ေလးမ်က္ႏွာၿမိဳ႕နယ္မွ ေရ ေဘးသင့္သူမ်ားကို ဆန္ရိကၡာအပါအဝင္ ေထာက္ပံ့ပစၥည္းမ်ားေပးအပ္

 

ေလးမ်က္ႏွာၿမိဳ႕နယ္မွ ေရေဘးသင့္သူမ်ားကို ဆန္ရိကၡာအပါအဝင္ ေထာက္ပံ့ပစၥည္းမ်ားေပးအပ္
======================
ဧရာဝတီတိုင္း၊ ေလးမ်က္ႏွာၿမိဳ႕နယ္ရွိ ငဝန္ေရကာတာ တာေဘာင္က်ိဳးေပါက္မႈေၾကာင့္ ေရေဘးသင့္ကာ ယာယီေရေဘးကယ္ဆယ္ေရးစခန္းမ်ား၌ခိုလႈံေနထိုင္ေနၾကရသူမ်ားအား ဧရာဝတီတိုင္းဝန္ႀကီးခ်ဳပ္ဦးေအးေက်ာ္ႏွင့္ တာ ဝန္ရွိသူမ်ားက ေထာက္ပံ့ပစၥည္းမ်ားကိုစဥ္ဆက္မျပတ္ေပးအပ္လ်က္ရွိေၾကာင္း သိရသည္။

ယမန္ေန႔ ၾသဂုတ္ ၃ ရက္ကလည္း တိုင္းဝန္ႀကီးခ်ဳပ္ဦးေအးေက်ာ္ႏွင့္ တာဝန္ရွိသူမ်ားသည္ ေလးမ်က္ႏွာၿမိဳ႕နယ္၊ ေညာင္ဝိုင္းေက်း႐ြာရွိ ယာယီေရ ေဘးကယ္ဆယ္ေရးစခန္းတြင္ခိုလႈံေနထိုင္ေနၾကေသာ ေရေဘးသင့္သူမ်ားကိုေတြ႕ဆုံ၍ အားေပးစကားေျပာၾကားၿပီး ဆန္ရိကၡာ၊ ဆီ၊ ေခါက္ဆြဲေျခာက္၊ ေကာ္ဖီမစ္၊ ေရသန႔္၊ ေဆးဝါးႏွင့္ စားေသာက္ဖြယ္ရာမ်ားကိုေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ေပါက္ကုန္းေက်း႐ြာေက်ာင္း တိုက္ရွိ ယာယီေရေဘးကယ္ဆယ္ေရးစခန္းတြင္ခိုလႈံေနထိုင္ေနၾကေသာ ေရ ေဘးသင့္သူမ်ားကိုလည္းေတြ႕ဆုံကာအားေပးစကားေျပာၾကားၿပီး ဆန္ရိကၡာ၊ အေျခခံစားေသာက္ကုန္မ်ားကိုေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။

ထို႔အတူ ေလးမ်က္ႏွာၿမိဳ႕နယ္၊ ေဒါင့္ႀကီးေက်း႐ြာေက်ာင္းတိုက္ဓမၼာ႐ုံရွိ ယာယီေရေဘးကယ္ဆယ္ေရးစခန္းတြင္ ခိုလႈံေနထိုင္ေနၾကေသာ ေရေဘးသင့္သူမ်ားကိုေတြ႕ဆုံ၍ အားေပးစကားေျပာၾကားၿပီး ဆန္ရိကၡာႏွင့္ အေျခခံစားေသာက္ကုန္မ်ားကိေထာက္ပံ့ေပးအပ္ခဲ့ေၾကာင္း သိရသည္။ #Popular


လေးမျက်နှာမြို့နယ်မှ ရေဘေးသင့်သူများကို ဆန်ရိက္ခာအပါအဝင် ထောက်ပံ့ပစ္စည်းများပေးအပ်
======================
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ငဝန်ရေကာတာ တာဘောင်ကျိုးပေါက်မှုကြောင့် ရေဘေးသင့်ကာ ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ၌ခိုလှုံနေထိုင်နေကြရသူများအား ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာ ဝန်ရှိသူများက ထောက်ပံ့ပစ္စည်းများကိုစဥ်ဆက်မပြတ်ပေးအပ်လျက်ရှိကြောင်း သိရသည်။

ယမန်နေ့ သြဂုတ် ၃ ရက်ကလည်း တိုင်းဝန်ကြီးချုပ်ဦးအေးကျော်နှင့် တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ယာယီရေ ဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ ရေသန့်၊ ဆေးဝါးနှင့် စားသောက်ဖွယ်ရာများကိုပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါက်ကုန်းကျေးရွာကျောင်း တိုက်ရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင်ခိုလှုံနေထိုင်နေကြသော ရေ ဘေးသင့်သူများကိုလည်းတွေ့ဆုံကာအားပေးစကားပြောကြားပြီး ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်များကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထို့အတူ လေးမျက်နှာမြို့နယ်၊ ဒေါင့်ကြီးကျေးရွာကျောင်းတိုက်ဓမ္မာရုံရှိ ယာယီရေဘေးကယ်ဆယ်ရေးစခန်းတွင် ခိုလှုံနေထိုင်နေကြသော ရေဘေးသင့်သူများကိုတွေ့ဆုံ၍ အားပေးစကားပြောကြားပြီး ဆန်ရိက္ခာနှင့် အခြေခံစားသောက်ကုန်များကိထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ #Popular