ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ (၂၈-၇-၂၀၂၆)ရက္ေန႔ ေန႔လည္( ၂:၀၀ )နာရီ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ႏွင့္ ေတြ႕ဆုံပြဲ


ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ႕ၿဖိဳးေရးပါတီ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတုံၿမိဳ႕နယ္ (၂၈-၇-၂၀၂၆)ရက္ေန႔ ေန႔လည္( ၂:၀၀ )နာရီ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ႏွင့္ ေတြ႕ဆုံပြဲ
=========================
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕၊ ျပည္နယ္ျပည္ခိုင္ၿဖိဳးပါတီအစည္းအေဝးခန္းမ၌ ေန႔လည္ (၂း၀၀) နာရီအခ်ိန္တြင္ ျပည္ခိုင္ၿဖိဳးပါတီဌာနခ်ဳပ္မွ ပါတီအေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး လာေရာက္၍
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)ရွိ ျပည္နယ္ေခတၱဥကၠဌ ဦးေက်ာ္လွ၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္မ်ားမွ ပါတီေကာ္မတီဝင္မ်ားႏွင့္ ေတြ႕ဆုံကာ ပါတီလုပ္ငန္းညႇိႏႈိင္းအစည္းအေဝး က်င္းပခဲ့သည္။
ပါတီအေထြေထြအတြင္းေရးမႉးမွ အဖြင့္အမွာစကားေျပာၾကားရာ၌ ၂၀၂၅ ခုႏွစ္ အေထြေထြေ႐ြးေကာက္ပြဲ၌ ရွမ္း(အေရွ႕) ျပည္နယ္ပါတီေကာ္မတီ၏ ေအာင္ျမင္မႈအတြက္ ပါတီကိုယ္စား မွတ္တမ္းတင္ဂုဏ္ျပဳပါေၾကာင္း၊ လာမည့္ ပါတီညီလာခံအတြက္ ပါတီအဆင့္ဆင့္ ျပန္လည္ေ႐ြးခ်ယ္ဖြဲ႕စည္းရမည့္လုပ္ငန္းစဥ္မ်ားအား လမ္းၫႊန္မွာၾကားခဲ့ပါသည္။
ဆက္လက္၍ ျပည္နယ္ပါတီေခတၱဥကၠဌ ဦးစိုင္းေက်ာ္လွမွ ရွမ္း(အေရွ႕) ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီမ်ား ဖြဲ႕စည္းထားရွိမႈႏွင့္ ပါတီလုပ္ငန္း ေဆာင္႐ြက္ခ်က္မ်ားအား တင္ျပခဲ့ပါသည္။
တက္ေရာက္လာၾကေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ျပည္နယ္/ခ႐ိုင္/ၿမိဳ႕နယ္ ပါတီေကာ္မတီဝင္မ်ားမွ အေထြေထြလိုအပ္ခ်က္မ်ားအား တင္ျပေဆြးေႏြးခဲ့ၾကရာ ျပည္ခိုင္ၿဖိဳးပါတီအေထြေထြအတြင္းေရးမႉးမွ ျပန္လည္ေျဖၾကားညႇိႏႈိင္းေပးခဲ့ၿပီး ညေန (၄:၁၅)နာရီ အခ်ိန္တြင္ ေတြ႕ဆုံပြဲကို ေအာင္ျမင္စြာၿပီးေျမႇာက္ခဲ့ပါသည္။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် (၂၈-၇-၂၀၂၆)ရက်နေ့ နေ့လည်( ၂:၀၀ )နာရီ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး နှင့် တွေ့ဆုံပွဲ
=========================
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပြည်နယ်ပြည်ခိုင်ဖြိုးပါတီအစည်းအဝေးခန်းမ၌ နေ့လည် (၂း၀၀) နာရီအချိန်တွင် ပြည်ခိုင်ဖြိုးပါတီဌာနချုပ်မှ ပါတီအထွေထွေအတွင်းရေးမှူး ဦးသောင်းအေး လာရောက်၍
ရှမ်းပြည်နယ် (အရှေ့ပိုင်း)ရှိ ပြည်နယ်ခေတ္တဥက္ကဌ ဦးကျော်လှ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ ပါတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
ပါတီအထွေထွေအတွင်းရေးမှူးမှ အဖွင့်အမှာစကားပြောကြားရာ၌ ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ ရှမ်း(အရှေ့) ပြည်နယ်ပါတီကော်မတီ၏ အောင်မြင်မှုအတွက် ပါတီကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း၊ လာမည့် ပါတီညီလာခံအတွက် ပါတီအဆင့်ဆင့် ပြန်လည်ရွေးချယ်ဖွဲ့စည်းရမည့်လုပ်ငန်းစဉ်များအား လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ ပြည်နယ်ပါတီခေတ္တဥက္ကဌ ဦးစိုင်းကျော်လှမှ ရှမ်း(အရှေ့) ပြည်နယ်/ခရိုင်/မြို့နယ် ပါတီကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် ပါတီလုပ်ငန်း ဆောင်ရွက်ချက်များအား တင်ပြခဲ့ပါသည်။
တက်ရောက်လာကြသော လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်နယ်/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များမှ အထွေထွေလိုအပ်ချက်များအား တင်ပြဆွေးနွေးခဲ့ကြရာ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးမှူးမှ ပြန်လည်ဖြေကြားညှိနှိုင်းပေးခဲ့ပြီး ညနေ (၄:၁၅)နာရီ အချိန်တွင် တွေ့ဆုံပွဲကို အောင်မြင်စွာပြီးမြှောက်ခဲ့ပါသည်။




