ေတာင္ကိုရီးယားမွာ အပူလႈိင္းေၾကာင့္ ေသဆုံးသူ ၁၉ ဦးအထိရွိလာ

ေတာင္ကိုရီးယားမွာ အပူလႈိင္းေၾကာင့္ ေသဆုံးသူ ၁၉ ဦးအထိရွိလာ
=======================
ေတာင္ကိုရီးယားႏိုင္ငံမွာ ျပင္းထန္တဲ့အပူလႈိင္းတစ္ခုျဖစ္ေပၚေနပါတယ္။ အဲဒီအပူလႈိင္းေၾကာင့္ ေမလ ၁၅ ရက္မွစၿပီးအခုအခ်ိန္အထိ ေသဆုံးသူစုစုေပါင္း ၁၉ ဦးအထိရွိလာၿပီလို႔သိရပါတယ္။ တစ္ခ်ိန္တည္းမွာပဲ ေတာင္ကိုရီးယားႏိုင္ငံ ၿမိဳ႕ေတာ္ျဖစ္တဲ့ ဆိုးၿမိဳ႕မွာ အျမင့္ဆုံးအပူလႈိင္းသတိေပးခ်က္ကို ဩဂုတ္လ ၄ ရက္မွာ ထုတ္ျပန္ထားရပါတယ္။

ၿပီးခဲ့တဲ့ရက္တုန္းက ဆိုးၿမိဳ႕ရဲ႕အေရွ႕ေတာင္ပိုင္းနဲ႔ အေနာက္ေတာင္ပိုင္းခ႐ိုင္မ်ားကိုသာ အပူခ်ိန္ျမင့္တက္မႈ သတိေပးခ်က္ထုတ္ျပန္ခဲ့ရတာပါ။ ဩဂုတ္လ ၄ ရက္မွာေတာ့ ဆိုးၿမိဳ႕ကိုပါအလားတူသတိေပးခ်က္ ထုတ္ျပန္လိုက္တာ ျဖစ္ပါတယ္။ဒီလိုထုတ္ျပန္ရတဲ့အေၾကာင္းရင္းက အဲဒီေဒသေတြမွာ ေန႔အပူခ်ိန္မ်ားက ၃၈ ဒီဂရီစင္တီဂရိတ္မွ ၃၉ ဒီဂရီစင္တီဂရိတ္အထိရွိလာတဲ့အတြက္ေၾကာင့္ျဖစ္ပါတယ္။

အခုလိုမ်ိဳး အပူလႈိင္းျဖစ္ေပၚမႈေၾကာင့္ဩဂုတ္လ ၂ ရက္ တစ္ရက္တည္းမွာပင္အပူေၾကာင့္ျဖစ္တဲ့ေရာဂါ ခံစားရလို႔ေဆး႐ုံတက္ရသူ ၁၀၈ ဦးအထိရွိတာကိုေတြ႕ရပါတယ္။ ဒါေၾကာင့္ ေမလ ၁၅ ရက္ကစလို႔အပူေၾကာင့္ ျဖစ္တဲ့ေရာဂါခံစားရၿပီး ေဆး႐ုံတက္ေရာက္ကုသမႈခံရသူ ၂၀၂၅ ဦးအထိရွိလာေနၿပီျဖစ္တယ္လို႔ ေတာင္ကိုရီးယားေရာဂါကာကြယ္ထိန္းခ်ဳပ္ေရးဌာနကထုတ္ျပန္ထားပါတယ္။

ေမြးျမဴေရးတိရစာၦန္မ်ား ေသဆုံးမႈမွာဆိုရင္လည္း ဝက္အေကာင္ေရ ၂၈၀၀၀ေက်ာ္၊ ၾကက္ႏွင့္ဘဲအေကာင္ေရ ၄ သိန္းေက်ာ္အပါအဝင္ စုစုေပါင္းအေကာင္ေရ၄၃၂၄၅၀ အထိရွိတယ္လို႔ဆိုပါတယ္။ အခုလိုမ်ိဳးအပူခ်ိန္ျမင့္တက္မႈနဲ႔အတူ ေရအပူခ်ိန္လည္း ျမင့္တက္လာတဲ့အတြက္ ႏိုင္ငံအေနာက္ပိုင္းနဲ႔ေတာင္ပိုင္း ကမ္း႐ိုးတန္းေတြမွာ ေသဆုံးတဲ့ ငါးအေကာင္ေရေပါင္း ၁၆၅၁၉၆ ေကာင္အထိ ရွိတယ္လို႔သိရပါတယ္။

Ref:Xinhua


တောင်ကိုရီးယားမှာ အပူလှိုင်းကြောင့် သေဆုံးသူ ၁၉ ဦးအထိရှိလာ
=======================
တောင်ကိုရီးယားနိုင်ငံမှာ ပြင်းထန်တဲ့အပူလှိုင်းတစ်ခုဖြစ်ပေါ်နေပါတယ်။ အဲဒီအပူလှိုင်းကြောင့် မေလ ၁၅ ရက်မှစပြီးအခုအချိန်အထိ သေဆုံးသူစုစုပေါင်း ၁၉ ဦးအထိရှိလာပြီလို့သိရပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်ကိုရီးယားနိုင်ငံ မြို့တော်ဖြစ်တဲ့ ဆိုးမြို့မှာ အမြင့်ဆုံးအပူလှိုင်းသတိပေးချက်ကို ဩဂုတ်လ ၄ ရက်မှာ ထုတ်ပြန်ထားရပါတယ်။

ပြီးခဲ့တဲ့ရက်တုန်းက ဆိုးမြို့ရဲ့အရှေ့တောင်ပိုင်းနဲ့ အနောက်တောင်ပိုင်းခရိုင်များကိုသာ အပူချိန်မြင့်တက်မှု သတိပေးချက်ထုတ်ပြန်ခဲ့ရတာပါ။ ဩဂုတ်လ ၄ ရက်မှာတော့ ဆိုးမြို့ကိုပါအလားတူသတိပေးချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ဒီလိုထုတ်ပြန်ရတဲ့အကြောင်းရင်းက အဲဒီဒေသတွေမှာ နေ့အပူချိန်များက ၃၈ ဒီဂရီစင်တီဂရိတ်မှ ၃၉ ဒီဂရီစင်တီဂရိတ်အထိရှိလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

အခုလိုမျိုး အပူလှိုင်းဖြစ်ပေါ်မှုကြောင့်ဩဂုတ်လ ၂ ရက် တစ်ရက်တည်းမှာပင်အပူကြောင့်ဖြစ်တဲ့ရောဂါ ခံစားရလို့ဆေးရုံတက်ရသူ ၁၀၈ ဦးအထိရှိတာကိုတွေ့ရပါတယ်။ ဒါကြောင့် မေလ ၁၅ ရက်ကစလို့အပူကြောင့် ဖြစ်တဲ့ရောဂါခံစားရပြီး ဆေးရုံတက်ရောက်ကုသမှုခံရသူ ၂၀၂၅ ဦးအထိရှိလာနေပြီဖြစ်တယ်လို့ တောင်ကိုရီးယားရောဂါကာကွယ်ထိန်းချုပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။

မွေးမြူရေးတိရစ္ဆာန်များ သေဆုံးမှုမှာဆိုရင်လည်း ဝက်အကောင်ရေ ၂၈၀၀၀ကျော်၊ ကြက်နှင့်ဘဲအကောင်ရေ ၄ သိန်းကျော်အပါအဝင် စုစုပေါင်းအကောင်ရေ၄၃၂၄၅၀ အထိရှိတယ်လို့ဆိုပါတယ်။ အခုလိုမျိုးအပူချိန်မြင့်တက်မှုနဲ့အတူ ရေအပူချိန်လည်း မြင့်တက်လာတဲ့အတွက် နိုင်ငံအနောက်ပိုင်းနဲ့တောင်ပိုင်း ကမ်းရိုးတန်းတွေမှာ သေဆုံးတဲ့ ငါးအကောင်ရေပေါင်း ၁၆၅၁၉၆ ကောင်အထိ ရှိတယ်လို့သိရပါတယ်။

Ref:Xinhua