
======================





အိမ်ရှင်ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် ကျော်စွာဝင်း
======================
ကျော်စွာဝင်း ဟာ ONE Friday Fights 167 ပြိုင်ပွဲမှာ အိမ်ရှင်ထိုင်းဖိုက်တာ ကိုမာဝတ်နဲ့ ယှဉ်ပြိုင်ထိုးသတ်သွားမယ့် လို့သိရပါတယ်။

အဆိုပါပွဲစဉ်ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၂၁ ရက်နေ့ မှာ ဘန်ကောက်မြို့၊ လုမ္ပဏီလက်ဝှေ့အားကစားကွင်း (Lumpinee Stadium) ယဉ်ပြိုင်ထိုးသတ်သွားရန် အတည်ပြုထားပါတယ်။

ကျော်စွာဝင်းဟာ ONE Friday Fights ပြိုင်ပွဲများတွင် စုစုပေါင်း ၃ ပွဲ ကစားထားပြီး ၂ ပွဲနိုင်၊ ၁ ပွဲရှုံး မှတ်တမ်းပိုင်ဆိုင်ထားပါတယ်။

ပြိုင်ဘက်ဖိုက်တာ ကိုမာဝတ်ဟာ စုစုပေါင်း (၅) ပွဲကစား ဆက်တိုက် ရှုံးနိမ့်ထားသဖြင့် လက်ရှိတွင် နိုင်ပွဲပြန်လည်ရရှိရန်အတွက် ရုန်းကန်လာမည့်ပွဲဖြစ်သည်။