(၁၁)ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲ က်င္းပမည္

(၁၁)ႀကိမ္ေျမာက္ ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံၿပိဳင္ပြဲ က်င္းပမည္
=====================
ျမန္မာစီးပြားေရးေကာ္ပိုေရးရွင္းက အဓိကပံ့ပိုးကူညီၿပီး MAI ၊ မဂၤလာေလေၾကာင္းလိုင္း၊ A bank၊ Max Cementတို႔၏ ပါဝင္ပံ့ပိုးမႈျဖင့္ ျမန္မာႏိုင္ငံ႐ိုးရာလက္ေဝွ႔အဖြဲ႕ခ်ဳပ္ႏွင့္ Myanmar Martial Arts Group(MMAG)မွ ႏွစ္စဥ္မပ်က္က်င္းပလာခဲ့သည့္(၁၁)ႀကိမ္ေျမာက္ျမန္မာ့႐ိုးရာလက္ေဝွ႔ ကမာၻ႔ခ်န္ပီယံ ၿပိဳင္ပြဲႀကီးကို ဩဂုတ္လ ၉ ရက္(တနဂၤေႏြေန႔) မြန္းလြဲ၂ နာရီတြင္ ရန္ကုန္ၿမိဳ႕သိမ္ျဖဴလမ္းရွိ ျမန္မာ့႐ိုးရာလက္ေဝွ႔ခန္းမ၌ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္သည္။
“အလဲထိုးစနစ္”ကိုအသုံးျပဳသြားမည္ျဖစ္ရာ ဘက္လိုက္မႈမရွိဘဲ အျဖဴအမည္းသဲသဲကြဲကြဲျပတ္ျပတ္သားသားအႏိုင္ယူခ်င္ၾကသည့္ ကစားသမားမ်ား အတြက္စိန္ေခၚမႈျဖစ္သလို ပရိသတ္မ်ားအတြက္လည္း စကၠန႔္မလပ္ရင္ခုန္စိတ္လႈပ္ရွားၾကရမည့္ ပြဲႀကီးတစ္ပြဲလည္းျဖစ္သည္။
(၁၁)ႀကိမ္ေျမာက္ MLWC ၿပိဳင္ပြဲႀကီးတြင္ မ်ိဳးဆက္သစ္လူငယ္မ်ား၏ တက္ႂကြမႈႏွင့္ဝါရင့္ခ်န္ပီယံတို႔၏ ဂုဏ္သိကၡာထိန္းပြဲမ်ားကို ဟန္ခ်က္ညီညီ စီစဥ္ထားျခင္းျဖစ္သည္။ အားၿပိဳင္ၾကမည့္တြဲဆိုင္းေျခာက္ဆိုင္းလုံးသည္ မ်ိဳးဆက္သစ္လူငယ္လက္ေဝွ႔ေက်ာ္မ်ား၏ ေသြးသစ္စမ္းမႈမွစၿပီး ထိပ္သီးခ်န္ပီယံ မ်ား၏ ဂုဏ္သိကၡာထိန္းပြဲမ်ားအထိ စိတ္လႈပ္ရွားဖြယ္ရာစီစဥ္ထားသည္။
၅၃ ကီလိုတန္း ေလးခ်ီပြဲစဥ္၌ ေဒါင္းမိုက္ေသြး(Nine Lethwei)ႏွင့္ ေစာ႐ူဘီ(YMA)၊ ၆၅ ကီလိုတန္း ေလးခ်ီပြဲစဥ္၌ ကရင္ေအာင္လံဆုရွင္ ေအာင္ကိုလတ္(Ray)ႏွင့္ ေစာထိန္လင္း(555 Sports)၊ ၅၆ ကီလိုတန္း ငါးခ်ီပြဲစဥ္၌ MLWC ေ႐ႊတံဆိပ္ရွင္ ဆလိုင္းထန္ခြီးရွိန္(က်ားမႏိုင္)ႏွင့္ Sky Net ေ႐ႊေအာင္လံဒုတိယဆု၊ SEA Games ေၾကးတံဆိပ္ဆုရွင္ဟိန္းထြန္းေအာင္(ေခးယူးဝါး)၊ ၆၀ ကီလိုတန္း ငါးခ်ီပြဲစဥ္၌ MLWC ေ႐ႊခါးပတ္ခ်န္ပီယံ အဲမြီ(အဲကေညာ)ႏွင့္ Sky Net ေ႐ႊေအာင္လံဆုရွင္ သန႔္ဇင္(ပိုင္သြန္ေတာ္ဝင္ဧရာ)၊ ၆၇ ကီလိုတန္း ငါးခ်ီပြဲစဥ္၌ MLWC ေ႐ႊတံဆိပ္ရွင္ ႏိုင္ဝင္းထြန္း(Nine Lethwei)ႏွင့္ ကရင္ေအာင္လံဆုရွင္ ကမာၻရွား(ဇာထက္မိတၳီလာ)၊ ၇၅ ကီလိုတန္း ငါးခ်ီစိန္ေခၚပြဲႀကီးတြင္ ထြန္းမင္းေအာင္(Top One)ႏွင့္ ရာမန္(႐ိုးရာစြမ္းအား)တို႔ ယွဥ္ၿပိဳင္ထိုးသတ္ၾကမည္ျဖစ္ေၾကာင္းသိရသည္။ #MWD
(၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲ ကျင်းပမည်
=====================
မြန်မာစီးပွားရေးကော်ပိုရေးရှင်းက အဓိကပံ့ပိုးကူညီပြီး MAI ၊ မင်္ဂလာလေကြောင်းလိုင်း၊ A bank၊ Max Cementတို့၏ ပါဝင်ပံ့ပိုးမှုဖြင့် မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် Myanmar Martial Arts Group(MMAG)မှ နှစ်စဉ်မပျက်ကျင်းပလာခဲ့သည့်(၁၁)ကြိမ်မြောက်မြန်မာ့ရိုးရာလက်ဝှေ့ ကမ္ဘာ့ချန်ပီယံ ပြိုင်ပွဲကြီးကို ဩဂုတ်လ ၉ ရက်(တနင်္ဂနွေနေ့) မွန်းလွဲ၂ နာရီတွင် ရန်ကုန်မြို့သိမ်ဖြူလမ်းရှိ မြန်မာ့ရိုးရာလက်ဝှေ့ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
“အလဲထိုးစနစ်”ကိုအသုံးပြုသွားမည်ဖြစ်ရာ ဘက်လိုက်မှုမရှိဘဲ အဖြူအမည်းသဲသဲကွဲကွဲပြတ်ပြတ်သားသားအနိုင်ယူချင်ကြသည့် ကစားသမားများ အတွက်စိန်ခေါ်မှုဖြစ်သလို ပရိသတ်များအတွက်လည်း စက္ကန့်မလပ်ရင်ခုန်စိတ်လှုပ်ရှားကြရမည့် ပွဲကြီးတစ်ပွဲလည်းဖြစ်သည်။
(၁၁)ကြိမ်မြောက် MLWC ပြိုင်ပွဲကြီးတွင် မျိုးဆက်သစ်လူငယ်များ၏ တက်ကြွမှုနှင့်ဝါရင့်ချန်ပီယံတို့၏ ဂုဏ်သိက္ခာထိန်းပွဲများကို ဟန်ချက်ညီညီ စီစဉ်ထားခြင်းဖြစ်သည်။ အားပြိုင်ကြမည့်တွဲဆိုင်းခြောက်ဆိုင်းလုံးသည် မျိုးဆက်သစ်လူငယ်လက်ဝှေ့ကျော်များ၏ သွေးသစ်စမ်းမှုမှစပြီး ထိပ်သီးချန်ပီယံ များ၏ ဂုဏ်သိက္ခာထိန်းပွဲများအထိ စိတ်လှုပ်ရှားဖွယ်ရာစီစဉ်ထားသည်။
၅၃ ကီလိုတန်း လေးချီပွဲစဉ်၌ ဒေါင်းမိုက်သွေး(Nine Lethwei)နှင့် စောရူဘီ(YMA)၊ ၆၅ ကီလိုတန်း လေးချီပွဲစဉ်၌ ကရင်အောင်လံဆုရှင် အောင်ကိုလတ်(Ray)နှင့် စောထိန်လင်း(555 Sports)၊ ၅၆ ကီလိုတန်း ငါးချီပွဲစဉ်၌ MLWC ရွှေတံဆိပ်ရှင် ဆလိုင်းထန်ခွီးရှိန်(ကျားမနိုင်)နှင့် Sky Net ရွှေအောင်လံဒုတိယဆု၊ SEA Games ကြေးတံဆိပ်ဆုရှင်ဟိန်းထွန်းအောင်(ခေးယူးဝါး)၊ ၆၀ ကီလိုတန်း ငါးချီပွဲစဉ်၌ MLWC ရွှေခါးပတ်ချန်ပီယံ အဲမွီ(အဲကညော)နှင့် Sky Net ရွှေအောင်လံဆုရှင် သန့်ဇင်(ပိုင်သွန်တော်ဝင်ဧရာ)၊ ၆၇ ကီလိုတန်း ငါးချီပွဲစဉ်၌ MLWC ရွှေတံဆိပ်ရှင် နိုင်ဝင်းထွန်း(Nine Lethwei)နှင့် ကရင်အောင်လံဆုရှင် ကမ္ဘာရှား(ဇာထက်မိတ္ထီလာ)၊ ၇၅ ကီလိုတန်း ငါးချီစိန်ခေါ်ပွဲကြီးတွင် ထွန်းမင်းအောင်(Top One)နှင့် ရာမန်(ရိုးရာစွမ်းအား)တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်းသိရသည်။ #MWD




