ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိလူငယ္မ်ားႏွင့္ေတြ႕ဆုံ



ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေသာင္းေအး ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိလူငယ္မ်ားႏွင့္ေတြ႕ဆုံ
=============================
ေပ်ာ္ဘြယ္ ၾသဂုတ္ ၉
ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးသည္ယေန႔ၾသဂုတ္လ (၉)ရက္ေန႔၊နံနက္ပိုင္းက မႏၲေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ႏိုင္ၫြန္႔ႏွင့္ၿမိဳ႕နယ္ပါတီတာဝန္ရွိသူမ်ားႏွင့္အတူ ေပ်ာ္ဘြယ္ၿမိဳ႕နယ္၊ရွမ္းပြဲရပ္ကြက္၊ သာသနာ့ဗိမာန္နားေနေဆာင္၌ ေပ်ာ္ဘြယ္ၿမိဳ႕နယ္အတြင္းရွိလူငယ္မ်ားႏွင့္ေတြ႕ဆုံခဲ့ပါသည္။
ေတြ႕ဆုံရာတြင္ပါတီအေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးမွ လူငယ္မ်ားသိထားသင့္သည့္လူငယ္ႏွင့္ ႏိုင္ငံေရး၊ႏိုင္ငံအေပၚလူငယ္မ်ားခ်စ္ျမတ္ႏိုးရမယ့္စိတ္ထား၊ႏိုင္ငံေရးလမ္းေၾကာင္းေပၚက အမွားအမွန္ေဝဖန္ခြဲျခားႏိုင္ေသာလူငယ္မ်ား၏ အေတြးအေခၚ၊လူငယ္ႏွင့္အခြင့္အလမ္း စသည့္ အေၾကာင္းအရာမ်ားေဆြးေႏြးခဲ့ရာ လူငယ္မ်ားမွလည္း၎တို႔၏ထင္ျမင္ယူဆခ်က္မ်ား၊လူႀကီးႏွင့္လူငယ္ၾကား နားလည္မႈလြဲမွားမႈမ်ား၊ မိမိတို႔ေနထိုင္ရာအရပ္ေဒသတြင္လူငယ္မ်ား ႀကဳံေတြ႕ေနရေသာအခက္အခဲမ်ား၊ပညာေရးႏွင့္ အလုပ္အကိုင္အခြင့္ေရးကိစၥမ်ား ျပန္လည္ေဆြးေႏြးခဲ့ၾကပါသည္။
လူငယ္မ်ား၏ေဆြးေႏြးမႉမ်ားအေပၚ ပါတီအေထြေထြအတြင္းေရးမႉး၊ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ဦးေသာင္းေအးမွ ျပန္လည္သုံးသပ္ေဆြးေႏြးခဲ့ပါသည္။
၎ေနာက္ေတြ႕ဆုံပြဲတက္ေရာက္လာေသာ လူငယ္မ်ားအား ေန႔လည္စာေကြၽးေမြးဧည့္ခံခဲ့ေၾကာင္း သိရွိရပါသည္။
ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေး ပျော်ဘွယ်မြို့နယ်အတွင်းရှိလူငယ်များနှင့်တွေ့ဆုံ
=============================
ပျော်ဘွယ် သြဂုတ် ၉
ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးသည်ယနေ့သြဂုတ်လ (၉)ရက်နေ့၊နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်နိုင်ညွန့်နှင့်မြို့နယ်ပါတီတာဝန်ရှိသူများနှင့်အတူ ပျော်ဘွယ်မြို့နယ်၊ရှမ်းပွဲရပ်ကွက်၊ သာသနာ့ဗိမာန်နားနေဆောင်၌ ပျော်ဘွယ်မြို့နယ်အတွင်းရှိလူငယ်များနှင့်တွေ့ဆုံခဲ့ပါသည်။
တွေ့ဆုံရာတွင်ပါတီအထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမှ လူငယ်များသိထားသင့်သည့်လူငယ်နှင့် နိုင်ငံရေး၊နိုင်ငံအပေါ်လူငယ်များချစ်မြတ်နိုးရမယ့်စိတ်ထား၊နိုင်ငံရေးလမ်းကြောင်းပေါ်က အမှားအမှန်ဝေဖန်ခွဲခြားနိုင်သောလူငယ်များ၏ အတွေးအခေါ်၊လူငယ်နှင့်အခွင့်အလမ်း စသည့် အကြောင်းအရာများဆွေးနွေးခဲ့ရာ လူငယ်များမှလည်း၎င်းတို့၏ထင်မြင်ယူဆချက်များ၊လူကြီးနှင့်လူငယ်ကြား နားလည်မှုလွဲမှားမှုများ၊ မိမိတို့နေထိုင်ရာအရပ်ဒေသတွင်လူငယ်များ ကြုံတွေ့နေရသောအခက်အခဲများ၊ပညာရေးနှင့် အလုပ်အကိုင်အခွင့်ရေးကိစ္စများ ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။
လူငယ်များ၏ဆွေးနွေးမှူများအပေါ် ပါတီအထွေထွေအတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသောင်းအေးမှ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ပါသည်။
၎င်းနောက်တွေ့ဆုံပွဲတက်ရောက်လာသော လူငယ်များအား နေ့လည်စာကျွေးမွေးဧည့်ခံခဲ့ကြောင်း သိရှိရပါသည်။




