ေလးမ်က္ႏွာၿမိဳ႕နယ္တြင္ ဆက္သြယ္ေရးျပန္လည္ရရွိေစရန္ B2B Satellite Terminal ၂ စုံႏွင့္ COW မိုဘိုင္းကား တပ္ဆင္

ေလးမ်က္ႏွာၿမိဳ႕နယ္တြင္ ဆက္သြယ္ေရးျပန္လည္ရရွိေစရန္ B2B Satellite Terminal ၂ စုံႏွင့္ COW မိုဘိုင္းကား တပ္ဆင္
==================
ငဝန္ျမစ္ေရဝင္ေရာက္မႈေၾကာင့္ ဆက္သြယ္ေရးျပတ္ေတာက္ေနသည့္ ေလးမ်က္ႏွာၿမိဳ႕နယ္တြင္ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ား ျပန္လည္ရရွိေစရန္ B2B Satellite Terminal ၂ စုံႏွင့္ Call on Wheel (COW) ေ႐ြ႕လ်ားမိုဘိုင္းကားကို တပ္ဆင္ထားေၾကာင္း သိရသည္။

B2B Satellite Terminal ၂ စုံအနက္ တစ္စုံကို ေလးမ်က္ႏွာၿမိဳ႕နယ္ စာေရးကြင္းအုပ္စုရွိ စစ္ကြင္းဘုန္းႀကီးေက်ာင္း ကယ္ဆယ္ေရးစခန္းတြင္ တပ္ဆင္ထားၿပီး က်န္တစ္စုံကို သခြပ္ေခ်ာင္းေက်း႐ြာအုပ္စု ဆိတ္ႏို႔ကုန္းေက်း႐ြာတြင္ တပ္ဆင္ထားေၾကာင္း သိရသည္။

ထို႔ျပင္ Call on Wheel (COW) ေ႐ြ႕လ်ားမိုဘိုင္းကားကို စာေရးကြင္းတြင္ တပ္ဆင္ထားၿပီး MPT အသုံးျပဳသူမ်ားအေနျဖင့္ စက္တပ္ဆင္ထားသည့္ေနရာမွ တစ္မိုင္ခြဲပတ္လည္အတြင္း ဖုန္းေခၚဆိုျခင္းႏွင့္ အင္တာနက္ေဒတာဝန္ေဆာင္မႈမ်ားကို ယေန႔ညေနပိုင္းမွ စတင္အသုံးျပဳႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ငဝန္ျမစ္ေရဝင္ေရာက္မႈေၾကာင့္ ေလးမ်က္ႏွာၿမိဳ႕နယ္အတြင္းရွိ မိုဘိုင္းစခန္းအခ်ိဳ႕ကို ယာယီပိတ္ထားရၿပီး ေရက်ဆင္းသည္ႏွင့္ ဆက္သြယ္ေရးဝန္ေဆာင္မႈမ်ား ပုံမွန္ျပန္လည္ရရွိေစရန္ စီစဥ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။


လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် COW မိုဘိုင်းကား တပ်ဆင်
==================
ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် ဆက်သွယ်ရေးပြတ်တောက်နေသည့် လေးမျက်နှာမြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပြန်လည်ရရှိစေရန် B2B Satellite Terminal ၂ စုံနှင့် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို တပ်ဆင်ထားကြောင်း သိရသည်။

B2B Satellite Terminal ၂ စုံအနက် တစ်စုံကို လေးမျက်နှာမြို့နယ် စာရေးကွင်းအုပ်စုရှိ စစ်ကွင်းဘုန်းကြီးကျောင်း ကယ်ဆယ်ရေးစခန်းတွင် တပ်ဆင်ထားပြီး ကျန်တစ်စုံကို သခွပ်ချောင်းကျေးရွာအုပ်စု ဆိတ်နို့ကုန်းကျေးရွာတွင် တပ်ဆင်ထားကြောင်း သိရသည်။

ထို့ပြင် Call on Wheel (COW) ရွေ့လျားမိုဘိုင်းကားကို စာရေးကွင်းတွင် တပ်ဆင်ထားပြီး MPT အသုံးပြုသူများအနေဖြင့် စက်တပ်ဆင်ထားသည့်နေရာမှ တစ်မိုင်ခွဲပတ်လည်အတွင်း ဖုန်းခေါ်ဆိုခြင်းနှင့် အင်တာနက်ဒေတာဝန်ဆောင်မှုများကို ယနေ့ညနေပိုင်းမှ စတင်အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ငဝန်မြစ်ရေဝင်ရောက်မှုကြောင့် လေးမျက်နှာမြို့နယ်အတွင်းရှိ မိုဘိုင်းစခန်းအချို့ကို ယာယီပိတ်ထားရပြီး ရေကျဆင်းသည်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ပုံမှန်ပြန်လည်ရရှိစေရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။