခံ ဗဟိုအလုပ္အမႈေဆာင္မ်ားျဖစ္ၾကသည့္ ေဒါက္တာေအာင္ျမတ္ဦးႏွင့္ ေဒၚသိဂႌဝင္းေ႐ႊ ယေန႔ေခတ္ လူငယ္မ်ား၏ အခန္းက႑ အေရးပါဝင္မႈ၊ အနာဂတ္တြင္ ေနရာအသီးသီး၌ ေခါင္းေဆာင္ၾကမည့္ လူငယ္မ်ား လူငယ္မ်ားႏွင့္ မွန္ကန္ေသာ အေတြးအေခၚမ်ား၊ လူငယ္ႏွင့္ ၿငိမ္းခ်မ္းေရး၊ လူငယ္ႏွင့္ ႏိုင္ငံေရး စသည့္အခ်က္မ်ားအား တက္ေရာက္လာေသာ လူငယ္မ်ားႏွင့္ အျပန္အလွန္ေဆြးေႏြးခဲ့ၿပီး ေတြ႕ဆုံပြဲအား ညေန ၃ နာရီခြဲအခ်ိန္တြင္ ႐ုတ္သိမ္းခဲ့ေၾကာင္း သိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး လူငယ်အဖွဲ့အစည်းများမှ လူငယ်များနှင့်တွေ့ဆုံ
========================
ဩဂုတ် ၇၊ နေပြည်တော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာမှ ကြီးမှူး၍ လူငယ်အဖွဲ့အစည်းများမှ လူငယ်များနှင့် တွေ့ဆုံပွဲတစ်ရပ်ကို ယနေ့ ၇-၈-၂၀၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမ(၂)တွင် ကျင်းပပြုလုပ်ရာ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာအောင်မြတ်ဦးနှင့် ဒေါ်သိင်္ဂီဝင်းရွှေ တို့တက်ရောက်ခဲ့ပါသည်။
ရှေးဦးစွာ တွေ့ဆုံပွဲသို့ တက်ရောက်လာသော Naypyitaw State Acadamy မှ ကျောင်းသား ကျောင်းသူများ၊ MSME လူငယ်စီးပွားရေးလုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်လူငယ်များ၊ မြန်မာလူငယ်ဖွံ့ဖြိုးတိုးတက်ရေးအသင်းမှ အသင်းဝင်များက မိတ်ဆက်ကြပါသည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေးနှင့် လူငယ်ရေးရာတာဝန်ခံ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဒေါက်တာအောင်မြတ်ဦးနှင့် ဒေါ်သိင်္ဂီဝင်းရွှေ ယနေ့ခေတ် လူငယ်များ၏ အခန်းကဏ္ဍ အရေးပါဝင်မှု၊ အနာဂတ်တွင် နေရာအသီးသီး၌ ခေါင်းဆောင်ကြမည့် လူငယ်များ လူငယ်များနှင့် မှန်ကန်သော အတွေးအခေါ်များ၊ လူငယ်နှင့် ငြိမ်းချမ်းရေး၊ လူငယ်နှင့် နိုင်ငံရေး စသည့်အချက်များအား တက်ရောက်လာသော လူငယ်များနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး တွေ့ဆုံပွဲအား ညနေ ၃ နာရီခွဲအချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။




