အက္သလက္တီကို ကို အႏိုင္ယူၿပီး Snapdragon ဖလား ဆြတ္ခူးခဲ့တဲ့ မန္ယူ

အက္သလက္တီကို ကို အႏိုင္ယူၿပီး Snapdragon ဖလား ဆြတ္ခူးခဲ့တဲ့ မန္ယူ
===================
မန္ယူႏိုက္တက္အသင္းဟာ Snapdragon Cup ရာသီႀကိဳ ေျခစမ္းပြဲစဥ္မွာ အက္သလက္တီကို မက္ဒရစ္အသင္းကို (၂-၁) ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ပါတယ္။ မန္ယူအသင္းဟာ ပြဲအစ ၅ မိနစ္မွာတင္ ဦးေဆာင္ဂိုး စတင္ေပးခဲ့ရေပမဲ့ ဒုတိယပိုင္းမွာ တိုက္စစ္မႉး ဘ႐ိုင္ယန္ အမ္ဘူမိုရဲ႕ သြင္းဂိုး ၂ ဂိုးနဲ႔ ပြဲကို အေကာင္းဆုံး အႏိုင္လွည့္ေျပာင္းႏိုင္ခဲ့တာပါ။ မန္ယူအသင္းအတြက္ လူငယ္အကယ္ဒမီၾကယ္ပြင့္ေတြျဖစ္ၾကတဲ့ ရွီးယားေလးဆီးနဲ႔ ဂ်က္ဖလက္ခ်ာတို႔က ဂိုးဖန္တီးမႈေတြနဲ႔အတူ အေကာင္းဆုံး ေျခစြမ္းျပသႏိုင္ခဲ့ပါတယ္။
အက်သလက်တီကို ကို အနိုင်ယူပြီး Snapdragon ဖလား ဆွတ်ခူးခဲ့တဲ့ မန်ယူ
===================
မန်ယူနိုက်တက်အသင်းဟာ Snapdragon Cup ရာသီကြို ခြေစမ်းပွဲစဉ်မှာ အက်သလက်တီကို မက်ဒရစ်အသင်းကို (၂-၁) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ ပွဲအစ ၅ မိနစ်မှာတင် ဦးဆောင်ဂိုး စတင်ပေးခဲ့ရပေမဲ့ ဒုတိယပိုင်းမှာ တိုက်စစ်မှူး ဘရိုင်ယန် အမ်ဘူမိုရဲ့ သွင်းဂိုး ၂ ဂိုးနဲ့ ပွဲကို အကောင်းဆုံး အနိုင်လှည့်ပြောင်းနိုင်ခဲ့တာပါ။ မန်ယူအသင်းအတွက် လူငယ်အကယ်ဒမီကြယ်ပွင့်တွေဖြစ်ကြတဲ့ ရှီးယားလေးဆီးနဲ့ ဂျက်ဖလက်ချာတို့က ဂိုးဖန်တီးမှုတွေနဲ့အတူ အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။




